လင်းပိုင်လေးတွေနဲ့ ပတ်သတ်ပြီး အံ့သြစရာတွေကတော့ ဘယ်တော့မှ ကုန်မှာမဟုတ်ပါဘူး။
သုတေသီတွေက ရေနေနို့တိုက်သတ္တဝါတွေရဲ့ ရေအောက်ကမ္ဘာကို စူးစမ်းလေ့လာကြည့်တဲ့အခါမှာ ၎င်းတို့ရဲ့ ရှုပ်ထွေးလှတဲ့ နေထိုင်မှုပုံစံတွေကနေ အသိဉာဏ်တွေအထိ အံ့သြစရာတွေ ပြည့်နှက်နေတာကို တွေ့ရပါတယ်။
အောက်ဖော်ပြပါအချက်တွေကတော့ လင်းပိုင်လေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ထူးခြားချက် တစ်ချို့ပဲ ဖြစ်ပါတယ်။
(၁) လင်းပိုင်တွေဟာ ကုန်းတိရိစ္ဆာန်တွေကနေ ဆင့်ကဲပြောင်းလဲ ဖြစ်ပေါ်လာတာပါ
လင်းပိုင်တွေဟာ ရေထဲမှာ အမြဲ မနေခဲ့ကြပါဘူး။ လင်းပိုင်တွေရဲ့ ဘိုးဘေးတွေမှာ ခွာပါတဲ့ နို့တိုက်သတ္တဝါတွေလို ခွာကဲ့သို့ ခြေချောင်းပါကြပြီး မြေပြင်၌ ကျင်လည်ကျက်စားခဲ့ကြတယ် ဟု ဆိုပါတယ်။
သို့ပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းသန်း ၅၀ လောက်က ဒီဘိုးဘေးတိရိစ္ဆာန်တွေက သမုဒ္ဒရာဟာ သူတို့အတွက် နေထိုင်ကျက်စားရ ပိုကောင်းတဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပြီး ယနေ့ ကျွန်ုပ်တို့ သိတဲ့ လင်းပိုင်တွေအဖြစ် ဆင့်ကဲပြောင်းလဲ ဖြစ်ပေါ်လာပါတယ်။
ဒီဆင့်ကဲပြောင်းလာတဲ့ သမိုင်းကြောင်းဖြစ်စဥ်ကို ယနေ့ခေတ် လင်းပိုင်အရိုးစုများတွင် တွေ့နိုင်ပါတယ်။
အရွယ်ရောက်ပြီးသားလင်းပိုင်တွေမှာ သေးငယ်တဲ့ ခြေလက်အင်္ဂါ အရိုးစု အကြွင်းအကျန်တွေကို တွေရပါတယ်။
(၂) လင်းပိုင်တွေဟာ ရက်သတ္တပတ်အထိ မအိပ်ဘဲ နေနိုင်ကြပါတယ်
၂၀၁၂ လေ့လာမှုတစ်ခုအရလင်းပိုင်တွေဟာ သူတို့ရဲ့ echolocation စွမ်းရည်ကို အောင်မြင်စွာအသုံးချနိုင်ကြပြီး အိပ်စက်ခြင်း နှင့် အနားယူခြင်းတို့ လုံးဝမရှိဘဲ ၁၅ ရက်ဆက်တိုက် သွားလာ ကျက်စားနိုင်ကြတာကို တွေခဲ့ရပါတယ်။
တစ်နည်းအားဖြင့်ဆိုရသော် လင်းပိုင်တွေက အိပ်စက်ဖို့ လုံးဝမလိုအပ်ပါဘူး။
လင်းပိုင်တွေဟာ သွားလာကျက်စားရင်း သူတို့ရဲ့ ဦးနှောက်တစ်ခြမ်းကို အနားယူလေ့ရှိပါတယ်။ အဆိုပါဖြစ်စဥ်ကို unihemispheric sleep ဖြစ်စဥ် ဟုလည်း ခေါ်ဆိုကြပါတယ်။

လင်းပိုင်တွေဟာ အသက်ရှုဖို့ သမုဒ္ဒရာမျက်နှာပြင်ပေါ်သို့ သွားဖို့ လိုအပ်ပါတယ်၊ သူတို့ဟာ အသက်ရှုရန် နှင့် ရေနစ်ခြင်းတွေကို ရှောင်ကြဥ်နိုင်ဖို့ အမြဲတန်း နိုးနိုးကြားကြား ရှိစေဖို့ လိုပါတယ်။
ဒီလိုနိုးနိုးကြားကြားရှိတာဟာ သူတို့ကို သားကောင်တွေရန်မှ ကာကွယ်ပေးပါတယ်။
လင်းပိုင်ပေါက်စလေးတွေကလည်း မွေးပြီး ရက်သတ္တပတ်အတော်ကြာအောင် မအိပ်ကြပါဘူး။
သုတေသီတွေက ဒါဟာ လင်းပိုင်ပေါက်စလေးတွေကို သားရဲတွေလက်က လွတ်မြောက်စေပြီး ခန္ဓာကိုယ်အဆီကို စုဆောင်းစေကာ အပူချိန် ကိုလည်း မြှင့်တင်ပေးတယ်ဟု ဆိုပါတယ်။
ဒါအပြင် အိပ်စက်ခြင်းမရှိတာဟာ လင်းပိုင်တွေကို ဦးနှောက်ကြီးထွားမှုကို အားပေးတယ် ဟု ယုံကြည်နေကြပါတယ်။
(၃) လင်းပိုင်တွေဟာ အစာကို ဝါးမစားကြပါဘူး
ကျွန်ုပ်တို့အနေနဲ့ လင်းပိုင်လေးတွေ အစာစားတာမြင်ဘူးမယ်ဆိုရင် သူတို့မျိုချတာကို ကျွန်ုပ်တို့အနေနဲ့ သတိထားမိကြမှာပါ။ အကြောင်း က လင်းပိုင်တွေဟာ မဝါးကြပါဘူး။
သူတို့ရဲ့သွားတွေကို သားကောင်ကို ကိုက်ချီထားဖို့ အသုံးပြုကြပါတယ်။ များသောအားဖြင့် လင်းပိုင်တွေဟာ သူတို့အစာကို မျိုချဖို့ လှုပ်ခါတာဘဲ ဖြစ်ဖြစ် ၊ ပင်လယ်ကြမ်းပြင်နဲ့ ပွတ်ဆွဲတာ ဖြစ်ဖြစ် အပိုင်းလေးတွေရအောင် ပြုလုပ်ကြပါတယ်။
သူတို့ဝါးမစားတာနဲ့ ပတ်သတ်ပြီး သီအိုရီတစ်ခုက သူတို့ရဲ့ အစာဖြစ်တဲ့ ငါးက အဝေးကို ရေကူးမသွားခင်မှာ မြန်မြန်မျိုချစားသောက်ဖို့လိုပါတယ်။ ဝါးမစားဘဲ မျိုချတာဟာ သူတို့အစာကို လွတ်မသွားစေတာကို တွေ့ရပါတယ်။
(၄) လင်းပိုင်တွေကို အမေရိကန်စစ်တပ်တွေမှာ အသုံးပြုကြပါတယ်
၁၉၆၀ ခုနှစ်ကတည်းက အမေရိကန်ရေတပ်ဟာ ရေအောက်မိုင်းတွေကို ရှာဖွေဖို့ လင်းပိုင်တွေကို အသုံးပြုခဲ့ကြပါတယ်။ မိုင်းရှာခွေးတွေက အနံ့ကို အသုံးပြုသလို လင်းပိုင်တွေကတော့ echolocation ကို အသုံးပြုပါတယ်။
အထူးသဖြင့် အရာဝတ္တု ဧရိယာတွေကို စကန်ဖတ်စစ်ဆေးသလို sensor တွေပါရှိတာဟာ သူတို့အတွက် သာလွန်တဲ့ စွမ်းရည်ဖြစ်ကြပြီး သူတို့ကို မိုင်းတွင်းတွေကို ဝင်ရောက်စေကာ အစက်အပြောက် အမှတ်အသားများ ချပေးနိုင်ပါတယ်။
လင်းပိုင်တွေရဲ့ echolocation ကျွမ်းကျင်မှုဟာ လူသားတွေရဲ့ မည်သည့်နည်းပညာနဲ့မဆို တူညီသော အလုပ်လုပ်တာတွေထက် သာလွန်နေတာကို တွေ့ရပါတယ်။
တိရစ္ဆာန်အခွင့်အရေး ထောက်ခံသူတွေဟာ စစ်ရေးအတွက် လင်းပိုင်များကို အသုံးပြုခြင်းကို ဆန့်ကျင်သောကြောင့် အဆိုပါ ရေတပ်အစီအစဉ်တွေဟာ အလွန်အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
စိုးရိမ်စရာကောင်းတာက လင်းပိုင်တွေကို နေရာသစ်တွေမှာ အစားထိုးလုပ်ကိုင်ခြင်းတွေဟာ မိုင်းတွင်းမတော်တဆ ပေါက်ကွဲမှုတွေကို ကြုံတွေ့ရစေနိုင်ပါတယ်။
US Navy Marine Mammal Program ဟာ ၎င်းတို့၏ လင်းပိုင်များအား စောင့်ရှောက်မှုတွေနှင့် ပတ်သက်တဲ့ ဖက်ဒရယ်ဥပဒေများ နှင့်အညီ ထိန်းသိမ်းထားသော်လည်း တက်ကြွ လှုပ်ရှားသူတွေက ခေါင်းပုံဖြတ်မှုများကို ဆက်လက် တိုက်ဖျက်ခဲ့ကြပါတယ်။
(၅) လင်းပိုင်တွေဟာ ပစ္စည်းကိရိယာတွေကို အသုံးပြုတက်ကြပါတယ်
သုတေသီတွေက သြစတေးလျနိုင်ငံ ၊ Shark Bay တွင် နေထိုင်ကြတဲ့ လင်းပိုင်တွေဟာ ကိရိယာတွေကို အသုံးပြုတက်တယ်ဟု ဆိုပါတယ်။
တစ်ချို့က ပင်လယ်ကြမ်းပြင်က ကတော့ပုံစံ ပင်လယ်ရေမြုပ်တွေကို ရှာဖွေပြီး ခွာယူတက်ကြပါတယ်။ ပြီးတော့ သူတို့နှုတ်သီးနဲ့ ရေမြုပ်တွေကို အမဲလိုက်မြေကို သယ်ဆောင်သွားကြပြီး သဲတွေအောက်မှ ပုန်းနေတက်တဲ့ ငါးတွေကို ဖမ်းယူရှာဖွေဖို့ အတွက် အသုံးပြုတက်ကြပါတယ်။

အဆိုပါ အပြုအမူကို sponging ဟု ခေါ်ဆိုကြပြီး ဒါဟာ cetaceans များတွင် ကိရိယာ အသုံးပြုမှုရဲ့ ပထမဆုံး ဥပမာမဟုတ်ပါဘူး။
သုတေသီတွေကတော့ ဒါဟာ သူတို့ရဲ့ နှုတ်သီးတွေကို အမဲလိုက်တဲ့နေရာမှာ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးတယ်ဟု တွေးကြပါတယ်။
(၆) လင်းပိုင်တွေဟာ မိတ်ဆွေဖွဲ့တက်ကြပါတယ်
Shark Bay ရှိ လင်းပိုင်အုပ်စုတစ်ခုတည်းကို လေ့လာခြင်းအားဖြင့် သုတေသီတွေက ကလင်းပိုင်တွေဟာ အကျိုးတူမိတ်ဆွေများအပေါ် အခြေခံ၍ မိတ်ဆွေဖွဲ့တက်သည်ကို တွေ့ရှိခဲ့ကြပါတယ်။
အဆိုပါ အပြုအမူတွေကို လင်းပိုင်အထီးတွေမှာ တွေ့ရနည်းတဲ့အတွက် သုတေသီတွေက သူတို့ကို အာရုံစိုက်ခြင်းဖြင့် လင်းပိုင်ဆက်ဆံရေးကို တိုးတက်စေနိုင်တဲ့ နည်းလမ်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
လင်းပိုင်အထီးတွေကို တခြား လင်းပိုင်အထီးတွေနဲ့အတူတူ လေ့ကျင့်ကစားပေးခဲ့ပြီး ဒါဟာ မိတ်ဆွေဖွဲ့ခြင်းအတွက် အရေးကြီးတဲ့ အချက်ဖြစ်ကြောင်း ညွှန့်ပြနေပါတယ်။
(၇) လင်းပိုင်တွေဟာ အချင်းချင်းနာမည်ဖြင့် ခေါ်ကြပါတယ်
လင်းပိုင်တွေရဲ့ ဆက်သွယ်ပြောဆိုတက်တာကို ကျွန်ုပ်တို့ သိကြပေမဲ့ ၂၀၁၃ ခုနှစ်တွင် ထုတ်ဝေခဲ့သောလေ့လာမှုတစ်ခုအရ သူတို့ရဲ့ ဆက်သွယ်ရေးစွမ်းရည်တွင် နာမည်များကို အသုံးပြုနိုင်တာကို တွေ့ခဲ့ရတယ်။
လင်းပိုင် ခုနှစ်ကောင်ကို အိုးထဲတွင်ထဲ့ထားပြီး တစ်ကောင်ခြင်းဆီကို နာမည်ကဲ့သို့ ထူးခြားသော လက္ခဏာဖြစ်တဲ့ အမှတ်အသားလေချွန်သံကို သတ်မှတ်ပေးထားပါတယ်။
သုတေသီတွေက သူတို့ရဲ့ အမှတ်အသားလေချွန်သံကို မှတ်သားပြီး အိုးထဲသို့ ပြန်ထဲ့ထားကြပါတယ်။ လင်းပိုင်တွေဟာ သူတို့ရဲ့ကိုယ်ပိုင် အမှတ်အသားလေချွန်သံကို မှတ်မိကြပြီး ပြန်လည်အသိအမှတ်ပြုတာကို တွေ့ခဲ့ရပါတယ်။
လင်းပိုင်တွေဟာ လူမှုဆက်ဆံရေးမြင့်မားတဲ့ မျိုးစိတ်တစ်ခုဟု ယူဆရတာကြောင့် အဝေးကိုရောက်နေလည်း အဆက်အသွယ်မပြတ်ရန်လိုအပ်ပါတယ်။
ဒါ့ကြောင့် လင်းပိုင်တွေဟာ လူအများနည်းတူ နာမည်တွေကို ဆက်သွယ်ပြောဆိုတဲ့နေရာမှာ အသုံးပြုနိုင်တာ တွေ့ရပါတယ်။
(၈) လင်းပိုင်တွေဟာ အဖွဲ့တစ်ခုအနေနဲ့ အတူတကွ လုပ်ဆောင်နိုင်ကြပါတယ်
နာမည်များနှင့် ဆက်သွယ်ခြင်းအပြင် လင်းပိုင်တွေဟာ လူသားတွေ ယခင်က ထူးခြားတဲ့ စွမ်းဆောင်ရည်ဟု ထင်ထားကြတဲ့ အဖွဲ့လိုက်အတူတကွ လုပ်ဆောင်နိုင်ကြတာကိုလည်း တွေ့ရပါတယ်။
၂၀၁၈ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့သုတေသန တွေ့ရှိချက်များအရ လင်းပိုင်တွေဟာ သူတို့ရဲ့ စမ်းသပ်ချက်တွေကို အတူတကွ လုပ်ဆောင်အောင်မြင်တာကို တွေ့ခဲ့ရပါတယ်။
စမ်းသပ်မှုတွင် လင်းပိုင်တစ်စုံကို သီးခြားရေအောက် ခလုပ်နှစ်ခု ကို တစ်ပြိုင်နက် နှိပ်ခြင်းတို့ ပါဝင်ပါတယ်။ လင်းပိုင်တွေဟာ သူတို့စမ်းသပ်ကို အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်တာကို အံ့သြဖွယ်တွေ့ရှိခဲ့ရပါတယ်။
(၉) လင်းပိုင်တွေဟာ fish toxins ပေါ်တွင် အမြင့်ဆုံးရောက်ပါတယ်
