ကျွန်တော်တို့ ကမ္ဘာမြေကြီးပေါ်တွင် သက်ရှိ မျိုးစိတ်ပေါင်း ၈.၇ သန်းလောက် ရှာဖွေ တွေ့ရှိပြီးဖြစ်ကာ နောက်ထပ် မသိရသေးတဲ့ သက်ရှိတွေလည်း အများကြီး ကျန်ပါသေးတယ်။
ဇီဝဗေဒ ကျွမ်းကျင်သူပဲ ဖြစ်ဖြစ်၊ သဘာဝကို လေ့လာရတာ သဘောကျ နှစ်ကြိုက်သူပဲ ဖြစ်ဖြစ် ကမ္ဘာကြီးရဲ့ အပင်တွေ၊ တိရိစ္ဆာန်တွေ နှင့် အင်းဆက်တွေ တွေ့ရှိမှုနှင့် အသိပညာများ မျှဝေဖို့ လူမှုကွန်ယက်လို အသုံးပြုလိုပါက iNaturalist app က သင့်ကို ကူညီပါလိမ့်မယ်။
သင်ဟာ အကောင် တကောင်ကောင်ကို တွေ့ရှိပြီး ၎င်းနှင့် ပတ်သက်လို့ အမည်တွေ မျိုးစိတ်တွေ မသိရင် ဓာတ်ပုံရိုက်ပြီး အဆိုပါ app ထဲမှာ upload လုပ် ပြီး ရှာဖွေနိုင်ပါတယ်။
အဲဒီ့အခါ App တွင် ပါဝင်သည့် AI မှ Google image search ကဲ့သို့ ၎င်းနှင့် တူညီသည့် ပုံကိုရှာဖွေပေးရုံသာမက မျိုးစိတ်များကိုပါ ခွဲခြားပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါတင်မကပါဘူး သင်တင်ထားတဲ့ ပုံကို ကျွမ်းကျင်သူများက အမျိုးအစား ခွဲပေးနိုင်ဦးမှာ ဖြစ်ပါတယ်။
များသောအားဖြင့် သက်ရှိများနှင့် ပတ်သက်ပြီး အဆိုပါ App ပေါ်တွင် တင်ထားသည့် ပုံများမှာ တွေ့မြင်နေကျတွေ ဖြစ်ပေမယ့် ၂၀၁၃ ခုနှစ်လောက်က ကိုလံဘီယာမှ upload လုပ်ခဲ့တဲ့ အနီနှင့်အနက်ရောင်ရှိတဲ့ ဖားတကောင်ကို အဆိပ်ရှိဖားများ ကျွမ်းကျင်သူတယောက်က မျိုးစိတ်အသစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
အဲဒီ့နှစ်ထဲမှာပဲ သိပ္ပံပညာရှင်တယောက်ဟာ ၁၈ ရာစုက ကပ္ပတိန် Cook တွေ့ရှိခဲ့ပြီး တခါမှ ဓာတ်ပုံမရိုက်ရသေးတဲ့ ရှားပါး ဗီယက်နမ် ခရု တစ်ကောင်၏ ဓာတ်ပုံကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ရှားပါး မျိုးစိတ်တခုကို ရှာဖွေ တွေ့ရှိခြင်းဟာ App ၏ တန်ဖိုးကို တက်စေတဲ့ အရာတခုတော့ မဟုတ်သေးပါဘူး။
လေ့လာရှာဖွေမှုများ တိုးပွားလာတာဟာ ဇီဝဗေဒ ပညာရှင်များအတွက် ၎င်းတို့၏ သုတေသန လုပ်ငန်းစဉ်များအတွက် ကိုးကားစရာ အချက်အလက်တွေ ပိုမို များပြား လာစေမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တခြား လူမှုကွန်ယက်များ ပုံစံနှင့် မတူသည့် ပုံစံရှိတဲ့ iNaturalist မှာ ကိုယ် ရှာဖွေတွေ့ရှိထားတာတွေ အလွန်အကျွံ မျှဝေခြင်းဟာ ပြသနာ တခု မဖြစ်စေပါဘူး။
iNaturalist ကို Android နှင့် iOS ကဲ့သို့ မိုဘိုင်းဖုန်း platform မျိုးစုံမှာ ရရှိနိုင်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် သင်ဟာ သဘာဝ တရားကြီးကို လေ့လာရတာ နှစ်သက်သူပဲဖြစ်ဖြစ်၊ ဇီဝဗေဒ ကျောင်းသား သို့မဟုတ် ဆရာ တယောက်ပဲ ဖြစ်ဖြစ်
မြန်မာနိုင်ငံမှ မျိုးစိတ်များကို ကမ္ဘာ့က သိစေရန် နှင့် ကိုယ်မသိသော သက်ရှိမျိုးစိတ်များကို လေ့လာနိုင်စေရန် App ကောင်းတခုကို Knowledgeworms မှ မျှဝေလိုက်ပါတယ်။
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။