ကမ္ဘာမှာ လနှစ်ခုရှိခဲ့ရင် ဖြစ်လာနိုင်မယ့် အကြောင်းများ

Knowledge Nature

“The tide is high but I’m holdin’ on” ဆိုတာဟာ ပြန်လည် သီဆိုထားတဲ့ သီချင်းထဲက စာသား ဖြစ်သော်လည်း ၁၉၆၇ ခုနစ်က မူရင်းထက် သိသိသာသာ ပိုရောင်းရတဲ့ ၁၉၈၀ မှ Blondie သီချင်းရဲ့ ပထမဆုံး စာကြောင်းဖြစ်ပါတယ်။

ကမ္ဘာက ရုတ်တရက် လနှစ်စင်း ရှိခဲ့မယ်ဆိုရင် ဒါဟာ လူ့အဖွဲ့အစည်းရဲ့ ဆောင်ပုဒ် တေးဂီတအသစ် ဖြစ်လာနိုင်ပါတယ်။

ဒီသီချင်းက ကမ္ဘာမြေရဲ့အသစ်ဖြစ်လာမယ့် မြင့်တက်နေပြီး ခန့်မှန်းမရတဲ့ ဒီရေကို လုံးလုံးလျားလျား ကိုယ်စားပြုတယ်လို့ Maine တက္က သိုလ်မှ ရူပဗေဒပါမောက္ခနဲ့ ကမ္ဘာကြီးက လနှစ်စင်းရှိခဲ့ရင် ဘာဖြစ်မလဲဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူဖြစ်တဲ့ Neil Comins ရဲ့ အဆိုအရသိရပါတယ်။

ပထမဦးစွာ နောက်ခံသမိုင်းအရ နာဆာသိပ္ပံပညာရှင်တွေက ကျွန်ုပ်တို့ရဲ့ လက်ရှိလဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလီယံခန့်က ကြီးမားတဲ့ အင်္ဂါဂြိုဟ် အရွယ် အစိုင်အခဲတစ်ခုက ကမ္ဘာကို တိုက်မိတဲ့အခါ ဖွဲ့စည်းခဲ့တယ်လို့ ယူဆကြပါတယ်။

အာကာသထဲသို့ သက်ရောက်သွားတဲ့ လွင့်စင်မှုမှ အစိုင်အခဲဟာ ကမ္ဘာပတ်လမ်းကို စတင်ခဲ့ပြီး နောက်ဆုံးတွင်ကျွန်တော်တို့သိတဲ့ လဖြစ်ပေါ်လာပါတယ်။

ဒါဟာ ကျွန်တော်တို့ အများစုက ထပ်ခါထပ်ခါ သိချင်နေတဲ့အရာမဟုတ်ပါဘူး။

ဒုတိယမြောက်လရဲ့ ဆွဲငင်အား သက်ရောက်မှုတွေဟာ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ တွေ့ကြုံရဖို့ ဖြစ်နိုင်ချေ မရှိသော်လည်း သူ့ကိုထူးခြားစွာ ဖွဲ့စည်းပြီးရင်တော့ လူတွေအတွက် ပိုကောင်း လာလိမ့်မှာတော့ မဟုတ်ပါဘူး။

Comins ဟာ သူ့ရဲ့စာအုပ်၌ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို မျိုးသုဉ်း ပျောက်ကွယ်သွားစေမှာ မဟုတ်တဲ့ ကမ္ဘာရဲ့ဒုတိယမြောက်လကိုဖွဲ့စည်းခြင်းအတွက် ကွဲပြားတဲ့ လမ်းကြောင်းတစ်ခုကို ပုံစံ ရေးသားခဲ့ပါတယ်။

သူရဲ့ဒုတိယလဖြစ်တဲ့ Lluna ဟာ ကမ္ဘာနဲ့ လအကြား လမ်းတစ်ဝက်တွင် ကမ္ဘာကို လှည့်ပတ်နေပြီး ကမ္ဘာနဲ့ ကျွန်တော်တို့ရဲ့လက်ရှိလနဲ့ အချင်းချင်း ဆက်သွယ်မှု တည်ဆောက်ပြီးတာနဲ့ ပထမလရဲ့ ဆွဲငင်အား ကို ကြာရှည်စွာခံရလိမ့်မှာဖြစ်ပါတယ်။

ဒါပေမယ့် Lluna က သူ့ရဲ့ပတ်လမ်းထဲကိုရောက်နေတာနဲ့ ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ ကို ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ရှိလာစေမှာ ဖြစ်ပါတယ်။