ငါးပူတင်းတွေဟာ ပြင်းထန်သော အဆိပ်များကို သယ်ဆောင်ကြပြီး အနားငယ် စားသုံးမိလျှင် မူးယစ်စေတက်ပါတယ်။ လင်းပိုင်တွေဟာ ဒီအချက်ကို ရှာဖွေ တွေ့ရှိခဲ့ကြပြီး သူတို့ အပန်းဖြေ ဆော့ကစားဖို့ အတွက် အသုံးပြုတက်ကြပါတယ်။

၂၀၁၃ ခုနှစ်တွင် BBCဟာ လင်းပိုင်တွေကို ငါးပူတင်းတွေနဲ့ ကစားခိုင်းခဲ့ကြပြီးနောက် လင်းပိုင်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ထင်ဟက်မှုတွေနဲ့ စွဲမက်ပုံရတဲ့ မျက်နှာပြင်ပေါ်မှာ လည့်ပတ်နေတာကို ရိုက်ကူးခဲ့ကြပါတယ်။
(၁၀) လင်းပိုင် မျိုးစိတ် ၃၆ မျိုးရှိပါတယ်
လင်းပိုင်အမျိုးအစား တစ်မျိုးထက် ပိုရှိပါတယ်၊ တကယ်တော့ လင်းပိုင်မိသားစု Delphinidae မှာ မျိုးစိတ် ၃၆ မျိုး ပါ၀င်ပါတယ်။
ဒီအချက်ဟာ လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေတွေပေါ်မှာလည်း များစွာကွာခြားပါတယ်။
လူသိများတဲ့ bottlenose dolphin (Tursiops truncatus)လို့ခေါ်တဲ့ လင်းပိုင်တွေအပြင် လင်းပိုင်မျိုးစိတ်များစွာဟာ ရှင်သန်ကြီးထွားနေကြပါတယ်။
အဏ္ဏဝါနို့တိုက်သတ္တဝါ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ နှင့် မျိုးသုဉ်းရန်အန္တရာယ်ရှိတဲ့ မျိုးစိတ်များ ဥပဒေအောက်တွင် မျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်တဲ့ baiji (Lipotes vexillifer) အပါအဝင် တခြားမျိုးသုန်းလုနီးပါးလင်းပိုင်မျိုးစိတ်တွေကိုပါ အဆင့်ဆင့် ထိန်းသိမ်းစောင့်ရှောက်ထားကြပါတယ်။
လင်းပိုင်မျိုးစိတ်တွေကို ကာကွယ်ဖို့ ကျွန်ုပ်တို့ ကူညီနိုင်တဲ့ နည်းလမ်းကတော့ တစ်ခါသုံး ပလတ်စတစ် စွန့်ပစ်ခြင်းကို အတက်နိုင်ဆုံး ရှောင်ကြဥ်ရမှာဘဲဖြစ်ပါတယ်။
ဒီအရာတွေ သမုဒ္ဒရာထဲရောက်တဲ့အခါ ပယ်လယ်နေသတ္တဝါတွေအတွက် အန္တရယ်ရှိနိုင်ပါတယ်။
ဒါကြောင့် ရေနေသတ္တဝါတွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ ကျွန်ုပ်တို့ အနေနဲ့ ရေရှည်တည်တံ့သော ငါးလုပ်ငန်းမှ ငါးများကိုသာ ၀ယ်ယူကြဖို့ သို့မဟုတ် ငါးတွေကို ဝယ်ယူစားသုံးခြင်းမပြုကြဖို့ နှင့် ကမ်းခြေသန့်ရှင်းရေး အစီအစဉ်များတွင် ပါဝင်လုပ်ဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။