ရုပ်ကြွင်းလောင်စာများ ကုန်ဆုံးသွားရင် ဖြစ်လာနိုင်မည့် အကြောင်းများ

Knowledge Nature

ရေနံ၊ ကျောက်မီးသွေးနဲ့ သဘာဝ ဓာတ်ငွေ့တွေက ကျွန်တော်တို့ မတိုင်ခင် ကတည်းက ရှိနေပြီး ကျွန်တော်တို့ ထွက်သွားပြီးတဲ့ အခါမှာလည်း ဒီနေရာမှာရှိနေမှာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒါတွေကို အမြဲတမ်း ဒါမှမဟုတ် မကြာမီအနာဂတ်မှာတောင် ဆက်သုံးနိုင်တယ်လို့ မဆိုလိုပါဘူး။

ကမ္ဘာ့ မျက်နှာပြင် ပေါ်ရှိ ကျောက်မီးသွေးနဲ့ အပေါဆုံးရရှိနိုင်တဲ့ အရန် သယံဇာတတွေကို ကျွန်တော်တို့ ထုတ်ယူပြီး သို့မဟုတ် ကုန်ဆုံးပြီး ဖြစ်နေပါပြီ။

ယခုမေးခွန်းမှာ သတ္တုတူးဖော်ရေးနည်းပညာဟာ ကျွန်တော်တို့ရဲ့ဆန္ဒကို အမီလိုက်နိုင်မှာလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

မပျက်စီးသေးသရွေ့ ကျွန်တော်တို့က ရုပ်ကြွင်းလောင်စာတွေကို သုံးခွင့်ရလိမ့်မှာဖြစ်ပါတယ်။ ပြီးတော့ အဲဒါကအန္တရာယ်ရှိတဲ့ အခြေအနေပါ။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ရုပ်ကြွင်းလောင်စာတွေ အပေါ် ပိုမို မှီခိုနေ လေလေ ကျွန်တော်တို့ရဲ့ ဆန္ဒတွေဟာ ပိုပြီးကြီးမားလာလေလေပါပဲ။

မြင့်မားတဲ့ဖိအားမှာ နုန်းကျောက်တွေထဲကို ရေတွေထိုးသွင်းပြီး အတွင်း၌ ပိတ်မိနေတဲ့ သဘာဝဓာတ်ငွေ့တွေကို ထုတ်လွှတ်ခြင်းဖြင့် ကျွန် တော်တို့ အရင်ကမရနိုင်တဲ့ သဘာဝ ဓာတ်ငွေ့ အရင်းအမြစ်တွေကို စုဆောင်းနိုင်စေတဲ့ နည်းပညာအသစ် ဖြစ်တဲ့ hydraulic fracking ကို စဥ်းစားကြည့်ပါ။

လက်တွေ့မှာ သဘာဝ သယံဇာတများကို စျေးနှုန်းချိုသာစွာဖြင့် သိုလှောင်ထားနိုင်ခဲ့ပြီး နောက်ထပ် စီးပွားရေး တိုးတက်မှုက ရုပ်ကြွင်းလောင်စာပေါ် မူတည်နေရအောင် သေချာကူညီပေးပါတယ်။

Fracking နည်းပညာဟာ သဘာဝ ပတ်ဝန်းကျင် ကုန်ကျစရိတ်နဲ့လည်း သက်ဆိုင်ပါတယ်။ လုပ်ငန်းစဉ်ဟာ ရေပမာဏအများအပြားကိုအသုံးပြုပြီး အများစုကို ပြန်လည်မရရှိနိုင်ပါဘူး။

၎င်းသည် ပင်ဆယ်ဗေးနီးယားရှိ ညစ်ညမ်းတဲ့ မြေအောက်ရေနှင့် ဥက္ကလာဟိုးမားရှိ ငလျင်တွေနဲ့လည်း ဆက်စပ်နေပါတယ်။

ဒါပေမယ့် ရုပ်ကြွင်းလောင်စာတွေ ကုန်ခမ်းသွားတာကြောင့်မဟုတ်ပဲ သတ္တုတူးဖော်ရေးကို ဆုံးဖြတ်တဲ့လူတွေက သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုကို ဖြစ်စေလွန်းတာကြောင့် လောင်စာတွေက အရမ်းစျေးကြီးပါတယ်။

အနာဂါတ် ခန့်မှန်းချက်အရ ကမ္ဘာ့စီးပွားရေးနဲ့ လူဦးရေတိုးပွားမှုဟာ နည်းပညာက လိုက်မမှီနိုင်တော့တဲ့ ဝယ်လိုအားကို ဖြစ်ပေါ်စေပါတယ်။

အဲဒီ့အချိန်တွင် လျှပ်စစ်ဓာတ်အားကို ခွဲဝေပေးရပြီး ဓာတ်ဆီတစ်ဂါလံဟာ ကားတစ်စီးစာလောက် ကုန်ကျနိုင်တာကြောင့် ကျောက်မီးသွေးနဲ့ ရေနံလောင်စာသုံးဓာတ်အားပေးစက်ရုံတွေကို ရပ်ဆိုင်းလိုက်ရမှာ ဖြစ်ပါတယ်။

ပြန်လည် ပြည့်ဖြိုးမြဲ အရင်းအမြစ်တွေမှ စွမ်းအင်ကွာဟချက်ကို ဖြည့်ပေးနိုင်တယ်ဆိုတာကို တွေးတော ကြည့်ရတာကောင်းပါတယ်။

ဒါပေမယ့် ဥပမာအားဖြင့် ဆိုလာနဲ့ လေစွမ်းအင်တို့ဟာ အထွက်နည်းပြီး ကုန်ကျစရိတ်မြင့်မားတဲ့ ဓာတ်အား အရင်းအမြစ်တွေ ဖြစ်တာကြောင့် ကျွန်တော်ဆို့ အခုသုံးစွဲနေသလို ရုပ်ကြွင်းလောင်စာတွေကို အစားထိုးလို့မရပါဘူး။

ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာထောက်ပံ့မှုများ ဆိုးရွားစွာကျဆင်းသွားချိန်၌ အစိုးရများဟာ စျေးသက်သက်သာသာနဲ့ ထိရောက်တဲ့ နျူကလီးယားစွမ်းအင်ဘက်ကို ပိုလှည့်လာနိုင်ခြေရှိပါတယ်။

၂၀၁၅ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ နျူကလီးယားစက်ရုံ ၄၄၃ ခုဟာ ကမ္ဘာ့လျှပ်စစ်ဓာတ်အားရဲ့ ၁၁ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးနေခဲ့ပါတယ်။

အကယ်၍ နျူကလီးယားစက်ရုံတွေက လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်းအတွက် ထောက်ပံ့ပေးနိုင်ပြီး ဓာတ်အားပေးစက်ရုံတစ်ခုချင်းစီရဲ့ ထွက်နှုန်းဟာ တည်မြဲနေမယ်ဆိုရင် လက်ရှိစွမ်းအင်သုံးစွဲမှုအဆင့်သို့ရောက်ရန် စက်ရုံသစ် ၄၀၀၀ ခန့် တည်ဆောက်ရလိမ့်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အနာဂတ်တွင် စွမ်းအင်ပိုလိုချင်နေကြတဲ့တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီးအပါအဝင် ပိုကြီးမားတဲ့လူဦးရေဟာ စက်ရုံသစ် ၅၀၀၀ အထိ မြင့်တက်စေနိုင်ပါတယ်။

ဒါကတော့ အပျက်သဘော အနည်းငယ် ရရှိဖို့ စတင်ခဲ့တဲ့နေရာပါ။

နျူကလီးယား ဓာတ်အားပေး စက်ရုံတွေက ကျွန်တော်တို့ကို လျှပ်စစ်ဓာတ်အား ဖြည့်ပေးမှာဖြစ်ပေမယ့် သူတို့က ကျွန်တော်တို့ရဲ့ စွမ်းအင်ပြဿနာအားလုံးကို ကြာရှည်စွာဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

တစ်ချက်မှာ ကျွန်တော်တို့ရဲ့ အဓိကသယ်ယူပို့ဆောင်ရေးစနစ်တွေဟာ ရုပ်ကြွင်းလောင်စာတွေကိုသုံးပါတယ်။ ၎င်းတွင် ကုန်တင်ကားများ၊ မီးရထားနဲ့ ပင်လယ်ကုန်စည်များသယ်ယူပို့ဆောင်ရေးတို့ ပါဝင်ပါတယ်။

ဒီဇယ်မရှိရင် အကြီးစား နိုင်ငံတကာ ကုန်သွယ်မှုက တော်တော်လေးကျပ်တည်းလိမ့်မှာဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ရေးယာဉ်တွေက လျှပ်စစ်ရထား သို့မဟုတ် လျှပ်စစ်ကားတွေသို့ အလျင်အမြန်ကူးပြောင်းသွားနိုင်သော်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဟာ ကြီးမားတဲ့ ကွန်တိန်နာ သင်္ဘောတွေကို စွမ်းအားမဖြည့်နိုင်ပါဘူး။ (အခုတော့ နော်ဝေမှာ လျှပ်စစ် စွမ်းအင်သုံး ကွန်တိန်နာ သင်္ဘောကို စမ်းသပ်နေပါတယ်)

နိုင်ငံတကာ ကုန်သွယ်ရေးဟာ ရပ်တန့်သွားလိမ့်မှာ ဖြစ်ပြီးတော့ နိုင်ငံခြားကုန်ပစ္စည်းများမှာ မတန်တဆစျေးကြီးလာတာ ဒါမှမဟုတ် မရရှိနိုင်တော့တာ ဖြစ်လာနိုင်ပါတယ်။

နိုင်ငံတကာကုန်သွယ်မှုကိုမှီခိုတဲ့ နိုင်ငံတွင်းစီးပွားရေးဟာ နက်နက်ရှိုင်းရှိုင်း ကျဆင်း သွားလိမ့်မှာ ဖြစ်ပါတယ်။ အဲဒါ ဟာ ပိုဆိုးလာပါတယ်။

နျူကလီးယားဓာတ်အားပေးစက်ရုံတွေက ကျွန်တော်တို့ရဲ့လျှပ်စစ်စွမ်းအင် ပြသနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ တွေးတောကြည့်ဖူးလား။

၂၀၁၅ တွင် ကမ္ဘာတစ်ဝှမ်းလုံးတွင် တည်ဆောက်နေတဲ့ စက်ရုံ ၆၆ ရုံရှိပြီး စက်ရုံတစ်ခုစီတည်ဆောက်ရန် ၅ နှစ်ကနေ ၈နှစ်အထိ ကြာပါတယ်။

ကံမကောင်းစွာနဲ့ ကမ္ဘာ့ လျှပ်စစ် လိုအပ်ချက်ကို ဖြည့်ဆည်းရန် နောက်ထပ် စက်ရုံ ၄,၉၄၄ ရုံ လိုအပ်ပါတယ်။

နျူကလီးယား ဓာတ်အားပေး စက်ရုံ ကုန်ကျစရိတ်က ဘယ်လောက် ဖြစ်မလဲဆိုတာဟာ စီးပွားရေးဆိုင်ရာ လျှို့ဝှက်ချက်တစ်ခုဖြစ်သော်လည်း ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၅ ဘီလီယံ ကနေ ၆ ဘီလီယံလောက် ရှိပါတယ်။

စက်ရုံတစ်ခုတည်ဆောက်ဖို့ ဒေါ်လာ ၅ ဘီလီယံ လောက် ကုန်ကျမယ်ဆိုရင် ကမ္ဘာကြီးရဲ့ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဒေါ်လာ ၂၄.၇ ထရီလီယံလောက် ကုန်ကျလိမ့်မယ်။

ဒါပေမယ့် သူတို့ရဲ့ပျက်ပြားသွားတဲ့ စီးပွားရေးတွေကြောင့် နိုင်ငံအများစုက စက်ရုံတစ်ခုတည်ဆောက်ဖို့ ဆင်းရဲလွန်းပါတယ်။

ပြင်သစ်၊ ဆလိုဗေးကီးယား၊ ဟန်ဂေရီနဲ့ ယူကရိန်းကဲ့သို့ နျူကလီးယားစွမ်းအင်အပေါ် အကြီးအကျယ်မှီခိုနေတဲ့နိုင်ငံတွေဟာ စက်ရုံတွေများများဆောက်နိုင်အောင် သူတို့ရဲ့ကျွမ်းကျင်မှုတွေကိုသုံးပြီး ရောင်းတာတင်မကဘဲ သူတို့ရဲ့ကိုယ်ပိုင်ထွက်ကုန်တွေကို အိမ်နီးချင်းတွေကို ရောင်းဖို့ပါ အားသာချက်တစ်ခုအနေနဲ့ ရှိနေလိမ့်မှာဖြစ်ပါတယ်။

နျူကလီးယားစွမ်းအားဆီသို့ ဦးတည်နေသည့်တိုင် ကမ္ဘာ့စီးပွားရေးပျက်ပြားသွားပါတယ်။

စက်မှုခေတ်ရဲ့ ဆည်းဆာအချိန်ရဲ့ရလဒ်ကို ခန့်မှန်းရခက်ပေမယ့် ခန့်မှန်းလို့ရတဲ့နေရာနှစ်ခုကတော့ အစားအစာနဲ့ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တွင် အမေရိကန်သည် သူ့ရဲ့အစားအစာ ၁၇ ရာခိုင်နှုန်းခန့်ကို တင်သွင်းခဲ့ပါတယ်။

ငတ်မွတ်ခေါင်းပါးမှု အများကြီး ရှိမှာမဟုတ်ပေမယ့် ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်ရေး ဖြတ်တောက်မှုဟာ ကျွန်တော်တို့ စားသုံးတဲ့ ပုံစံကို အကြီးအကျယ် ပြောင်းလဲ စေလိမ့်မှာဖြစ်ပါတယ်။

ဆောင်းရာသီတွင် မက္ကဆီကို ခရမ်းချဉ်သီး၊ နွေဦးတွင် အာဂျင်တီးနားပန်းသီးများ ရှိတော့မှာမဟုတ်ပါဘူး။ ကမ်းခြေနံဘေးမှာနေပြီး ရွက်လွှင့်လှေတစ်စီး ပိုင်ဆိုင်တာမှ မဟုတ်ရင် ဆူရှီတွေလည်း ရတော့မှာမဟုတ်တော့ပါဘူး။

အစားအစာထုတ်လုပ်မှုအမြောက်အများဟာ ဒေသတွင်းထုတ်ပဲ ဖြစ်မှာဖြစ်ပါတယ်။

သင် အမေရိကန် မြောက်ဒါကိုတာမှာ နေထိုင်တယ်ဆိုရင် ပဲတွေစားတာ တကယ်ကို အကျင့်ဖြစ်သွားလိမ့်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆို မုန့်ဟင်းခါးစား ကြတာပေါ့။

ထုပ်ပိုးရန်နဲ့ အစားအစာကိုထိန်းသိမ်းရန် ကျွန်တော်တို့သုံးတဲ့ ပလတ်စတစ်တွေဟာ ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရာတွင် သုံးရန် အလွန် စျေးကြီးလာမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ပါက ရေခဲသေတ္တာများ လည်ပတ်ရန် အလွန် စျေးကြီးသွားစေနိုင်ပါတယ်။

လူတွေဟာ အစားအစာအရင်းအမြစ်တွေနဲ့ ပိုမိုနီးကပ်စွာနေထိုင်ရန် ကျေးလက်ဒေသတွေသို့ ပြောင်းရွှေ့သွားကြသဖြင့် မြို့ကြီးတွေဟာ လူဦးရေဆုံးရှုံးသွားလိမ့်မှာဖြစ်ပါတယ်။

စွန့်ပစ်ထားတဲ့ မြို့ပြဧရိယာများကို သဘာဝဖြင့် ပြန်လည်သိမ်းယူရန် သို့မဟုတ် အလွန်လိုအပ်နေတဲ့ လယ်ယာမြေများ အဖြစ်သို့ ပြောင်းလဲလိမ့်မှာဖြစ်ပါတယ်။

ရုပ်ကြွင်း လောင်စာတွေ လောင်ကျွမ်းခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်စေပြီး ကာဗွန်ထုတ်လွှတ်မှု လျော့နည်းတဲ့ အတွက်ကြောင့် အကျိုးဆက်မှာ ရာသီဥတုပြောင်းလဲမှုကို ရပ်တန့်စေလိမ့်မှာဖြစ်ပါတယ်။

ငါးဖမ်းလုပ်ငန်းရပ်ဆိုင်းလိုက်တာကြောင့် ငါးအရေအတွက် ပြန်လည်မြင့်တက်လာမယ့် သွယ်ဝိုက်အကျိုးကျေးဇူးများလည်းရှိပါတယ်။

သတ္တုတူးဖော်ရေးမှ ရေညစ်ညမ်းမှုဟာ အဆုံးသတ်သွားလိမ့်မှာဖြစ်ပြီး ရေနံမှမပျက်စီးနိုင်တဲ့ထုတ်ကုန်များ ထုတ်လုပ်နိုင်စွမ်းမရှိတော့ရင် အမှိုက်ထုတ်လုပ်မှုဟာလည်း ရပ်တန့်သွားလိမ့်မှာဖြစ်ပါတယ်။

အသေးစားဆိုလာ၊ လေနဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်တွေဟာ နိုင်ငံတိုင်း အတွက် စံလိုအပ်ချက်များ ဖြစ်လာလိမ့်မှာဖြစ်ပါတယ်။

ရုပ်ကြွင်းလောင်စာတွေဆုံးရှုံးခြင်းဟာ စိတ်မချမ်းမြေ့စရာ ဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း ထွက်ပေါ်လာတဲ့ သေးငယ်တဲ့ နည်းပညာအဆင့်မြင့်တဲ့ စိုက်ပျိုးရေးအဖွဲ့အစည်းဟာ သိပ်မကောင်းတာတော့ မဟုတ်ပါဘူး။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *