အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှ ကုန်းလမ်းခရီးဖြင့် သွားလျှင် သုံးနာရီ လောက်သာသွားရသည့် ပူနာမြို့ဟာ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လူဦးရေထူထပ်ပြီး မြို့ပြအဖြစ် သိသိသာသာ ကြီးထွားတိုးတက်လာခဲ့ပါတယ်။ ထို့ကြောင့် လေထုညစ်ညမ်းမှုဟာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ လမ်းညွှန်ချက်များကို ပုံမှန်ထက်ကျော်လွန်နေပြီး လေထုအရည်အသွေးကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။
ယခုအခါ Nudes ဟုခေါ်သော ဗိသုကာလုပ်ငန်း ကုမ္ပဏီတစ်ခုက ၎င်းနှင့်ပတ်သက်၍ တစ်ခုခုလုပ်ရန်ကြိုးစားနေပါတယ်။ ကုမ္ပဏီဟာ မြို့တော်တွင် ဂေဟစနစ်နှင့်သက်ဆိုင်သည့် ကျောင်းတစ်ကျောင်းတည်ဆောက်ရန် ပြိုင်ဆိုင်မှုတစ်ခုမှာ အနိုင်ရရှိခဲ့ပါတယ်။ ၎င်း၏အနိုင်ရကျောင်းဟာလည်း အထင်ကြီးလောက်စရာပင် ဖြစ်ပါတယ်။
ပတ်၀န်းကျင်ရှိလေကို သန့်ရှင်းစင်ကြယ်စေသော ဒေါင်လိုက်ဥယျာဉ်ပုံစံ ဒီဇိုင်းတစ်ခုကို Nudes ကတင်ပြခဲ့တာပါ။ သစ်တောကျောင်း၏ ထိပ်တွင်ကျောင်းသားများ လေ့ကျင့်ရန် အဆုံးမရှိ စက်ဘီးစီးနိုင်တဲ့ လမ်းကြောင်းများ ပါပါတယ်။
အိန္ဒိယနိုင်ငံ၊ ပူနာမြို့တွင် တည်ရှိသည့် ကျောင်းစီမံကိန်းအတွက် ဖိတ်ကြားခံရသည့် ဒီဇိုင်းပြိုင်ပွဲတွင် “သစ်တော” ဟာ အနိုင်ရရှိခြင်း စာရင်းသွင်းခံရဖြစ်ပါတယ်။

“ကြီးထွားခြင်း”၊“သင်ယူခြင်း”၊စိုက်ပျိုးခြင်း”နှင့်“ကစားခြင်း” ဆိုတဲ့ အခြေခံအုတ်မြစ်များပေါ်တွင် တည်ဆောက်ထားတဲ့ မြို့ပြထူထပ်သော အခြေချနေထိုင်မှုများအတွင်းရှိ သဘာဝနှင့်သင်ကြားရေးအကြား ဆက်နွယ်မှုကို ဒီဇိုင်းပုံဖော်ထားတာပါလို့ Nudes ၏ ၀ဘ်ဆိုဒ်တွင်ဖော်ပြထားပါတယ်။
စီမံကိန်းဟာ ၂ ခု ပါဝင်ပါတယ်။ ခေါင်မိုးပေါ်ရှိ “အဆုံးမရှိ” ကွင်းဆက်လမ်းကြောင်းများဖြင့် ချုပ်ထားသော “အစိမ်းရောင်” ဆလင်ဒါ အတွဲများဖြစ်ပါတယ်။
ဆလင်ဒါအတွဲလိုက်ပုံစံ တစ်ခုစီဟာ စီစဉ်ထားသော အစီအစဉ်များဖြင့်အဆင့်ဆင့်ဆောက်လုပ်ခြင်းအဆင့်ကို ကိုယ်စားပြုပါတယ်။
ဤစီမံကိန်းဟာ ကျောင်းသားဗဟိုပြု အပြန်အလှန်ဆက်သွယ်မှုနှင့်သင်ယူမှုတို့အတွက် တက်ကြွသောနေရာရဲ့ အင်တိုက်အားတိုက် တက်တက်ကြွကြွနှင့်ထောက်ပံ့ပို့ဆောင်ရေးကို ဖော်ထုတ်ထားတာပါ။
အစိမ်းရောင် အလွှာကို ဆင်းသက်ရန်နှင့်အလယ်အလတ် ဆင်းသက်မှု အဆင့်နှစ်ခုစလုံးမှ အထပ်တိုင်းတွင် သစ်သီးဝလံ ပန်းမန် ဉယာဉ်စိုက်ပျိုး ရေးအတတ်ပညာရှင်များက အဓိကမဟုတ်သောလမ်းကြောင်းဖြင့် ထိန်းသိမ်းပြုပြင်နိုင်ပါတယ်။

ကျောင်းသားများ အပင်များကို ပြုစုပျိုးထောင်ပေးခြင်း
Planet Voice ရဲ့အဆိုအရ ကျောင်း၏မြေအောက်ခန်းတွင်လည်း တင်းနစ်ကွင်းများနှင့်ရေကူးကန်တစ်ခု ရှိလိမ့်မည်ဖြစ်ပါတယ်။ မြေပြင်နှင့်ခြံဝင်းအတွင်းရှိအပင်အချို့ကို ပြုစုပျိုးထောင်ရန် ကျောင်းသားများက တာဝန်ယူရမည် ဖြစ်ပါတယ်။
တစ်ချိန်မှာ သူတို့ ရှင်သန်ရန် လုံလောက်ပြီး ကျန်းမာလာတဲ့အခါ ပရိုဖက်ရှင်နယ် ဥယျာဉ်မှူးများက ပိုပြီးမြင့်တဲ့ အဆင့်တစ်ခုသို့ ပြန်လည်နေရာချထားပေးမှာ ဖြစ်ပါတယ်။
euronews.green အဆိုအရ ကျောင်းဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲခြင်းအကြောင်း ကလေးများကိုသင်ကြားပေးရန်လည်း ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။