ရုရှား အရေးကြောင့် Internet မှ Splinternet သို့ ပြောင်း လဲ သွားနိုင်ကြောင်း MIT မှ သတိပေး

News Tech

ရုရှား၏ အနောက်နိုင်ငံများ၏ အွန်လိုင်း ဝန်ဆောင်မှု များမှ ရုတ်တရက် ထွက်ခွာသွားမှုဟာ လက်တွေ့ ကမ္ဘာ့ စီးပွားရေး လမ်းကြောင်းများနှင့် ကင်းကွာသွားမှာပါ။

Apple နှင့် Microsoft အပါအဝင် နည်းပညာ ကုမ္ပဏီကြီးများဟာ ၎င်းတို့၏ ထုတ်ကုန်များကို ရုရှားမှ ဝယ်ယူခွင့်အား တား မြစ်ထားပြီး ဖြစ်ပါတယ်။

အမေရိကန် ထိပ်တန်း အင်တာနက် လုပ်ငန်းတခုဖြစ်တဲ့ Cogent Communications ဟာလည်း ရုရှားလုပ်ငန်းများနှင့် ချိတ် ဆက်မှုများ ရပ်ဆိုင်းထားလိုက်ပါပြီ။

ဒါ့အပြင် နောက်ထပ် အမေရိကန်၏ အင်တာနက် ချိတ်ဆက်မှု ကုမ္ပဏီကြီးတခုဖြစ်တဲ့ Lumen ဟာလည်း အလားတူ လုပ် ဆောင်မှုမျိုး လုပ်ဆောင်ထားပါတယ်။

Tiktok ဟာလည်း ရုရှားမှ post များတင်ခြင်းကို ပိတ်ပင်ထားပါတယ်။

ရုရှား၏ တုန့်ပြန်မှု

တချိန်ထဲမှာပဲ မော်စကိုဟာ ၎င်း၏ နိုင်ငံသားများအား Facebook နှင့် Twitter ကို အသုံးပြုခွင့် ပိတ်ပင်ထားလိုက်ပြီး ဖြစ်ကာ Instagram ကိုလည်း ကန့်သတ်ထားပါတယ်။

၎င်းတို့ကို ဆန့်ကျင်သည့် အမှီအခိုကင်းသည့် သတင်း ဝက်ဘ်ဆိုက်များနှင့် အနောက်နိုင်ငံများ၏ မီဒီယာများကိုလည်း ပိတ်ပင်လိုက်ပါတယ်။

ဒီလို ဖြစ်ရပ်များကြောင့် ရုရှားဟာ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုကို ဖြတ်တောက်ခံရဖို့ရာအတွက် နီးကပ်လာကာ ဂယက် ရိုက် ခတ်မှုတွေ အကြီးအကျယ် ရှိလာတော့မှာ ဖြစ်ပါတယ်။

ရုရှားရှိ အချက်အလက်များကို သိမ်းဆည်းသည့် Cloud စနစ်ဟာလည်း ကုန်ဆုံးဖို့ ၂ လ သာ လိုတော့တယ်လို့တောင် ပြော ဆိုမှုတွေ ရှိနေပါတယ်။

ကမ္ဘာကြီးကို ရွာကြီးတရွာ ဖြစ်စေသည့် အင်တာနက်မှသည့် ရွာတွေ အများကြီး ဖြစ်သွားမှာလား

Massachusetts Institute of Technology (MIT) ကတော့ ရုရှား သမ္မတအပေါ် အလောတကြီးနှင့် ဖိအားများ တိုးလာခြင်းဟာ ကောင်းမွန်ပေမယ့် အခြေအနေဟာ မပြောင်းလဲပါက

ကမ္ဘာကြီးကို ရွာကြီးတရွာအဖြစ် ချိတ်ဆက်ထားတဲ့ Internet မှသည့် နိုင်ငံအချို့သာ ချိတ်ဆက်ထားသည့် ကွန်ယက်သစ်များ ပေါ်ထွက်လာမည့် “splinternet” ဆီသို့ ရောက်ရှိသွားနိုင်ကြောင်း သတိပေးထားပါတယ်။

MIT နည်းပညာသုံးသပ်မှုအရ ရုရှား၏ ဒစ်ဂျစ်တယ် လောကတွင် အထီးကျန်မှု ကြီးထွားလာတာကို နိုင်ငံကို အင်တာနက် ဖြတ်တောက်ခြင်းဆီသို့ ဦးတည်သွားစေနိုင်တယ်လို့ သိရပါတယ်။

လက်ရှိ အင်တာနက်ဟာ ကမ္ဘာပေါ်ရှိ နိုင်ငံများ အားလုံးကို ချိတ်ဆက်ပေးထားပြီး အချက်အလက် ပို့ဆောင်ခြင်းများကို အဆင်ပြေလွယ်ကူစွာ လုပ်ဆောင်နိုင်စေပါတယ်။

ထိုကဲ့သို့ ချိတ်ဆက်နိုင်ရန် နည်းပညာအားဖြင့် အားလုံးဟာ တူညီတဲ့ နည်းပညာကိုသာ အသုံးပြုထားသည့် အတွက် တနိုင်ငံနှင့် တနိုင်ငံ ချိတ်ဆက်ရာတွင်လည်း အခက်အခဲ မရှိပါဘူး။

ဒါပေမယ့် Internet နှင့် တူညီတဲ့ နည်းပညာကို အသုံးပြုထားခြင်း မရှိတဲ့ splinternet သို့မဟုတ် Balkanized internet ကဲ့သို့ နိုင်ငံအတွင်းသာ ချိတ်ဆက်ထားသည့် ကွန်ယက် သို့မဟုတ် ဒေသတွင်း နိုင်ငံအချို့သာ ချိတ်ဆက်ထားသည့် ကွန်ယက်မျိုးတွေ ပေါ်လာဖို့ အနေအထားတွေ ရှိလာပါတယ်။

တရုတ်နှင့် အီရန်တို့ဟာ အင်တာနက်၏ ဝန်ဆောင်မှု အချို့ကိုသာ သုံးစွဲနိုင်သော်လည်း အမေရိကန်နှင့် ဥရောပကဲ့သို့ တူညီသည့် အင်တာနက် နည်းပညာကို အသုံးပြုနေဆဲ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီလို နိုင်ငံတွေပေါင်းပြီး အပြိုင်ကွန်ယက်တခု ထူထောင်ပါက ကမ္ဘာ့နိုင်ငံများ အားလုံး၏ အပြန်အလှန် သ ဘောတူညီမှု ရရှိမှသာ ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာပါက ချိတ်ဆက်ထားတဲ့ ကမ္ဘာကြီးရဲ့ ခေတ်ဟာ ပြီးဆုံးသွားနိုင်ပြီး ရွာကြီးတရွာအဖြစ်ကနေ ဆက်သွယ်ရ ခက်ခဲတဲ့ ရွာအစုတွေ ဖြစ်လာနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *