အိန္ဒိယ၏ ကမ္ဘာလေ့လာရေး ဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်

News Tech

အိန္ဒိယအာကာသ သုတေသနအဖွဲ့ (ISRO) ၏ ၂၀၂၁ ခုနှစ်တွင် ပထမဆုံး လွှတ်တင်ခဲ့သည့် ကမ္ဘာလေ့လာရေး ဂြိုဟ်တုဟာ နည်းပညာပိုင်းဆိုင်ရာ ပြသနာများ ဖြစ်ခဲ့ပြီးနောက် မအောင်မြင်ဘဲ ဆုံးရှုံး ခဲ့ရပါတယ်။

Sriharikota ကျွန်းပေါ်ရှိ Satish Dhawan အာကာသ စင်တာမှ ဩဂုတ်လ ၁၃ ရက်နေ့ ကြာသပတေးနေ့ အိန္ဒိယ စံတော်ချိန် ၅ နာရီ ၄၃ မိနစ် တွင် လွှတ်တင်ခဲ့သည့်

အဆင့် ၃ ဆင့် ပါတဲ့ Geosynchronous ဂြိုဟ်တုတင် ဒုံးပျံဟာ ပစ်လွှတ်ပြီး ၆ မိနစ် အကြာမှာ တတိယမြောက် ဒုံးအင်ဂျင်ကို မနှိုးနိုင်ခဲ့ဘဲ ဆုံးရှုံးခဲ့ရပါတယ်။

ဒီလို မအောင်မြင်မှု မဖြစ်ခင်မှာ ISRO မှ အဆိုပါ ဒုံးပျံမျိုးကို ၁၄ ကြိမ်လောက် အောင်မြင်စွာ လွှတ်တင်ပြီး ဖြစ်ပါတယ်။

ယခုနှစ် မအောင်မြင်မှု၏ မတိုင်ခင် နောက်ဆုံး မအောင်မြင်ခဲ့သည့် အာကာသ ဒုံးပျံ လွှတ်တင်မှုမှာ ၂၀၁၇ ခုနှစ်က အိန္ဒိယ ဒေသဆိုင်ရာ လမ်းပြ ဂြိုဟ်တုစနစ်ကို ပိုမို သေးငယ်တဲ့ Polar ဂြိုဟ်တုတင် ဒုံးပျံဖြင့် လွှတ်တင်မှု ပဲ ဖြစ်ပါတယ်။

SpaceNews ၏ အဆိုအရ ၂၀၁၇ ခုနှစ် မအောင်မြင်မှုဟာ အိန္ဒိယ၏ PSLV ဒုံးပျံများ နှစ် ၂၀ အတွင်း လွှတ်တင်မှုမှာ ပထမဆုံး မအောင်မြင်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို မအောင်မြင်တဲ့ ဂြိုဟ်တု လွှတ်တင်မှုဟာ သဘာဝဘေးအန္တရာယ် အရှိန်မြင့်တက်နေတဲ့ အိန္ဒိယ နိုင်ငံအတွက်တော့ ထိုးနှက်ချက်တခု ဖြစ်ပါတယ်။

ဒုံးပျံ ဆုံးရှုံးမှုနှင့်အတူ ရာသီဥတု အခြေအနေ၊ သဘာဝ ဘေးအန္တရာယ် အပါအဝင် သစ်တောနှင့် စိုက်ပျိုးရေး ဆိုင်ရာ အချက်အလက်များကို အချိန်နှင့် တပြေးညီ စုဆောင်းရန် ဒီဇိုင်းဆွဲထားတဲ့ EOS-03 ကမ္ဘာမြေ စောင့်ကြည့်မှု ဂြိုဟ်တုကိုပါ ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။

လူလိုက်ပါတဲ့ အာကာသ အစီအစဉ်ပါ နောက်ကျဖွယ်ရှိ

ဒီလို မအောင်မြင်မှုကြောင့် အိန္ဒိယ၏ အာကာသအတွင်း လူလိုက်ပါမည့် ISRO ၏ အစီအစဉ်ဟာ နှောင့်နှေး ဖွယ် ရှိနေပါတယ်။

ကမ္ဘာကျော် SpaceX၊ Blue Origin နှင့် Virgin Galactic ကုမ္ပဏီများ၏ အာကာသ ခရီးသွား လုပ်ငန်းများ အောင်မြင်မှု ရနေချိန်မှာ ISRO ဟာ ဒီလိုမျိုး လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Times of India သတင်းဌာန အဆိုအရ အိန္ဒိယဟာ ၎င်း၏ ကမ္ဘာ့ပတ်လမ်းနိမ့် အာကာသအတွင်း ပို့လွှတ်မယ့် လူမလိုက်ပါသေးတဲ့ အစီအစဉ် Gaganyaan ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာအတွင်း မှာ ဆောင်ရွက်မှာဖြစ်ပြီး

၂၀၂၂ မှ ၂၀၂၃ တွင် အဆိုပါ စမ်းသပ် လွှတ်တင်မှုများကို ထပ်မံ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင်လအတွင်း ISRO ဟာ လောင်စာအရည်သုံး Vikas ရော့ကတ် အင်ဂျင်၏ အပူဒဏ် ကြာရှည်ခံ စမ်းသပ်မှုကို ပြီးစီးအောင်မြင်ခဲ့ပြီး ၎င်းကို လူတင်ဆောင်မယ့် Gaganuaan အစီအစဉ်တွင် အသုံးပြုမည့် GSLV MkIII ယာဉ်တွင် အသုံးပြုမှာ ဖြစ်ပါတယ်။

ISRO ဟာ ကပ်ရောဂါကြောင့် ပစ်လွှတ်မှုများ နှောင့်နှေးခဲ့ရပြီး ယခုနှစ်အတွင်း Gaganyaan အတွက် စမ်းသပ်မှု အပါအဝင် ၄ ချိန် လွှတ်တင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အခုတော့ လွှတ်တင်မှု မအောင်မြင်ရခြင်း၏ အကြောင်းအရင်း အတိအကျကို စုံစမ်း စစ်ဆေး နေရသောကြောင့် နောက်ထပ် လွှတ်တင်မည့် အစီအစဉ်များကို ခေတ္တ ရပ်ဆိုင်းထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *