ကိုဗစ်တိုက်ထုတ်ဖို့ ကူညီနေတဲ့ အင်ဒိုနီးရှားက အိမ်လုပ်စက်ရုပ် Delta robot

News Tech

အင်ဒိုနီးရှားရွာသားများနှင့်သိပ္ပံပညာရှင်များက ဒီဇိုင်းပြုလုပ် ဖန်တီးထားသော အိမ်လုပ်စက်ရုပ်ကို  ကပ်ရောဂါကာလအတွင်း အသုံးပြုမှု အသစ်တစ်ခု အဖြစ် အပျော်သဘော တွေ့ရှိခဲ့ကြပါတယ်။

ကိုဗစ်ကူးစက် ခံထားရလို့ သီးခြားနေထိုင်သူများထံ အစားအစာများ၊ မျှော်လင့်ချက်အပြုံးများကို ၎င်းစက်ရုပ်မှ သယ်ဆောင်လာ ပေးလိမ့်မည်ဖြစ်ပါတယ်။

၎င်းအိမ်လုပ်စက်ရုပ်ကို အိမ်သုံးပစ္စည်းများဖြစ်သည့် အိုးများ၊ခွက်များနှင့်ရုပ်မြင်သံကြားစက်အဟောင်းများကဲ့သို့သော အရာဖြင့် စု‌‌ပေါင်းတည်‌ ဆောက်ထားတာဖြစ်ပြီး  အင်ဒိုနီရှားတွင်လည်း Dalta မျိုးကွဲ ပျံ့နှံ့နေခြင်းကြောင့် Dalta robot လို့ အမည်ပေးထားပါတယ်။

ဒီ မျိုးကွဲသစ် Dalta ဗိုင်းရပ်ပျံပွားခြင်းနှင့်အတူ ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေများပြားလာတဲ့ အတွက် သီးသန့်ခွဲနေထိုင်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ စက်ရုပ်ဖြင့် ပိုးသတ်ဆေးဖြန်းတာ၊ အစားအ‌သောက်တွေ ပို့တာကအစ ပြုလုပ်ပေးဖို့ ကျွန်ုပ်တို့ဆုံးဖြတ်ထားပါတယ်” ဟု စီမံကိန်းကို ဦးဆောင်သူလည်းဖြစ် ရပ်ကွက်ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ၅၃ နှစ် အရွယ် Aseyanto  ဆိုသူက ပြောပါတယ်။

စက်ရုပ်၏ ဦးခေါင်းကို ထမင်းပေါင်းအိုးဖြင့် ပြုလုပ်ထားပါတယ်။ ၁၂ နာရီ အားခံသည့် ဘက်ထရီ ပါဝင်ပြီး အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်လုပ်‌ဆောင်ရပါတယ်။ ၎င်းစက်ရုပ်ဟာ Tembok Gede ရွာ၌ ပြုလုပ်ထားသည့် စက်ရုပ်များစွာထဲမှ တစ်ခုဖြစ်ပြီး ၎င်းရဲ့နည်းပညာ ဖန်တီး အသုံးပြုမှုကြောင့် နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။

သီးသန့်ခွဲနေထိုင်သူတွေရှိတဲ့ ရပ်ကွက်လမ်းပေါ်တွင် ၎င်းစက်ရုပ်မှ “ငြိမ်းချမ်းပါစေ၊ သင်နှင့်အတူရှိပါတယ်” ဟူသော အသံမက်ဆေ့ခ်ျကို စပီကာဖြင့် ထုတ်လွင့် ပေးပြီး အစားအစာများကို ပို့ဆောင်ပေးပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အာရှ၏ ကိုဗစ် ကူးစက်ပျံ့နှံ့မှု၏ ဗဟိုချက်ဖြစ်ခဲ့ပြီး လူ ဦးရေ ၂၇၀ သန်းကျော် ကူးစပ်ခံခဲ့ရပြီး သေဆုံးမှုပေါင်း ၁၀၈,၀၀၀ ကျော်ရှိခဲ့ပါသည်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *