ပင်လယ်နှင့် ကောင်းကင်ပြင် နှစ်နေရာစလုံးမှာ အပျော်စီးနင်းနိုင်စေမည့် AirYacht အကြောင်း

Innovation Tech

အနာဂတ်စိတ်ကူးများ ဖန်တီးခြင်းနှင့် ပတ်သက်လာလျှင် လေကြောင်းနှင့်​ ရေကြောင်းသွားလာမှုဟာ ကမ္ဘာကို လွှမ်းမိုးနိုင်တဲ့ အစိတ်တပိုင်းတစ်ခုဖြစ်ပြီး ယခုအခါ ဒီဇိုင်းအသစ်အဆန်းများဖြင့် အနာဂတ်သို့ ခြေလှမ်းများစွာ လှမ်းလာခဲ့ကြပါတယ်။

ဖန်တီးမှု ဒီဇိုင်းအားလုံးဟာ အံ့သြဖွယ်ကောင်းသော်လည်း၊ AirYacht ဟာ ကောင်းကင်နှင့် ပင်လယ်ကိုဖြတ်၍ သက်တောင့် သက်သာရှိတဲ့ စူပါရွက်သင်္ဘော တစ်စင်းရဲ့ စွမ်းဆောင်မှုနှင့်အတူ လေသင်္ဘောတစ်စီးရဲ့ စွမ်းအားကို ပေါင်းစပ်ပေးထားသည့် အတွက် ပိုမို ထင်ရှား ထူးခြားပါတယ်။

Switzerlandနိုင်ငံမှ အင်ဂျင်နီယာ Guillaume Hodde နှင့် Matthieu Ozanne တို့မှ တည်ထောင်ခဲ့သော AirYacht ကုမ္ပဏီမှ တီထွင်ထားသည့် AirYacht ဟာဆိုရင် မီတာ 200 ရှည်လျားတဲ့ ဟီလီယမ်ဖြည့်ထားသော ​လေသင်္ဘောဖြစ်ပြီး မီတာ 60 အရှည်ရှိ အလွန်ပေါ့ပါးသော ကာဗွန်စူပါရွက်လှေ တွဲလျက်ပါရှိပါတယ်။

ပိုပြီးတော့ စွယ်စုံရဖို့ အတွက် ယာဥ်နှစ်စင်းကိုလည်း ပိုင်းခြားပြီး လွတ်လပ်စွာ အသုံးပြုနိုင်တယ်ဟု သိရပါတယ်။

Image: Courtesy of AirYacht

ပျံသန်းချိန်တွင် Yacht ဟာ လေယာဉ်သင်္ဘောရဲ့ အခန်းငယ် အဖြစ် အသုံးပြုနိုင်ပြီး ခရီးသည် ၁၂ ဦးအထိ ထားရှိနိုင်ပါတယ်။

တကယ်လို့ ရေထဲသို့ သွားလာလိုလျှင် Yacht ကို လေယာဉ်ပေါ်မှ ခွာနိုင်ပြီး ကေဘယ်ကြိုးများကို နိမ့်ချကာ ရေမျက်နှာပြင်သို့ ရောက်သည်အထိ ထိုကေဘယ်ကြိုးများကို ထုတ်လွှတ်နိုင်ပါတယ်။

အနာဂတ်တွင် ဟိုက်ဒရိုဂျင်ကို သီးသန့်လည်ပတ်ဖို့ မျှော်လင့်ထားပြီး ၎င်းကို ဟိုက်ဘရစ်တွန်းကန်စနစ်ဖြင့် မောင်းနှင်ထားပါတယ်။

၎င်းမှာဆိုရင် သင်္ဘောသား သုံးဦးအတွက်လည်း အခန်းများပါရှိပြီး တစ်နာရီကို ၉၂ ကီလိုမီတာနှုန်းအထိ ရောက်ရှိနိုင်ကာ မြေပြင်အထက် မီတာ 3,000 ခန့်အထိ ပျံသန်းနိုင်ပါတယ်။

Image: Courtesy of AirYacht

ဒါ့အပြင် အဆိုပါ လေသင်္ဘောမှာဆိုရင် ခရီးသည်များအား အောက်ခံရှုခင်းအလှတရားတွေကို အောက်သို့ငုံ့ကြည့်နိုင်စေမည့် သင်္ဘောကိုယ်ထည်အတွင်းမှာ ဖန်သားအမြောက်အမြားကို တပ်ဆင်ထားပါတယ်။

Air Yacht ဟာ အလွန်ပေါ့ပါးတဲ့ ကာဗွန်ဖြင့် ဖန်တီးထားပြီး လေခွင်းအားပြုသည့် သင်္ဘောကိုယ်ထည်ကို တပ်ဆင်ထားပါတယ်။

၎င်းမှာ အကြမ်းဖျင်းအားဖြင့် အခန်းငါးခန်း သို့မဟုတ် ခြောက်ခန်းပါ အခန်းအပြင်အဆင်တွင် ဧည့်သည် ၁၂ ဦးအထိ တည်း ခိုနိုင်ပါတယ်။

ဒါ့အပြင် Jacuzzi၊ ရေကူးကန်၊ spa၊ အားကစားခန်းမ၊ တင်ဒါများအတွက် ကားဂိုဒေါင်ကဲ့သို့သော စွဲမက်ဖွယ် ကောင်းတဲ့ အ ရာတွေလည်း ပါဝင်ပါတယ်။

Air Yachtဟာ ခရီးသည်များအား ပင်လယ်များအပြင် သဲကန္တာရနှင့် တောင်များအထက်သို့ ဖြတ်သန်းကာ ကမ္ဘာပေါ်ရှိ မည်သည့်နေရာသို့မဆို လွတ်လပ်စွာ သွားလာနိုင်ရန် ရည်မှန်းထားပြီး ရေကြောင်း နှင့် ကောင်းကင်ရဲ့ အလှကို ခံစားနိုင်ရန် ရည်ရွယ်ထားတယ်ဟု သိရပါတယ်။

Image: Courtesy of AirYacht

ဒါ့အပြင် ၎င်းဟာ ကုန်းတွင်း ခရီးစဉ်များကို စူးစမ်းရှာဖွေရန် အတွက်လည်း အလားအလာကောင်းများကို လမ်းဖွင့်ပေး​နေ​ပါတယ်။

Lazzarini မှာလည်း ထိုကဲ့သို့သော ဟီလီယမ်လေယာဉ်များနှင့်လည်း တွဲဖက်အသုံးပြုနိုင်ပြီး ကောင်းကင် သို့မဟုတ် ပင် လယ်ကိုဖြတ်ကျော်နိုင်သော အလွန်ဆင်တူသော ဒီဇိုင်း​တွေရှိပါတယ်။

အဆိုပါ AirYacht ရဲ့ ပထမအကြိမ်ပေးပို့မှုကို 2026 နှစ်ကုန်တွင် ပြုလုပ်ဖို့စီစဉ်ထားသော်လည်း ဈေးနှုန်းကို ထုတ်ဖော် ပြောကြားခြင်း မရှိသေးကြောင်း သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.