အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီး Prabowo Subianto ဟာ ပြင်သစ်နိုင်ငံလုပ် ရာဖေး Rafale တိုက်လေယာဉ်များနှင့် အမေရိကန်လုပ် F-15EX တိုက်လေယာဉ်များကို အပြီးသတ် ဝယ်ယူတော့မှာဖြစ်ကာ လာမယ့် ၃ နှစ်အတွင်းမှာ ရရှိသွားမယ်လို့ သိရပါတယ်။
ဒီ ဝယ်ယူမှုမှာ Dassault Rafale တိုက်လေယာဉ်ပေါင်း ၃၆ စီးနှင့် F-15EX ၈ စီးအပြင် Lockheed Martin မှ ထုတ်လုပ်သည့် C-130J Super Hercules သယ်ယူပို့ဆောင်ရေး လေယာဉ် ၃ စီး၊
Airbus ၏ A330 ဝေဟင်ဆီဖြည့်လေယာဉ် ၃ စီး၊ MQ-1 မောင်းသူမဲ့လေယာဉ် ၆ စီးအပြင် အီတလီနိုင်ငံ Leonardo ကုမ္ပဏီ ထုတ် ကြိုတင်အချက်ပေး ရေဒါ စနစ်များ ကိုပါ ဝယ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဒီလို ဝယ်ယူဖို့ ဆုံးဖြတ်မှုဟာ ယခင် ဒေါ်လာ ၁.၁ ဘီလိုယံ တန်ကြေးရှိ ရုရှားလုပ် Sukhoi Su-35 ၁၁ စီးကို လက်ရှိ အင်ဂျင် ၂ လုံးတပ် Su-27 နှင့် Su-30 များနှင့် တွဲဖက် တာဝန်ထမ်းဆောင်စေရန် ဝယ်ယူဖို့ ပြုလုပ်နေရာမှ အမေရိကန်၏ ပိတ်ဆို့မှုကို စိုးရိမ်တဲ့ အတွက်ကြောင့် ဆုံးဖြတ် ချက် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။
ဒီဝယ်ယူမှုပြီးစီးသွားပါက အင်ဒိုနီးရှားဟာ ၂၀၀၁ ခုနှစ်မှ စတင် မိတ်ဆက်ခဲ့တဲ့ ပြင်သစ်လုပ် အင်ဂျင် ၂ လုံးတပ်၊ Delta ပုံစံအတောင်ပံ နှင့် ဘက်စုံသုံး Rafale တိုက်လေယာဉ်များကို ပထမဆုံး ဝယ်ယူတဲ့ အရှေ့ အာရှနိုင်ငံ တစ်နိုင်ငံ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ Rafale တိုက်လေယာဉ်များကို ပြင်သစ် လေတပ်နှင့် ရေတပ်၊ အီဂျစ်၊ ကာတာ နှင့် အိန္ဒိယနိုင်ငံ များမှာ အသုံးပြုလျှက်ရှိပါတယ်။

ဒါ့ကြောင့် အင်ဒိုနီးရှားမှာ Sukhoi တိုက်လေယာဉ်များ၊ တောင်တရုတ် ပင်လယ်တွင်းရှိ တရုတ်ကမ်းခြေ စောင့်တပ်များအား စောင့်ကြည့်နေသည့် ပြန်လည်မွမ်းမံထားသည့် Lockheed ၏ F-16 တိုက်လေယာဉ် ၃ အုပ် အပြင် ပြင်သစ် Rafale များပါ ရှိလာတဲ့အတွက် နိုင်ငံ ၃ နိုင်ငံ မှထုတ်လုပ်ထားတဲ့ တိုက်လေယာဉ် မျိုးစုံကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။
Rafale တိုက်လေယာဉ်များဟာ တနာရီကို ၂၂၀၀ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ကာ ၁၈၅၀ ကီလိုမီတာ အထိ တပ်ဖြန့်နိုင်ပါတယ်။
ဒီ 4.5 generation တိုက်လေယာဉ်များကို လေကြောင်းအကဲသာစစ်ဆင်ရေး၊ ကြားဖြတ်စစ်ဆင်ရေး၊ မြေပြင် တိုက်ခိုက်ရေး နှင့် သင်္ဘော တိုက်ခိုက်ရေး စစ်ဆင်ရေး တွေမှာ အသုံး ပြုနိုင်မှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အစောပိုင်းမှာ F-35 များဝယ်ယူဖို့ကိုပင် စိတ်ဝင်စားနေခဲ့ပြီး နောက်ပိုင်းမှာတော့ F-15 နောက်ဆုံး မျိုးဆက်များသာ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီ F-15EX တိုက်လေယာဉ်သစ်မှာ အဆင့်မြှင့်တင်ထားတဲ့ အာရုံခံစနစ်တွေ အပြင် ပေါင် ၂၉၅၀၀ အလေးချိန်ရှိမယ့် ဝေဟင်မှ ဝေဟင်ပစ် ချိတ်ဆွဲဖို့ hardpoint ၁၂ နေရာ သို့မဟုတ် ဝေဟင် မှမြေပြင်ပစ် ချိတ်ဆွဲဖို့ hardpoint ၁၅ နေရာ ပါဝင်လာပါတယ်။
တပ်ဆင်ထားတဲ့ အင်ဂျင်အသစ်ဟာလည်း ယခင်ထက် ပိုမိုစွမ်းဆောင်မှုကောင်းလာပြီး သက် တမ်းဟာ နာရီ ၂ သောင်းရှိပါတယ်။ ပျံသန်းမှု ကုန်ကျ စရိတ်ဟာလည်း F-35 တွေရဲ့ တဝက်သာ ရှိပါတယ်။
အင်ဒိုနီးရှား အာဏာပိုင်တွေ အဆိုအရ ၂၀၂၂ မှာ အမေရိကန်လေတပ်ဟာ ၎င်း၏ သက်တမ်းလွန်နေပြီဖြစ်တဲ့ F-15 C/D ၁၄၄ စီးကို အဆင့်မြှင့်ပြီးတဲ့နောက်မှာ အင်ဒိုနီးရှားအတွက် အဆိုပါ F-15 အသစ် ၆ စီး လက်ခံရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
Knowledgeworms Copyright © 2021