လရဲ့ ဆွဲငင်အားဟာ ကျွန်တော်တို့ရဲ့ လက်ရှိဒီရေထက် ၈ ဆ ပိုမို မြင့်မားစေပြီး ယခင်က တွေ့ဖူးသမျှထက် ပိုကြီးတဲ့ ဒီရေလှိုင်းတွေကို ဖန် တီး လိမ့်မှာဖြစ်ပါတယ်။

ဒီရေလှိုင်းတွေက နှစ်ပေါင်းများစွာ ဆက်လက်ဖြစ်ပေါ်နေမယ့် ငလျင်တွေနဲ့ ပိုကြီးတဲ့ မီးတောင်ပေါက်ကွဲမှုတွေကို ဖြစ်ပေါ်စေပြီး နောက်ဆုံးတွင် အဏ္ဏဝါသက်ရှိတွေ အစုလိုက် အပြုံလိုက် မျိုးတုံး သွားစေနိုင်ပါတယ်။

အရာအားလုံး​​အေးချမ်းသွားရင် ဘဝက အရမ်းခြားနားသွားလိမ့်မှာဖြစ်ပါတယ်။

ညပိုင်းတွင် လပြည့်နှစ်စင်းနဲ့ အများကြီး ပိုတောက်ပနေမှာ ဖြစ်ပြီး ကျွန်တော်တို့မှာ အမှောင်ချိန် အနည်းငယ်သာ ရှိလိမ့်မှာဖြစ်ပါတယ်။

ကမ်းရိုးတန်းတလျှောက် တည်ဆောက်ထားတဲ့ နယူးယောက်၊ ဆန်ဖရန်စစ္စကို သို့မဟုတ် လန်ဒန်လိုမြို့တွေတောင်မှ ဒီရေတိုက်စား၍ အဆောက်အအုံတွေ ပျက်စီးလိမ့်မှာဖြစ်ပါတယ်။

Comins ရဲ့စာအုပ်ဟာ စိတ်ကူးယဉ် ဆန်သော်လည်း၊ အချို့သုတေသီတွေက ကမ္ဘာမှာ လ နှစ်စင်း သို့မဟုတ် တစ်ခါတစ်ရံတွင် လပေါင်းများစွာ ရှိပြီးဖြစ်တယ်လို့ ယူဆကြပါတယ်။

ဒီသိပ္ပံပညာရှင်တွေက အာကာသထဲကို ပြန်လည်လွင့်ထွက်မသွားမီ သီတင်းပတ် အနည်းငယ် ဒါမှမဟုတ် လအနည်းငယ်အတွင်းမှာ ကမ္ဘာပတ်ဝန်းကျင်ကို အကြိမ်ပေါင်းများစွာ လှည့်ပတ်နေတဲ့ သေးငယ်တဲ့ ဂြိုဟ်သိမ် ဂြိုဟ်မွှားလေးတွေ ရှိတယ်လို့ ကျွန်တော်တို့ ယူဆကြတယ်လို့ ပြောပါတယ်။

ဒီခဏတာ လည်ပတ်နေတဲ့ လတွေဟာ အလွန်သေးငယ်တာကြောင့် ၎င်းသည် ပျက်ဆီးခြင်း ဒါမှမဟုတ် အပြုသဘော သက်ရောက်မှုတွေ မရှိဘဲ ထပ်ခါထပ်ခါ ဖြစ်ပေါ်နေတယ်လို့လည်း သူတို့က ယုံကြည်ကြပါတယ်။

ပြီးတော့ စကြဝဠာထဲမှာ ကျွန်တော်တို့ကို နေရာပေးထားတာက လနှစ်ခုရှိနေတဲ့ အကြောင်းကို ခန့်မှန်းဖို့ ကြီးကြီးမားမား ချဲ့ကားထားတဲ့အရာတော့ မဟုတ်ပါဘူး။

ပြီးတော့ Saturn နဲ့ Jupiter ဂြိုဟ်တစ်ခုစီမှာ လအစင်း ၅၀ ကျော်ရှိပြီး၊ ကျွန်တော်တို့နဲ့ အနီးဆုံး အိမ်နီးချင်း ဂြိုဟ်ဖြစ်တဲ့ Mars မှာတောင် နှစ်ခုရှိပါတယ်။

ထို့ကြောင့် အရာအားလုံး ထည့်သွင်း စဉ်းစား ကြည့်လိုက်တဲ့အခါ Blondie ရဲ့ The Tide is High ဟာ ကမ္ဘာမှာ လနှစ်ခုရှိနေခြင်းအတွက် မှန်ကန်တဲ့ ဆောင်ပုဒ် သီချင်းတော့ မဟုတ်ပါဘူး။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.