တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ လေတပ်မှ စစ်လေယာဉ်များနှင့် ရေယာဉ်များကို ရုရှား နိုင်ငံသို့ စေလွှတ်လိုက်ကြောင်း သိရပါတယ်။
လေယာဉ်များတွင် J-10B နှင့် J-16 အမျိုးအစား တိုက်လေယာဉ်များ ပါဝင်ပြီး Aviadarts စစ်ဘက်ဆိုင်ရာ လေကြောင်း ပြိုင်ပွဲတွင် ပါဝင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ် မီီဒယာများမှ ဩဂုတ်လ ၁၄ ရက်နေ့က ဖော်ပြချက်များအရ သယ်ယူပို့ဆောင်ရေးနှင့် တိုက်လေယာဉ်များ အပါအဝင် စစ်ဘက်ဆိုင်ရာ လေယာဉ်များကို နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ကစားပွဲ၏ တစိတ်တပိုင်းဖြစ်တဲ့ Aviadarts ပွဲထုတ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
PLA ၏ လေတပ်ဟာ စစ်ဘက်ဆိုင်ရာ လေယာဉ်ပေါင်း ၁၁ စင်း ပေးပို့ခဲ့ပြီး ၎င်းတို့ထဲတွင် H-6K ဗုံးကြဲလေယာဉ်ကြီးမှား၊ J-10B နှင့် J-16 တိုက်လေယာဉ်များ၊ Y-20 ပို့ဆောင်ရေး လေယာဉ်ကြီးများ၊ Y-9 နည်းဗျူဟာ ပို့ဆောင်ရေး လေယာဉ်များ နှင့် လေကြောင်းချီ တပ်ဖွဲ့များ ပါဝင်ပါတယ်။
ရုရှား ကာကွယ်ရေး ဦးစီးဌာနက နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ကစားပွဲ ၂၀၂၁ ကို ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာ ၄ ရက်နေ့အထိ ကျင်းပမှာ ဖြစ်တယ်လို့ သောကြာနေ့က တရုတ် သတင်းဌာန တခုဖြစ်တဲ့ ဆင်ဟွာ သတင်းဌာန မှ ဖော်ပြခဲ့ပါတယ်။
H-6K ဗုံးကြဲလေယာဉ်များ၊ J-10B နှင့် J-16 တိုက်ခိုက်ရေး ဂျက်လေယာဉ်များဟာ Ryazan ဒေသမှာ ပြုလုပ်မယ့် Aviadarts ပွဲတွင် ပါဝင်မှာ ဖြစ်ပါတယ်။
Y-20 နှင့် Y-9 ပို့ဆောင်ရေး လေယာဉ်များ အပါအဝင် လေကြောင်းချီ တပ်ဖွဲ့များကတော့ Airborne Platoon ပြိုင်ပွဲ ကျင်းပမယ့် Chelyabinsk ဒေသမှာ ပါဝင်မှာ ဖြစ်ပါတယ်။

Aviadarts ဟာ လေကြောင်း ပြပွဲတခုဖြစ်ပြီး လေတပ် လေယာဉ်များနှင့် ရဟတ်ယာဉ် အမှုထမ်းများဟာ သတ်မှတ်ထားသည့် အချိန် အ တွင်း အလုပ်များကို ပြီးမြောက်အောင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဆင်ဟွာ သတင်းဌာန အဆိုအရ H-6K ဗုံးကြဲလေယာဉ်များနှင့် Y-9 နည်းဗျူဟာ သယ်ယူပို့ဆောင်ရေး လေယာဉ်များဟာ ၂၀၁၈ ကတည်း က ပြိုင်ပွဲအတွင်း ပါဝင်ဖူးပါတယ်။
J-10B နှင့် J-16 တိုက်လေယာဉ်များနှင့် Y-20 အကြီးစား သယ်ယူပို့ဆောင်ရေး လေယာဉ်များကတော့ ယခုနှစ်မှာ ပထမဆုံး တရုတ်အနေဖြင့် ပွဲထုတ်လာတာ ဖြစ်ပါတယ်။
တရုတ်ရေတပ်ဟာလည်း နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ကစားပွဲ ၂၀၂၁ အတွက် မရင်းတပ်မှ စစ်သည် ၅၀ ကို စေလွှတ်ခဲ့ပြီး ရုရှား၊ အီရန်၊ ဗင်နီဇွဲလား အပါအဝင် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်က တပ်တော်ဝင်ခဲ့တဲ့ မျိုးဆက်သစ် ကော်ဗက်စစ်ရေယာဉ်တစီးဖြစ်တဲ့ Guangyuan စစ်သင်္ဘောဟာလဲ အဓိက လက်နက်များ ပစ်ခတ်မှုနှင့် ပင်လယ်ပြင် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ယှဉ်ပြိုင်ဖို့ ရုရှားနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Vladivostok သို့ ခုတ်မောင်းနေပြီ ဖြစ်ပါတယ်။
ရေငုပ်ခြင်းနှင့် လေကြောင်း ကာကွယ်ရေး ဒုံးကျည်တပ်ဖွဲ့တွေ ပြိုင်ဆိုင်မှုကိုတော့ အီရန်နိုင်ငံနှင့် တရုတ်နိုင်ငံ ရှင်ကျန်းမြို့မှာ အသီးသီး ကျင်းပကြမှာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက တရုတ်ဟာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ ဦးစီးကျင်းပတဲ့ ဒီပွဲကို ဖိတ်ခေါ်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာတော့ ပူးတွဲ ကျင်းပ ခဲ့ကြပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။