John Wick ရုပ်ရှင် ဇာတ်လမ်းတွဲများ နောက်ကွယ်မှ ရူးသွပ်စရာ ကောင်းသည့် အချက်များ

Article Knowledge

John Wick ဇာတ်လမ်းကို ၂၀၁၄ခုနှစ်မှာ ရုပ်ရှင်ရုံများမှာ ရုံတင်ပြသခဲ့ပြီး နောက်ပိုင်း တစ်နှစ်တာ၏ အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်လမ်း ဖြစ်လာပါတယ်။

ဇာတ်လမ်း တွေ နောက်ကွယ်က မြင်ကွင်းတွေက သင်ထင်ထားတာထက် ပိုပြီး သဘောကျ ခံစားလို့ကောင်းတဲ့ အက်ရှင်ဇာတ်လမ်းဖြစ်လာမှာပါ။

ဒီ ဇာတ်လမ်းရဲ့ အဓိက မင်းသားကြီး Keanu Reeves ဟာ သူရဲ့ ဇာတ်လမ်းမှာ အသုံးပြုဖို့အတွက် ဂျူဒို ကအစ ” car -fu ” စတန့် ပညာ အားလုံးကို သင်ယူခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတွဲ ရိုက်ကူးရာတွင် ရုပ်ရှင်၏တွဲဖက်ဒါရိုက်တာ Chad Stahelski နှင့် David Leitch တို့၏ အတွေးအမြင်တွေကို သင်မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်လုံးဟာ The Matrix မှာ စတန့် ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်.

ရုပ်ရှင်သမိုင်းတွင် သူရဲကောင်းမဟုတ်တဲ့အဓိက ဇာတ်ရုပ်တွေသွေး သံရွှဲရွှဲ သရုပ်ဆောင်မှုတွေဟာ ကျယ်ပြန့်ပြီး စိတ်ဝင်စားစရာကောင်းတာတွေကို မင်းသားကြီးKeanu Reeves က သရုပ်ဆောင်ပြခဲ့ပါတယ်။

ဒါရိုက်တာ Chad Stahelski က ပထမJohn Wick ဇာတ်လမ်းကဲ့သို့ ဒုတိယ ဇာတ်လမ်းတွဲကလဲ အံ့မခန်းဖြစ်ကြောင်း အာမခံပြောကြားခဲ့ပါတယ်။

John Wick ဇာတ်လမ်းတွဲ (၂)မှာတဲ့ ကြေးမှုံအခန်းကို လပေါင်းများစွာ ဘယ်လို​အချိန်ယူရိုက်ကူးခဲ့သလဲ။

လူတိုင်းက ဒါရိုက်တာ Chad Stahelski နှင့် စတန့် ညှိနှိုင်းရေးမှူး J.J. Perry ကို ကြေးမှုံအခန်းကို ရိုက်ကူးရန် အလွန်ခက်ခဲမယ်ဟု ပြောကြသော်လဲ သူတို့က နားမထောင်ခဲ့ပေ။

ဒါရိုက်တာ Chad Stahelski က John Wick နောက်ဆက်တွဲ ဇာတ်လမ်းကို အရင်ဇာတ်လမ်းထက်ပိုပြီး နာမည်ကြီး ပိုကြမ်းအောင် မင်း သားကြီး Bruce Lee ရဲ့ Enter the Dragon ဇာတ်လမ်းက ကြေးမှုံခန်းပုံစံ ရိုက်ကူးဖို့ စိတ်ကူးရခဲ့ပုံ ရပါတယ်။

ဒီကြေးမှုံခန်းကို ရိုက်ကူးရန်အတွက် အချိန်တွေ စိတ်ရှည် သည်းခံမှုတွေ သင်တန်းတွေနဲ့ စနစ်တကျ စီစဥ်ပြီး ရိုက်ခဲ့ရပါတယ်။

“ကြေးမှုံမြင်ကွင်းရဲ့ ကြိုတင် ထုတ်လုပ်ခြင်း အဆင့်များကို ညှိနှိုင်းရန် လပေါင်းများစွာ ကြာပါတယ်။

ကင်မရာနဲ့မရိုက်ကူးခင် သုံးလလောက် အလိုထဲက လုပ်ဆောင်မှု အစီအစဥ်တွေကို စတင်ပြင်ဆင်ခဲ့တယ်။

ပြီးတော့ တခြားအဖွဲ့တွေမတူဘဲ ကင်မရာမန်းတွေကပါ အစမ်းလေ့ကျင့်တဲ့နေရာမှာ ပါဝင်ကြတယ်” ဟု ဒါရိုက်တာ Chad Stahelski ကပြောခဲ့တယ်။

အဆုံးမှာဆိုရင် ရိုက်ကွင်းတစ်ခုဆီကို ၅ရက်ကြာမြင့်ခဲ့ပြီး ရက်၅၀ စာ ရိုက်ကူးရေးအစီအစဥ်ရဲ့ ၁၀ ရာခိုင်နှုန်းသာ ဖြစ်ပါတယ်။

မင်းသားကြီး Keanu Reeves ဟာ ကိုယ်ပိုင် စတန့်အားလုံးနီးပါး ပြုလုပ်ခဲ့သည်။

John Wick သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အကြမ်းဆုံးအက်ရှင် ဇာတ်ကားများထဲမှ တစ်ခုဖြစ်တယ်။

မင်းသားကြီး Keanu Reeves ဟာ professional တိုက်ခိုက်ရေးသမားတွေနဲ့ တွဲဖက်သရုပ်ဆောင်ပြီး ကိုယ်ပိုင်စတန့်တွေကို ပြုလုပ်ရာမှာ တွန့်ဆုတ်မနေပါဘူး။

ဒါပေမဲ့ မင်းသားကြီး Keanu Reeves ဟာ နှိမ့်ချတက်တဲ့သူတစ်ယောက် ဖြစ်ပြီး “သူ ဘာစတန့်မှ မလုပ်ဖူး, စတန့် သမားတွေဘဲ စတန့်လုပ်တာလို့” ပြောခဲ့ပါတယ်။

“သူ့ကိုဘာလုပ်သလဲ” ဟု မေးရင်တော့ မင်းသားကြီး Keanu Reeves က “ရုပ်ပိုင်းဆိုင်ရာသရုပ်ဆောင်မှုတွေလုပ်တယ်; အဲ့ထဲမှာ လူတွေကိုကျော်ဖြတ်တယ်: ပြေးတယ်:လွှားတယ် ” ဒါလောက်ပါဘဲ ဟု ပြောလေ့ရှိပါတယ်။

‘John Wick’ ဇာတ်လမ်းတွဲတွင် ခဲတံနှင့်တိုက်ခိုက်သည့်အခန်းပါဝင်လာခြင်း

ပထမဆုံး ‘John Wick’ ရုပ်ရှင်၌ လူသတ်သမားက ခဲတံတစ်ချောင်းထဲနဲ့ လူသုံးယောက်ကိုဘားတစ်ခုမှာ သုတ်သင် ခဲ့တယ် ဆိုပြီး ကောလဟာလ တစ်ခုရှိတယ်။

မင်းသားကြီး Keanu Reeves က ရုပ်ရှင်နောက်ဆက်တွဲကားတွေမှာ ကောလဟာလ ကနေ အမှန်တကယ် တိုက်ခိုက်တဲ့အခန်း ထဲ့သွင်းခဲ့ပါတယ်။ ဒါကြောင့် Reeves က ပထမကားမှာထဲက ထဲ့သွင်းဖို့ စဥ်းစားခဲ့ပြီး ဒုတိယကားမှာ ခဲတံနဲ့ တိုက်ခိုက်တဲ့အခန်း ပါဝင်ခဲ့​​​ခြင်း ဖြစ်ပါ တယ်။

John Wick နောက်ဆက်တွဲ ဇာတ်ကား မှာလည်း ”car – fu” စတန့် ပါဝင်လာခြင်း

မင်းသားကြီး Keanu Reeves က John Wick ရုပ်ရှင်ဇာတ်လမ်းနှစ်ခုလုံးမှာ ကိုယ်ပိုင်စတန့်တွေအများစုကို အသုံးပြုခဲ့ပါတယ်။

ဒါရိုက်တာက ဒုတိယကားမှာ သူ့ကို ” ကားထဲကိုဝင်, နောက်ပြန်မောင်းပြီး နောက်ကားတစ်စီးကိုဝင်တိုက်ခိုင်းတယ် ” ရီစရာကောင်းတာက ကားကိုဝင်တိုက်ပြီး ပြန်အထွက်မှာ လက်ထဲ စတီယာရင်ကြီး ပါလာတာဘဲ လို့ ပြောခဲ့ပါတယ်။

စတန့်ညှိနှိုင်းရေးမှူး Darrin Prescott က ရုပ်ရှင်တွေမှာ ကားကိုလက်နက်ကဲ့သို့ အသုံးပြုတာဟာ ရှုပ်ထွေးတဲ့ ကားစတန့် (car – fu)များလို့ ပြောသည်။ ကားစတန့် တွေအများစုက ကျွမ်းကျင်တဲ့သူတွေကဘဲ ကိုင်တွယ်ကြပါတယ်။

နောက်ဆက်တွဲဇာတ်လမ်းတွေမှာ (၁၉၆၉) ထုတ် Mustangs ကားအမျိုးအစား ( ၅ ) မျိုးကို အသုံးပြုတာကို တွေ့ရပါတယ်။

မင်းသားကြီး Keanu Reeves ဟာ နောက်ဆက်တွဲဇာတ်လမ်းတွေ ရိုက်ကူးရန်အတွက် သုံးလလောက် ဘယ်လိုစခန်းသွင်း ပြင်ဆင်ခဲ့လဲ။

မင်းသားကြီး Keanu Reeves ဟာ နောက်ဆက်တွဲဇာတ်လမ်းတွေ ရိုက်ကူးရန်အတွက် ကိုယ်တိုင် ကြိုတင်​​​ ပြင်ဆင်ပြီး သုံးလလောက် စခန်းသွင်း လေ့ကျင့်ခဲ့ ရပါတယ်။

Reeves ဟာ ကိုယ်ခံပညာ၊ တိုက်ခိုက်ရေးအကတွေ ၊ စတန့်ကားမောင်းခြင်းတွေ နှင့် သေနတ် ပစ်ခတ်တာတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပါတယ်။

Reeves ဟာ မူလ ဇာတ်ကားမှာ ကတည်းက ဂျူဒို နဲ့ ဂျူဂျစ်စု တို့ကို လေ့ကျင့်ကျွမ်းကျင်ပြီးသား ဖြစ်ပါတယ်။ သို့သော် နောက်ဆက်တွဲကားတွေအတွက် ကောင်းသည်ထက် ကောင်းအောင် ကြိုးစားလျှက် ရှိပါတယ်။

သူက နေရာတိုင်းမှာ နာရီပေါင်းများစွာ သေနတ်မောင်းဆွဲပုံ​​တွေ၊ ကျည်ဖြည့်ပုံတွေ နှင့် သေနတ်ပစ်ပုံတွေ အပါအဝင် သေနတ် အလုပ်လုပ်ပုံ အားလုံးကို သင်ယူခဲ့ပါတယ်။

မင်းသားကြီး Keanu Reeves သည် ရိုက်ကူးရေးကာလအတွင်း တုပ်ကွေးဖြစ်ခဲ့သော်လည်း အနားယူရန် ငြင်းဆန်ခဲ့သည်။

John Wick ၏တွဲဖက်ဒါရိုက်တာ Chad Stahelski နှင့် David Leitch တို့သည်ရုပ်ရှင်၏ Blu-ray နှင့် DVD ဖြန့်ချိမှုအတွက်ဝေဖန်ချက်လမ်းကြောင်းတစ်ခုကို မှတ်တမ်းတင် ခဲ့ပါတယ်။

ဝေဖန်ချက်၏အထင်ကြီးဖွယ်ဖော်ပြချက်များအနက်မှတစ်ခုမှာ မင်းသားကြီး Reeves ဟာ နေမကောင်းသည့် ကြားမှ ရုပ်ရှင်၏ အနုစိတ်ဆုံး နှင့် စွဲမက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ခန်းတွေကို VIP အခန်းတွေ နှင့် ကလပ် လသာဆောင်တွေမှာ ရိုက်ကူးခဲ့ပါတယ်။

Reeves က တုတ်ကွေးနဲ့ဖျားနေတာတောင်မှ နှစ်ရက်လောက်ရိုက်ကူးရေးလုပ်ရတာတောင် အနားယူဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါရိုက်တာ Stahelski က “သူ့ကို ခဏထိုင်ခိုင်းတာတောင်မရဘူး ၊ စားသောက်ပီး တန်းရိုက်တာဘဲ” လို့ ပြောခဲ့ပါတယ်။

Eva Longoria သည်ထုတ်လုပ်သူအဖြစ် ပါဝင်ခဲ့ပါတယ်။

Eva Longoria ကို လူအများစုက Desperate Housewives ၌ Gabrielle အဖြစ် အကောင်းဆုံး သရုပ်ဆောင်မှုတွေက တဆင့် သိရှိခဲ့ကြ ပါတယ်။

Longoria သည် John Wick တွင် ထုတ်လုပ်သူ အဖြစ် ဆောင်ရွက် ခဲ့ပါတယ်။

တကယ်​တော့ John Wick ရဲ့ တွဲဖက်ဒါရိုက်တာတွေကို Eva Longoria အက်ရှင်ဇာတ်လမ်းမှာ ထုတ်လုပ်သူအနေနှင့် ပါဝင်လာတာကို မေး မြန်းတဲ့အခါ ” သူမကိုအပြင်မှာမတွေ့ဖူးပေမဲ့ သူတို့ရဲ့စစ် ဆေးမှုတွေကို ရေးသားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ” လို့ပြောကြားခဲ့ကြပါတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးက John Wick ရုပ်ရှင်ဇာတ်လမ်းရှည်ဟာ Eva Longoria ထုတ်လုပ်သူ လုပ်ခဲ့သော တစ်ခုထဲသော ဇာတ်လမ်း ဖြစ်ပါတယ်။

သူမဟာ TV စီးရီ များစွာကို ဒါရိုက်တာလုပ် ထုတ်လုပ်ခဲ့သော်လည်း အဓိကအားဖြင့် John Wick ဇာတ်လမ်းတွဲရဲ့ စတူဒီယို ရင်းနှီးမြှပ်နှံသူ ဖြစ်ပါတယ်။

John Wick’ နှင့် ‘Matrix’ အကြားဆက်စပ်မှု

The matrix ဇာတ်ကား က Neo နှင့် Morpheus တို့ ပြန်လည်တွေ့ဆုံခြင်းကို ဘယ်သူက မမြင်ချင်ဘဲနေမလဲ။

John Wick ဇာတ်လမ်းတွဲ (၂) ရဲ့ အမျှော်လင့်ဆုံး ရှုထောင့်များထဲက တစ်ခုက မင်းသား Keanu Reeves နဲ့ Laurence Fishburne တို့အကြား ကြီးမားတဲ့​ ပြန်လည်ဆုံစည်းခြင်း ဖြစ်ခဲ့ပါတယ်။

မူရင်းရုပ်ရှင်၏တွဲဖက်ဒါရိုက်တာနှစ် ဦး စလုံးသည် The Matrix ရုပ်ရှင် တွင်လည်း စတန့် ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

နောက်ဆက်တွဲ ဇာတ်လမ်းတွေကိုလဲ ဒါရိုက်တာ Chad Stahelski တစ်ဦးထဲကဘဲ ဆက်လက်ရိုက်ကူးခဲ့ပါတယ်။

John Wick ဇာတ်လမ်းတွဲ (၂) မှာ Laurence Fishburne ကို ထဲ့ရိုက်ကူးရန် အရေးကြီးပုံတွေကို သူက ဆွေးနွေး ခဲ့ပါတယ်။

John Wick ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ၏ နောက်ထပ်ထွက်လာမယ့် ရလဒ်

၎င်းနှင့် ဆင်တူသည့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတစ်ခု ရှိလိမ့်မည် ဟုပြောနေကြတာတွေက အမှန်ဘဲ ဖြစ်ပါတယ်။

ဒီအစီအစဥ် ကို Starz မှာ ပြသမှာဖြစ်ပြီး ” The Continental ” လို့ခေါ်ပါတယ်။

မင်းသား Keanu Reeves ဟာ ဇာတ်လမ်းတွဲမှာ ပါသည်ဖြစ်စေ ၊ မပါသည် ဖြစ်စေ တွဲဖက်အမှုဆောင် ထုတ်လုပ်သူ အဖြစ်ဆောင်ရွက်မှာဖြစ်ပါတယ်။

Starz အမှုဆောင်အရာရှိချုပ် Chris Albrecht က ” ဇာတ်လမ်းတွဲတွေက ရုပ်ရှင်တွေနဲ့ လိုက်လျောမှုမရှိပေမယ့် သင်ကြည့်ရတာ အံ့သြစရာကောင်းနေမယ်ဆိုရင် ပရိတ်သတ်တွေကို စိတ်ပျက်စေမှာမဟုတ်ဖူး” လို့​ပြောခဲ့ပါတယ်။

” The Continental ” က John Wick ရုပ်ရှင်မှာ ပြင်းပြင်း ထန်ထန် တိုက်ခိုက်တဲ့ ရန်ပွဲတွေ ၊ ဆရာကျတဲ့ သုတ်သင်မှုတွေ နှင့် အပြန် အလှန် ပစ်ခတ်မှုတွေ ကို ထဲ့သွင်းဖို့ ပရိတ်သတ်တွေကို ကတိပေးပါတယ်။

စတူဒီယို ခေါင်းကြီးပိုင်းတွေက ခွေးလေး diasy ကို မသေစေချင်ကြပါဘူး။

ရုပ်ရှင်ထဲမှာ ခွေးတစ်ကောင်သေတာထက်ပိုပြီး နှလုံးသားနာကျင်ခံစားရတာ တစ်ခုခုရှိသလား။

(တိရစ္ဆာန် ချစ်သူတွေဆို ပိုခံစားရမှာပါ)။ ခွေးလေး Diasy က သူ့မိန်းမသေဆုံး​​မှုအတွက် စိတ်သောကရောက်စေခြင်း ကူညီပေးပါတယ်။

ဒါပေမဲ့ ဇာတ်ကားမှာ ခွေးလေး Diasy ဟာ ရက်ရက်စက်စက် မပြနလမ်းကို အပို့ခံခဲ့ရပါတယ်။

ခွေးလေး Diasy ဟာ ဇာတ်လမ်း ဇာတ် ကွက်ရဲ့ မရှိမဖြစ်အရေးပါ သော်လည်း John Wick ဇာတ်လမ်းရဲ့ တွဲဖက်ဒါရိုက်တာတွေက ခွေးလေးမ သေ ရန် အကြံပြုသော စတူဒီယို မှတ်ချက်များ ပေးခဲ့​ကြပါတယ်။

ဒါရိုက်တာများသည် ဗီဒီယိုဖိုင်ရဲ့ မိနစ်လေးဆယ် နီးပါးကို ဖြတ်တောက်ခဲ့ရ။

တွဲဖက်ဒါရိုက်တာ Chad Stahelski နှင့် David Leitch တို့ ရှင်းလင်းချက်မှာ မူရင်းဖြတ်တောက်မှုကို ၂နာရီနဲ့ မိနစ် ၂၀ ကြာတယ်လို့ပြောတယ်။

ဒါဟာ မိနစ်၄၀ နီးပါး ဗီဒီယို ကိုဖြတ်တောက်ခဲ့ရတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် လက်စားချေတဲ့ရုပ်ရှင်တွေမှာ နောက်ဆုံးမော်ကွန်းတိုက်ပွဲမြင်ကွင်းတွေက မင်းသားနဲ့ ဗိလိန် အကြား ရေကုန်ရေခန်း တိုက်ခိုက်သော တိုက်ပွဲ ဖြစ်ပါတယ်။

သို့သော် ဒါရိုက်တာက တည်းဖြတ်တာ မှန်ကန်ကြောင်းပြခဲ့ပါတယ်။

John Wick ရုပ်ရှင်တစ်ကားလုံး တိုက်ခိုက်တာတွေ ၊ပစ်ခတ်တာတွေ၊ ဒါဇင်ပေါင်းများစွာသော လူဆိုးတွေ ကို နှိမ်နင်းတာတွေ ကို ပရိတ်သတ်တွေ John Wick ဇာတ်လမ်းမှာ တွေ့ရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *