International Telecom Industry Survey

News

နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုက ပြုလုပ်တဲ့ စစ်တမ်းများအရ

2020 မှာ Telecom Industry ရဲ့

67% က ပိုမိုတိုးတက်လာပြီး

24% က သာမန်သာ တွေ့ရှိရပြီး

9% ကသာ အခြေအနေ မကောင်းကြောင်း တွေ့ရှိရပါတယ်

တစ်ခြားသော Telcom company များနဲ့ မိမိတို့ company နဲ့ နှိုင်းယှဥ်ရာမှာကတော့

44% က မိမိတို့ company က ပိုမို အောင်မြင်တယ်လို့ယုံကြည်ထားကြပြီး

41% ကတော့ သိပ်မထူးပါဘူးလို့ပြန်ဖြေခဲ့ကြပါတယ်။

15% ကတော့ တစ်ခြား company ရဲ့ နောက်ကို ရောက်ရှိသွားကြောင်း ပြောကြားခဲ့ပါတယ်။

Covid 19 နဲ့ ပတ်သတ်ပြီး ပြောကြားရာမှာတော့

44% က ထိခိုက်မှုများရှိကြောင်းပြောကြားခဲ့ပြီး

36% ကတော့ ထူးခြားမှုမရှိကြောင်းပြောကြားခဲ့ပါတယ်။

15% ကတော့ Covid 19 ကြောင့်ပိုမိုတိုးတက်လာသလိုရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

2021 နဲ့ပတ်သတ်ပြီး မေးခဲ့ရာမှာတော့

အများစုက တိုးတက်လာဖို့သာ မျှော်မှန်းထားကြောင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဘယ်နေရာတွေမှာ တိုးချဲ့ဖို့ရှိလဲဆိုတာကို မေးမြန်းခဲ့ရာမှာတော့

Company တိုင်းလိုလိုက 5G ကို အဓိက ထား လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖြေကြားခဲ့ပြီး investment အများစုကိုလဲ 5Gနဲ့ ပတ်သတ်တဲ့ အပိုင်းတွေမျာ အသုံးပြုသွားမှာ ဖြစ်ကြောင်းဖြေကြားခဲ့ပါတယ်။

FTTx ကို ဒုတိယ နေရာမှာ ထားပြီး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းပြောကြားခဲ့ကြပါတယ်။

ရေရှည်မှာ ကြုံတွေ့လာရမယ့် ခြိမ်းခြောက်မှုတွေကို မေးမြန်းခဲ့ရမှာတော့

နည်းပညာအသစ်တွေကို အချိန်မီ မချပြနိုင်မှာနဲ့ စျေးနှုန်းပြိုင်ဆိုင်မှုတွေကြောင့် အမြတ်အစွန်းနည်းလာမှာတို့ကို သတိထားနေရကြောင်းပြောကြားခဲ့ကြပါတယ်။

မျှော်လင့်ထားရမယ့် နည်းပညာသစ်တွေနဲ့ ပတ်သတ်ပြီးမေးမြန်းခဲ့ရာမှာတော့

အများစုက AI နည်းပညာလို့ဖြေခဲ့ကြပြီး5G နဲ့ မောင်းသူမဲ့ ယာဥ်များလဲ ခေတ်စားလာမှာ ဖြစ်ကြောင်းဖြေကြားခဲ့ကြပါတယ် ။

ဒီစစ်တမ်းတွေဟာ အနောက်နိုင်ငံတွေမှာ ရှိတဲ့ company တွေကို မေးမြန်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သတ်ရင်တော့ အနည်းနဲ့အများ ကွာခြားမှုရှိနိုင်ပါတယ်။

ကူးယူဖော်ပြခြင်းမပြုရန် ပန်ကြားအပ်ပါသည်

ရေးသားသူ@

www.knowledgeworms.com

collaboration with www.facebook.com/rhymeofyawtponefruits

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *