ဥရောပ ဖရီးဂိတ် FREMM များကို ဝယ်ယူလာတဲ့ အင်ဒိုနီးရှား

News

အီတလီ သင်္ဘောထုတ်လုပ်ရေး ကုမ္ပဏီ တခုဖြစ်တဲ့ Fincatieri ဟာ အင်ဒိုနီးရှားနိုင်ငံကို FREMM ဖရီးဂိတ် ၆ စီးရောင်းချဖို့ လက်မှတ်ရေးထိုးလိုက်ပြီလို့ သိရပါတယ်။

ကုမ္ပဏီဟာ FREMM ဖရီးဂိတ် အစီးရေ ၂၀အထိ ရောင်းချဖို့ လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး အဲဒီ့အထဲမှာ အီတလီရေတပ်အတွက် ၁၀ စီး၊ အီဂျစ်ရေတပ်အတွက် ၂ စီးနှင့် အမေရိကန်နိုင်ငံအတွက် ၂ စီးတို့ ပါဝင်ပါတယ်။

အမေရိကန်ဟာ နောက်ထပ် ၈ စီးအထိ မှာယူဖွယ်ရှိကာ အီဂျစ်ကလဲ နောက်ထပ် ၂ စီးအထိ ထပ်မံမှာယူဖွယ် ရှိနေပါတယ်။

ဒီကြေငြာချက်ကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး စာချုပ်တွင် FREMM ဖရီးဂိတ်များ နှင့်အတူ အီတလီရေတပ်မှ အနားယူပြီး ပြန်လည်ပြင်ဆင်ထားတဲ့ Maestrale အတန်းအစား ဖရီးဂိတ် စစ်သင်္ဘော ၂ စီး ကိုပါ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ဒီ FREMM ဖရီးဂိတ်တွေအတွက် တိုက်ခိုက်ရေး စနစ်တွေကို အီတလီနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ Leonardo မှ ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အင်ဒိုနီးရှား သင်္ဘောကျင်း PT-PAL နှင့်အတူ တွဲဖက် ဦးဆောင်ထုတ်လုပ်ပေးမယ့် Fincantieri ဟာ ဒီ စာချုပ်အတွက် ဘယ်လောက် ကုန်ကျမယ်ဆိုတာ ဖော်ပြခဲ့ခြင်းတော့ မရှိပါဘူး။

ကြေငြာချက်မှာ Fincantieri ရဲ့ CEO ဖြစ်တဲ့ မစ္စတာ ဘိုနို ကတော့ ဒီလို မှာယူမှုများစွာ ရရှိတဲ့အတွက် ၎င်းတို့ရဲ့ ကုမ္ပဏီကို ကမ္ဘာ့ထိပ်ပိုင်း သင်္ဘောထုတ်လုပ်ရေး ကုမ္ပဏီဖြစ်လာစေတယ်လို့ ဆိုထားပါတယ်။

FREMM (European multi-purpose frigate) လို့ခေါ်တဲ့ ဒီ စစ်သင်္ဘောတွေဟာ ဘက်စုံသုံး ဖရီးဂိတ်အမျိုးအစား စစ်သင်္ဘောများ ဖြစ်ပြီး လက်ရှိမှာ ပြင်သစ်နှင့် အီတလီတို့က အသုံးပြုနေပါတယ်။

တန်ချိန် ၅၅၀၀ မှ ၆၇၀၀ အထိ ရှိပြီး အသုံးပြုသည့်နိုင်ငံအပေါ် မူတည်ပြီး အရွယ်အစားအနည်းငယ် ကွာခြားမှု ရှိပါတယ်။ အမြန်နှုန်း တနာရီ ရေမိုင် ၂၇ မိုင်မှ ၃၀ အထိ မောင်းနှင်နိုင်ပြီး အကွာအဝေး မိုင်ပေါင်း ၇၈၀၀ မိုင်လောက်အထိ စစ်ဆင်နိုင်ပါတယ်။

လွန်ခဲ့တဲ့လတုန်းက အမေရိကန်ဟာ မနှစ်က ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ FREMM ဖရီးဂိတ် ၁၀ စီးထဲမှ ဒုတိယမြောက် တစီးအတွက် ဒေါ်လာ ၅၅၃.၉ သန်း ကုန်ကျခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။

အမေရိကန်က မှာယူပြီး Constellation ၎င်းတို့အတွက် အတန်းအစားလို့ အမည်ပေးထားတဲ့ ဒီ FREMM ဖရီးဂိတ်စစ်သင်္ဘောတွေကို ဝစ်ကွန်ဆင် ပြည်နယ် မာရီယန်နတ် မြို့ရှိ ဆိပ်ကမ်းမှာ
Fincantieri က တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။

အမေရိကန်အတွက် ပထမဆုံး မှာယူထားတဲ့ ဖရီးဂိတ်စစ်သင်္ဘောကို ၂၀၂၆ ခုနှစ်မှာ လက်ခံရရှိမယ်လို့ မျှော်လင့်ရပါတယ်။

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ ဒီဝယ်ယူမှုဟာ အမေရိကန်ရဲ့ လွှမ်းမိုးမှုတွေ ပါဝင်ဖွယ်ရှိတယ်လို့ ယူဆကြပါတယ်။

ကြာသပတေးနေ့မှာ ကုမ္ပဏီက ထုတ်ပြန်ခဲ့တဲ့ ဒုတိယ ကြေငြာချက်အရ Fincantieri သင်္ဘောထုတ်လုပ်ရေးဟာ ကိုရီးယား Daewoo သင်္ဘော တည်ဆောက်ရေးလုပ်ငန်း Daewoo Shipbuilding & Marine Engineering (DSME) နှင့် တောင်ကိုရီးယားအတွက် လေယာဉ် တင်သင်္ဘော အသစ် ဒီဇိုင်းဆွဲဖို့ စာချုပ်ချုပ်ဆို ခဲ့တယ်လို့ သိရပါတယ်။

တည်ဆောက်နေဆဲ Dock vessel Trieste

Fomcamtoeri ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ ကိုရီးယားနိုင်ငံအနေဖြင့် ဒီဇိုင်းပိုင်းတင်ဒါ ခေါ်ယူဖို့မျှော်လင့်ထားပြီး ဒေဝူး ကုမ္ပဏီကို ၎င်းတို့ လက်ရှိတည်ဆောက်နေတဲ့ ရဟတ်ယာဉ်တင် သင်္ဘောဒီဇိုင်းဖြင့် တာဝန်ယူ ဆောင်ရွက်ပေးဖွယ် ရှိပါတယ်။

တောင်ကိုရီးယားကတော့ ၎င်းဒီဇိုင်းကိုအသုံးပြုပြီး F-35 များဖြင့် လေယာဉ်တင်သင်္ဘော သစ်အဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။

လက်ရှိ အီတလီရေတပ်အတွက် တည်ဆောက်နေတဲ့ ရဟတ်ယာဉ်တင် သင်္ဘော Trieste ကို လာမယ့်နှစ်မှာ အပ်နှံနိုင်ဖွယ်ရှိပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *