ပျားတွေမရှိတော့ရင် ဖြစ်လာနိုင်သည့် အခက်အခဲများ

Knowledge Nature

ပျားတွေဟာ ကျွန်တော် တို့ကို တခါတရံမှာ ဒုက္ခပေးနိုင်ပေမည့် သူတို့တွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

ပျော်ပွဲစား ထွက်တဲ့နေ့တွေမှာ ကျွန်တော်တို့ အနေနဲ့ မြက်ခင်းပြင်ပေါ် စောင်​ခင်းပြီး အသားညှပ်ပေါင်မုန့်တွေ ၊ အသီးသုပ်တွေ နဲ့ ချယ်ရီမုန့်တို့ကို ချလိုက်ပီ ဆိုတာနဲ့ မိနစ် အနည်းငယ် အကြာမှာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ကို တွေ့ရပါလိမ့်မယ်။

ပျားတစ်ကောင်က ကျွန်တော်တို့ ခေါင်းတစ်ဝိုက်မှာ ပျံဝဲနေပြီး အားလုံးကို ကြောက်အောင် ပြုလုပ်ပါလိမ့်မယ်။

ကျွန်တော်တို့ဟာ ပျံဝဲနေတဲ့ပျားတွေကို ရှူးဖိနပ်နဲ့ ရိုက်ချင်တဲ့ စိတ် ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီထက်ကောင်းတဲ့ နည်းလမ်းကို ကျွန်တော်တို့အနေနဲ့ စဥ်းစားသင့်ပါတယ်။

အမေရိကန်ပြည်ထောင်စုရှိ ပျားကောင်ရေ ၂.၆ သန်း၏ ၂၁.၇ ရာခိုင်နှုန်းကို အခြေခံ၍ United States Department of Agriculture (USDA) ရဲ့ စစ်တမ်းကောက်ထားတဲ့ ရလဒ်အရ ၂၀၁၃-၂၀၁၄ ဆောင်းရာသီမှာ ပျားကောင်ရေ ၂၃ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ရတာကို တွေ့ရပါတယ်။

ယခင် ဆောင်းရာသီက ပိုဆိုးပြီး ၃၀ ရာခိုင်နှုန်း အထိ သေဆုံးတာကို တွေ့ရတယ်ဟု ဆိုပါတယ်။

ပျားတွေဟာ အန္တရယ်တွေဘဲ ပေးတက်တဲ့ သတ္တဝါတွေ မဟုတ်ပါဘူး။

Hymenopteraထဲမှာ ပါဝင်တဲ့ ပျားတွေဟာ မျိုးစိတ်ပေါင်း ၂၀၀၀၀ ကျော်ရှိပြီး ကျွန်တော်တို့ သိတဲ့ အတိုင်း ပျားတွေဟာ သဘာဝ ပတ်ဝန်းကျင်အတွက် အလွန် အရေးကြီးပါတယ်။

ဒါကြောင့် ပျားတွေအားလုံးမရှိတော့ရင် ဘာတွေဆက်ဖြစ်ကြမလဲ။

ပျားတွေဟာ အစာအတွက် အပင်တွေကနေ ပန်းဝတ်မှုံ နဲ့ ဝတ်ရည်တွေကို မှီခိုနေကြပါတယ်။

ပန်းဝတ်ရည်တွေဟာ ပျားရည်အဖြစ် ပြောင်းလဲသွားပြီး ဝတ်မှုံတွေကတော့ ပျားတွေ တစ်ပင်ကနေ တစ်ပင် ပျံသန်းရင်း အ ပြန်အလှန် ဝတ်မှုံကူးကြပါတယ်။

illustration

အမှန်တော့ ပျား​တွေဟာ ပန်းသီး ၊ ထောပတ်သီး၊ သခွားသီး၊ အခွံမာသီးများ နှင့်အခြားအရာများ အပါအ၀င် ကမ္ဘာပေါ်ရှိ ထိပ်တန်းသီးနှံ ၁၀၀ တွင် ၇၀ ရာခိုင်နှုန်းကို ဝတ်မှုန်ကူးပေးကြပါတယ်။

ကျွန်တော်တို့ စားသုံးနေကြတဲ့ အစားအစာ​တွေရဲ့ မတူကွဲပြားတဲ့ အရသာတွေ နှင့် အာဟာရအစိတ်အပိုင်းများစွာဟာ ပျားတွေနဲ့ တိုက်ရိုက်ပတ်သတ်နေပါတယ်။

ပျား​တွေဟာ စိုက်ပျိုးရေးအတွက် အရေးပါသော အခန်းကဏ္ဍက မပါဝင် ပါက ကမ္ဘာ့ စားနပ်ရိက္ခာ ထောက်ပံ့​ရေး အတွက် ဒုက္ခရောက်​​စေပါလိမ့်မယ်။

ခန့်မှန်းခြေအားဖြင့် ကျွန်ုပ်တို့ စားသုံး​နေတဲ့ အစားအစာ အားလုံးရဲ့ သုံးပုံ တစ်ပုံခန့်ဟာ ပျားတွေ အ​ပေါ် မှီခိုနေရပါတယ်။

ဥပမာအနေနဲ့ ဗာဒံစေ့တွေဟာ ဝတ်မှုံကူးရေးအတွက် ပျားတွေကို လုံးဝ မှီခိုအားထားကြပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် တခုထဲ အတွက်ကို ဗာဒံစေ့လို အသီးအနှံတွေ အောင်မြင်စွာ ဝတ်မှုံ ကူးနိုင်ရန် ပျားပေါင်း ၁.၄ သန်း အထိ လိုအပ်ပါတယ်။

ပျားတွေမရှိလျှင် ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာထောက်ပံ့မှု ဟာလည်း နည်းပါးပါလိမ့်မည်။

လူသားတွေဟာ မျိုးတုံးမသွားနိုင်သော်လည်း အထူးသဖြင့် ကျွန်တော်တို့ လက်ရှိစားသုံးနေသော အစားအစာများအတွက် သီးနှံများကို ဝတ်မှုံကူးရန် ပျားများကို သေချာပေါက်လိုအပ်ပါတယ်။

စိုက်ပျိုးရေးနည်းလမ်းအသစ်များ မဖွံ့ဖြိုးမချင်း စီးပွားရေး ကျပ်တည်းမှု နှင့် အငတ်ဘေးကို ကာကွယ်နိုင်မည့် နည်းလမ်းသစ်များကို ရှာဖွေသင့်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 17/9/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *