နျူကလီးယားစစ်ပွဲ အန္တရာယ်တိုးမြင့်လာကြောင်းဖော်ပြခဲ့တဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ စာတမ်း

News

အသစ်ထွက်ပေါ်လာတဲ့ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများအရ ကြောက်မက်ဖွယ်ကောင်းတဲ့ အနာဂါတ်ကို ဖော်ပြထားပြီး ကမ္ဘာကြီးဟာ လာမယ့် အနာဂါတ်မှာ နျူကလီးယားစစ်ပွဲ အန္တရာယ် ဖြစ်လာနိုင်ခြေတွေ မြင့်တက်လာနေတယ်လို့ သိရပါတယ်။

ဒီစာရွက်စာတမ်းတွေကို ဇူလိုင်လ ဒုတိယအပတ်အတွင်း အမေရိကန် သိပ္ပံပညာရှင်များ အဖွဲ့ချုပ်က လက်ခံရရှိခဲ့ပြီး အွန်လိုင်းမှတဆင့် ပြန်လည် မျှဝေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စာတမ်းဟာ ကမ္ဘာအနှံ့ရှိ စစ်ရေး လှုပ်ရှားမှု အခြေအနေနှင့် အမေရိကန်စစ်တပ်ဟာ အနာဂါတ်မှာ မည်သို့ဆက်လက် လုပ်ဆောင်သင့်ကြောင်း လမ်းညွှန်ချက်များကို ဖော်ပြရန် အတွက် နောက်ဆုံးထုတ်ထားသည့် စာတမ်းဖြစ်ပါတယ်။

ကံမကောင်းစွာနှင့် Warzone မဂ္ဂဇင်းမှ မှတ်ချက်ပေးထား သကဲ့သို့ ထိုစာတမ်းမှ ကမ္ဘာ့အနှံ့တွင် နျူကလီးယား ပြန့်ပွားမှုကို တားဆီးဖို့ရာ ပျက်ကွက်ခဲ့သည့်အပြင် တင်းမာမှုများ ဆက်တိုက်ဖြစ်ပေါ်နေကာ နျူကလီးယားလက်နက်များ ဆက်လက် တိုးပွားလာနေသည်ကို မီးမောင်းထိုးပြ ထားပါတယ်။

လေ့လာမှုများအရ ၂၀၁၀ ကတည်းက အမျိုးသား လုံခြုံရေး မဟာဗျူဟာတွင် နျူကလီးယားလက်နက်၏ အခန်းက နှင့် နျူကလီယားလက်နက်များ တပ်ဆင်ထားမှုအနေအထားကို ရန်သူဖြစ်လာနိုင်သည့် မည်သည့်နိုင်ငံကမှ လျှော့ချဖို့ ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။

အီရန်၏ အနာဂါတ်တွင် ပိုင်ဆိုင်လာမည့် နျူကလီးယားလက်နက် အန္တရာယ်ကို ရင်ဆိုင်နေရသည့် အချိန်တွင် ရုရှား၊ မြောက်ကိုရီးယား နှင့် တရုတ်နိုင်ငံများတွင်လည်း နျူကလီးယားလက်နက်များ ပိုမို တိုးပွားလာနေတာကို ထောက်ပြထားပါတယ်။

Warzone ၏ လေ့လာသုံးသပ်မှုဟာ အသစ်အဆန်းတော့ မဟုတ်ပေမယ့် ယခုနှစ်ပတ်လည် ထုတ်ဝေသော ဤစာတမ်း၏ နောက်ဆုံးထုတ်ဝေချက်တွင် အမေရိကန် စစ်တပ်ဟာ ယေဘုယျအားဖြင့် နျူကလီးယား ပြန့်ပွားမှုနှင့် ပတ်သက်၍ မရေရာသည့် သတိပေးချက် ထုတ်ပြန်ခြင်း များထက် အဆိုပါ နိုင်ငံများရဲ့ နည်းပညာတိုးတက်လာမှုနှင့် ပေါ်လစီများကို သာ ထောက်ပြနေပါတယ်။

ဒီစာတမ်းမှာ အမေရိကန်ကို နျူကလီးယား ကင်းစင်တဲ့ ကမ္ဘာအဖြစ် မြင်လိုတဲ့ နိုင်ငံကောင်းတနိုင်ငံ အဖြစ် ဖော်ပြထားတာကတော့ မဆန်း ပါဘူး။

ဒါပေမယ့် တိုးပွားလာတဲ့ အန္တရာယ်အပေါ် တုန့်ပြန်မှုနှင့် ပတ်သက်ပြီး အမေရိကန်အနေဖြင့် မည်သည့် ခြိမ်းခြောက်မှုမျိုး ကိုမဆို တုန့်ပြန်ရန် ခွင့်ပြုသည့် “ ပြောင်းလွယ်ပြင်လွယ်” အနေအထားကို ဒီစာတမ်းက အကြံပြုထားပါတယ်။

ဒါ့ကြောင့် လာမယ့် အနာဂါတ်မှာ တင်းမာမှုများကို တုန့်ပြန်ရာတွင် ဒီ့ထက် ပိုမို ပြင်းထန်လာဖွယ်ရှိပြီး စစ်ရေးအရ တုန့်ပြန်မှုများ ပိုမို တိုးပွား လာနိုင်ဖွယ်ရှိနေပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *