ပြည်တွင်းဖြစ် တိုက်လေယာဉ်‌တွေ အများအပြားဝယ်ယူလိုက်တဲ့ အိန္ဒိယ

News

အိန္ဒိယအစိုးရဟာ အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံတန်ကြေးရှိတဲ့ Tejas လို့ခေါ်တဲ့ ပြည်တွင်း ဖြစ် အပေါ့စားတိုက်လေယာဉ် Light Combat Aircraft ၈၃ စီးကို တရားဝင်မှာယူလိုက်ပြီလို့ သိရပါတယ်။

ဒီ Tejas အပေါ့စား တိုက်လေယာဉ်တွေကို အိန္ဒိယနိုင်ငံပိုင် လေကြောင်းဆိုင်ရာ ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Hindusten Aeronautics Limited (HAL) က ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒီမှာယူမှု တာဝန်ကို အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် V L Kantha Rao (ဝယ်ယူရေး) မှ ဥက္ကဌ နှင့် အုပ်ချုပ်မှု ဒါရိုက်တာ R Madhavan သို့ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh က Trust of India သတင်းစာသို့ HAL မှ ပြည်တွင်းဖြစ် အပေါ့စားတိုက်ခိုက်ရေးလေယာဉ် Tejas LCA ၈၃ စီးကို မှာယူနိုင်တဲ့အတွက် အရမ်းကို ဝမ်းသာမိကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလိုမှာယူမှုဟာ အိန္ဒိယ ကာကွယ်ရေး ဝယ်ယူမှုထဲမှာ အကြီးမားဆုံးသော ဝယ်ယူမှုဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ “Aero India 2021” လေကြောင်းနှင့် ကာကွယ်ရေးပြပွဲမှာ Tejas တိုက်လေယာဉ်တွေကို ပြသခဲ့ပါသေးတယ်။

ဒီလေယာဉ်ဟာ တစ်ယောက်မောင်း၊ အင်ဂျင်တစ်လုံးတပ်ဖြစ်ကာ ပေါ့ပါးသွက်လက်စွာ စစ်ကစားနိုင်ပြီး အသံထက် မြန်တဲ့အလျှင်နှင့် ပျံသန်းနိုင်ပါတယ်။ ဒီလေယာဉ်တွေကို အိန္ဒိယလေတပ် IAF မှာ ၂၀၁၆ ကတည်းက တပ်တော်ဝင်ခဲ့တာပါ။

Tejas တွေရဲ့ သမိုင်းဟာ တော်တော် ရှည်လျှားပါတယ်။ အိန္ဒိယဟာ Tejas တွေကို ဒီနေ့အချိန် အနေအထားထိရောက်လာအောင် နှစ်ပေါင်း များစွာ ကြိုးစားလာခဲ့ရပါတယ်။ ပထမဆုံး Tejas ကို ၂၀၀၁ ခုနှစ်ကတည်းက စတင် ပျံသန်းနိုင်ခဲ့ပေမယ့် ပြသနာပေါင်း များစွာ ရှိခဲ့လို့ အများအပြား ထုတ်လုပ်နိုင်ဖို့ အတွက် နှစ်ပေါင်း များစွာ ကြာမြင့်နေခဲ့ရတာပါ။

ဒီလေယာဉ်တွေကို ထုတ်လုပ်ဖို့ကို ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အတွက် HAL နှင့်အတူ လေကြောင်းဖွံ့ဖြိုးရေးအေဂျင်စီ ADA က ဦးဆောင်ခဲ့ပါတယ်။ ယခု မှာယူလိုက်တဲ့ လေယာဉ်တွေကို အိန္ဒိယလေတပ်သို့ ၂၀၂၄ မှစပြီး ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေငြာချက်အရ ဒီဇိုင်းနှင့် ထုတ်လုပ်မှုကို HAL နှင့်အတူ အိန္ဒိယရှိ အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အပါအဝင် ပြည်တွင်းကုမ္ပဏီပေါင်း ၅၀၀ ခန့် ပူးပေါင်းလုပ်ကိုင်သွားမယ်လို့ သိရပါတယ် ခင်ဗျာ။

ZawGyi

အိႏၵိယအစိုးရဟာ အေမရိကန္ေဒၚလာ ၆.၅ ဘီလီယံတန္ေၾကးရွိတဲ့ Tejas လို႔ေခၚတဲ့ ျပည္တြင္းျဖစ္ အေပါ့စားတိုက္ေလယာဥ္ Light Combat Aircraft ၈၃ စီးကို တရားဝင္မွာယူလိုက္ၿပီလို႔ သိရပါတယ္။

ဒီ Tejas အေပါ့စားတိုက္ေလယာဥ္ေတြကို အိႏၵိယႏိုင္ငံပိုင္ ေလေၾကာင္းဆိုင္ရာ ထုတ္လုပ္ေရးကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Hindusten Aeronautics Limited (HAL) က ထုတ္လုပ္ထားတာျဖစ္ပါတယ္။

ဒီမွာယူမႈ တာဝန္ကို အိႏၵိယကာကြယ္ေရး ဝန္ႀကီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ V L Kantha Rao (ဝယ္ယူေရး) မွ ဥကၠဌ ႏွင့္ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာ R Madhavan သို႔ လႊဲေျပာင္း ေပးအပ္ခဲ့ပါတယ္။

အိႏၵိယ ကာကြယ္ေရးဝန္ႀကီး Rajnath Singh က Trust of India သတင္းစာသို႔ HAL မွ ျပည္တြင္းျဖစ္ အေပါ့စားတိုက္ခိုက္ေရးေလယာဥ္ Tejas LCA ၈၃ စီးကို မွာယူႏိုင္တဲ့အတြက္ အရမ္းကို ဝမ္းသာမိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒီလိုမွာယူမႈဟာ အိႏၵိယ ကာကြယ္ေရး ဝယ္ယူမႈထဲမွာ အႀကီးမားဆုံးေသာ ဝယ္ယူမႈျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ “Aero India 2021” ေလေၾကာင္းႏွင့္ ကာကြယ္ေရးျပပြဲမွာ Tejas တိုက္ေလယာဥ္ေတြကို ျပသခဲ့ပါေသးတယ္။

ဒီေလယာဥ္ဟာ တစ္ေယာက္ေမာင္း၊ အင္ဂ်င္တစ္လုံးတပ္ျဖစ္ကာ ေပါ့ပါးသြက္လက္စြာ စစ္ကစားႏိုင္ၿပီး အသံထက္ ျမန္တဲ့အလွ်င္ႏွင့္ ပ်ံသန္းႏိုင္ပါတယ္။ ဒီေလယာဥ္ေတြကို အိႏၵိယေလတပ္ IAF မွာ ၂၀၁၆ ကတည္းက တပ္ေတာ္ဝင္ခဲ့တာပါ။

Tejas ေတြရဲ႕ သမိုင္းဟာ ေတာ္ေတာ္ ရွည္လွ်ားပါတယ္။ အိႏၵိယဟာ Tejas ေတြကို ဒီေန႔အခ်ိန္ အေနအထားထိေရာက္လာေအာင္ ႏွစ္ေပါင္း မ်ားစြာ ႀကိဳးစားလာခဲ့ရပါတယ္။ ပထမဆုံး Tejas ကို ၂၀၀၁ ခုႏွစ္ကတည္းက စတင္ ပ်ံသန္းႏိုင္ခဲ့ေပမယ့္ ျပသနာေပါင္း မ်ားစြာ ရွိခဲ့လို႔ အမ်ားအျပား ထုတ္လုပ္ႏိုင္ဖို႔ အတြက္ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနခဲ့ရတာပါ။

ဒီေလယာဥ္ေတြကို ထုတ္လုပ္ဖို႔ကို ဒီဇိုင္းႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈအစီအစဥ္အတြက္ HAL ႏွင့္အတူ ေလေၾကာင္းဖြံ႕ၿဖိဳးေရးေအဂ်င္စီ ADA က ဦးေဆာင္ခဲ့ပါတယ္။ ယခု မွာယူလိုက္တဲ့ ေလယာဥ္ေတြကို အိႏၵိယေလတပ္သို႔ ၂၀၂၄ မွစၿပီး ေပးပို႔ႏိုင္မွာ ျဖစ္ပါတယ္။

အိႏၵိယကာကြယ္ေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကျငာခ်က္အရ ဒီဇိုင္းႏွင့္ ထုတ္လုပ္မႈကို HAL ႏွင့္အတူ အိႏၵိယရွိ အေသးစား ႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား အပါအဝင္ ျပည္တြင္းကုမၸဏီေပါင္း ၅၀၀ ခန႔္ ပူးေပါင္းလုပ္ကိုင္သြားမယ္လို႔ သိရပါတယ္ ခင္ဗ်ာ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *