ကမ္ဘာ့အအေးဆုံး ဒေသများ
ကမ္ဘာ့အအေးဆုံး ဒေသကတော့ အန္တာတိကတိုက်ဖြစ်ပါတယ်။၁၂ ရာသီပတ်လုံးရေခဲနေပြီး အန္တာတိက ဒေသ ဆောင်းတွင်းရဲ့ အအေးပမာဏဟာ အမြင့်ဆုံးပဲလို့ မှတ်တမ်းတင်ထားပါတယ်။
၁၉၃၈ ခုနှစ် ဇူလိုင်လမှာ ရုရှားသိပ္ပံပညာရှင်များက -၈၉.၂ ဒီဂရီစင်တီဂရိတ် (-၁၂၈.၆ ဒီဂရီ ဖာရင်ဟိုက်)ထက်နိမ့်တဲ့ စံချိန်သစ်တစ်ခုကို တိုင်းတာပြီး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဆိုက်ဘေးရီးယားက ဗာကိုယန့်မှာတော့ -၆၈ ဒီဂရီစင်တီဂရိတ် ဖြစ်တယ်လို့ ၁၈၉၂ ခုနှစ်က မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီနေရာဟာ အပူချိန် ဒီဂရီ အပိုင်းအခြား ပြောင်းလဲမှု အများဆုံးဆိုတဲ့ စံချိန်ကို အတင်ခံရတဲ့နေရာလည်းဖြစ်ပါတယ်။

အအေးဆုံးကာလ ဆောင်းတွင်းမှာ အပူချိန် -၆၈ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး အပူဆုံးကာလ နွေရာသီမှာတော့ အပူချိန် +၃၆.၇ ဒီဂရီစင်တီဂရိတ် အထိအပြောင်းအလဲရှိပါတယ်။
အအေးဆုံးကာလ အတွင်းတိုင်းတာတဲ့ ပျမ်းမျှအပူချိန် မှတ်တမ်းတွေကို အခြေခံပြီးပြောရရင် ဥရောပတိုက်ရဲ့ အအေးဆုံးမြို့တွေကတော့ ရှရှားကအာချန်ဂျယ်မြို့ဟာ -၁၃ ဒီဂရီစင်တီဂရိတ် ၊ မွန်ထရီယယ် နဲ့ ကနေဒါမှာ -၁၀.၆ ဒီဂရီစင်တီဂရိတ် ၊ ဘေဂျင်းမှာ -၄.၇ နှင့် တပ်ရှ်ကင့်မှာ -၁.၃ ဒီဂရီစင်တီဂရိတ် တို့ဖြစ်ကြပါတယ်။
အကယ်၍ ကမ္ဘာ့ရေခဲပြင်တွေ အားလုံး အရည်ပျော်သွားခဲ့ရင်
အကယ်၍ ကမ္ဘာ့ရေခဲပြင်တွေ အားလုံး အရည်ပျော်သွားခဲ့ရင် အာတိတ်နှင့်အန္တာတိက ဒေသတွေ၊အချို့တောင်တန်းတွေမှာ နေရာဒေသ အသစ်တွေ ပေါ်ပေါက်လာပါလိမ့်မယ်။
ဒါပေမယ့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ္ဘာ့ ဒေသအများစုကတော့ ရေလွမ်းမိုးခြင်းခံရပါလိမ့်မယ်။

အတိတ်တုန်းကလည်း ရေခဲပြင်တွေကြောင့် ပင်လယ်ရေမျက်နှာပြင် အပြောင်းအလဲ ဖြစ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ဒါ့ကြောင့် အနာဂါတ်မှာလည်း အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။
အကယ်၍ ကမ္ဘာ့ရေခဲပြင်တွေ အားလုံး အရည်ပျော်သွားခဲ့ရင် ပင်လယ်ရေမျက်နှာပြင်ဟာ အနည်းဆုံး ၆၅ မီတာလောက် မြင့်တက်လာမှာ ဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံဟာ ရေလွမ်းမိုးခံရပြီး ရေအောက်ရောက်သွားမယ်။ လန်ဒန်၊ ဒပ်ဗလင်၊ ပဲရစ်၊ ရောမ၊ ဟဲလ်စင်ကီး စတဲ့ မြို့တော်တွေ အမြောက်အများလည်း ရေလွမ်းမိုးခံရပြီး ရေအောက်မှာ နစ်မြုပ်ကုန်ကြမှာ ဖြစ်ပါတယ်။
ရေးသားသူ – U Zaw (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။