စိန်ခေါ်မှုတွေ များပြားလှသည့် စီးပွားရေး ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်ရန် အတွက် လုပ်ငန်း အလေ့အထ များနှင့် ကုမ္ပဏီ ၏ မဟာဗျူဟာများကို အမြဲတစေ ဆန်းသစ် တီထွင်နိုင်ဖို့ HRM ဟာ မရှိမဖြစ် အရေးပါသည့် ကဏ္ဍမှ ပါဝင်နေပါတယ်။
လက်ရှိ စီးပွားရေး နယ်ပယ်တွင် ရှိကြတဲ့ ကုမ္ပဏီများ အတွက် ၎င်းတို့၏ ဝန်ထမ်းများ အလုပ်အပေါ်တွင် စိတ်အား ထက် သန်မှု နှင့် ထုတ်လုပ်နိုင်မှု စွမ်းအားကို ထိန်းသိမ်းထားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
ကုန်ထုတ် လုပ်ငန်းများ နှင့် သမားရိုးကျ ကဏ္ဍများမှာတောင် မိမိတို့ ဝန်ထမ်းများ၏ အရင်းအမြစ်များကို ထိရောက်စွာ အသုံးချ လာနိုင်ဖို့ HRM မဟာဗျူဟာများကို ကောင်းစွာ အသုံးချဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် ယနေ့ခေတ်တွင် HR ဌာနကို ကုမ္ပဏီတခု၏ နောက်ဆက်တွဲ လိုအပ်မှု တခုအနေဖြင့် ရှုမြင်မထားတော့ဘဲ အဖွဲ့အစည်း တခု အောင်မြင်ဖို့ရာအတွက် မရှိမဖြစ် လိုအပ်သည့် ဌာန တခုအဖြစ် သတ်မှတ် လာကြပါပြီ။
ဥပမာအားဖြင့် ဝန်ထမ်း တဦးချင်းစီ အတွက် လိုအပ်မည့် Training များကို စနစ်တကျ မလုပ်ဆောင်ပါက သင်တန်းတက်သည့် အချိန်သာမက ဦးတည်ချက်ကိုပါ ဆုံးရှုံးသွားစေနိုင်ပါတယ်။

Image: CC BY
စနစ်တကျ ချမှတ်ထားသည့် HRM policy များကို အသုံးပြုသည့် ကုမ္ပဏီများအတွက် ဝန်ထမ်း တဦးချင်းစီ၏ လိုအပ်သည့် Training များကို အာရုံစိုက်နိုင်ပြီး ဌာန အားလုံး၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် HR ပိုင်းဟာ နေ့စဉ် ကုမ္ပဏီ၏ စီမံ ခန့်ခွဲရေး တာဝန်များ သာမက လုပ်ငန်း၏ ထုတ်လုပ်နိုင်မှု စွမ်းအား နှင့် ဈေး ကွက် ရှာဖွေရေး ကဲ့သို့သော ကဏ္ဍများမှာပါ အရေးပါသည့် အခန်း ကဏ္ဍကနေ ပံ့ပိုးပေးနေပါတယ်။
HRM နှင့် သက်ဆိုင်သည့် မူဝါဒများဟာ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများ၏ ရည်မှန်းချက်များနှင့် အပြည့်အဝ ပေါင်းစပ်ထားနိုင်သည့် အတွက် ရင်းနှီးမြှုပ်နှံမှုမှ အမြတ်ပြန်လည် ရရှိမှု ROI ကို သတ်မှတ်ချက်အတိုင်း ရရှိစေမှာပါ။
အထက်ပါ အတိုင်း HRM အလေ့အကျင့်ကို ဒီဇိုင်းထုတ်ထားခြင်းဖြင့် ကုမ္ပဏီမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို အပြည့် အဝ အသုံးချနိုင်မည့် အပြင် ကုမ္ပဏီကို ပိုမို တက်ကြွသည့် ပတ်ဝန်းကျင် တခုအဖြစ် ပြောင်းလဲနိုင်မှာ အသေအချာပါပဲ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။