မတော်တဆမှ ဖြစ်လာတဲ့ တီထွင်မှု နှင့် ရှာဖွေတွေ့ရှိမှုများ

Creation Knowledge

နေ့ရက်အများစုမှာ ကျွန်တော်တို့ဟာ တီတွင်မှုတွေအများကြီးဟာ ဘယ်ကလာသလဲ ဆိုတာကို မစဥ်းစားဘဲ မနှမျောဘဲ ဖြတ်သန်းကြပါတယ်။

တီထွင်မှုအများစုဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သော်လည်း အချို့က​တော့ မတော်တဆ တီထွင်မှုတွေ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့သိတဲ့အတိုင်း ကမ္ဘာကြီးကို ပုံဖော်ဖို့ ကူညီပေးတဲ့ မတော်တဆ ရှာ​ဖွေတွေ့ရှိမှု နဲ့ တီထွင်မှု များကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

(၁) မီးရှူးမီးပန်း

လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ခန့်က တရုတ်နိုင်ငံတွင် ထမင်းချက် တစ်ဦးဟာ မီးသွေး၊ ဆာလဖာနှင့် ဆားငန်အိုး တို့ကို စမ်း သပ် ခဲ့ပါတယ်။

မီးဖိုချောင်မှာ တွေ့ရများတဲ့ ဒီပစ္စည်းသုံးမျိုး အရောအနှောဟာ မီးလောင်တက်စေတာကို တွေ့ခဲ့ရပါတယ်။

သူ အသစ်တွေ့ရှိတဲ့ fire-powder လို့ခေါ်တဲ့ မီးအမှုန့်ဟာ ဝါးပြွန်ထဲကို ဖိသိပ်ထဲ့လိုက်တဲ့အခါ ပေါက်ကွဲသွားတာကို တွေ့ခဲ့ရပါတယ်။

ထမင်းချက်ဟာ နောက်ထက် အနည်းငယ် ပေါင်းစပ်ပြီးတဲ့ နောက်မှာ အရောင်မတူတဲ့ ပေါက်ကွဲမှုတွေ နဲ့ မတူတဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေတာတွေ့ရပါတယ်။

ဒါဟာ ယခု ကျွနိုပ်တို့သိတဲ့ မီးရှူးမီးပန်း ဖြစ်ပေါ်လာပုံဘဲ ဖြစ်ပါတယ်။

(၂)ကပ်ခွာ
၁၉၄၈ ခုနှစ် အမဲလိုက်ခရီးတစ်ခုတွင် ဆွစ်ဇာလန် အင်ဂျင်နီယာ George de Mestral နှင့် သူ့ယုံကြည်ရတဲ့ အမဲလိုက်ခွေးနဲ့အတူ သတိပြုမိခဲ့တာရှိပါတယ်။

ဒါဟာ သူ့ရဲ့ခြေအိတ် နှင့် ခွေးအမွှေးတွေမှာ စိတ်အနှောက်အယှက်ဖြစ်စေမဲ့အရာ တွေ ကပ်ငြိနေတာ တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။

အိမ်ပြန်ရောက်တဲ့အခါ အနုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးကြည့်တဲ့အခါမှာတော့ သူ့ရဲ့ ခြေအိတ် နဲ့ ခွေးအမွှေးတွေမှာ အလွန်သေးငယ်တဲ့ ချိတ်လေးတွေနဲ့ တွယ်ဆက်နေတာကို သတိထားမိခဲ့ပါတယ်။

George de Mestral ဟာ နိုင်လွန်နဲ့ အသစ် မတီထွင်ခင် နှစ်ပေါင်းများစွာ ချည်အမျိုးမျိုးနဲ့ စမ်းသပ်ခဲ့ပါတယ်။

ဒီလိုနဲ့ ကပ်ခွာ (Velcro) ဖြစ်ပေါ်လာပါတယ်။ သို့သော်လည်း NASA ရဲ့ stick -and- rip ပစ္စည်းကို ကြိုက်နှစ်သက်မှုကြောင့် ကပ်ခွာ (velcro) ရဲ့ကျော်ကြားမှုဟာ ဆယ်စုနှစ် နှစ်စု အကြာထိ မရောက်ခဲ့တာကို တွေ့ရပါတယ်။

(၃) မကွဲမှန်

ထိုနှစ်က ၁၉၀၃ ခုနှစ်ဖြစ်ပြီး ပြင်သစ် ဓာတုဗေဒ ပညာရှင် Édouard Bénédictu ဟာ ဆေးရည်တစ်ချို့ကို ရောစပ်ပြီး သူရဲ့ ဓာတ်ခွဲခန်းထဲမှာ အအေးခံနေစဥ် သူ့စားပွဲပေါ်မှာရှိတဲ့ ဓာတ်ဗူးကို လက်နဲ့ မတော်မဆ ထိလိုက်မိပါတယ်။

ဓါတ်ဗူးဟာ မြေကြီးပေါ်ကျပြီး ကွဲအက်သွားလား မအက်လား မသိလိုက်ရပါဘူး။

ဓာတ်ဗူးဟာ ပြုတ်ကျတဲ့ အကျိုးကြောင့် အပိုင်းပိုင်းကွဲမသွားသဖြင့် စိတ်ရှုပ်စွာဖြင့် Edouard Benedictu က အောက်ကိုငုံ့ပြီး အနီးကပ်ကြည့်လိုက်ပါတယ်။

ဓာတုဗေဒပညာရှင်ရဲ့ မကြာသေးမှီက လေ့လာမှုအရ ဓာတ်ဗူးအတွင်းပိုင်းကို plastic cellulose nitrate တွေနဲ့ ဖုံးအုပ်ထားကြောင်း သဘောပေါက်စေခဲ့ပါတယ်၊

ဒါကြောင့် ပြုတ်ကျတဲ့ အချိန် မကွဲအက်အောင် ကာကွယ်ပေးခြင်းဖြစ်ပါတယ်။

ဒီမတော်တဆ တွေ့ရှိမှုကနေပြီး Edouard Benedictu ဟာ ယနေ့ တကမ္ဘာလုံးဆိုင်ရာ အဆင့်တွင် အသုံးပြုနေသော မကွဲမှန် (safety glass) ကို တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။

(၄) စူပါကော် ( super glue)

၁၉၄၂ ခုနှစ်တွင် ဒေါက်တာ Harry Coover သည် တိကျတဲ့ ရိုင်ဖယ် အသစ်ကို ဖန်တီးဖို့ စီစဥ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။

သူဖန်တီးခဲ့တဲ့ cyanoacrylate ဆိုတဲ့ အရာ ဟာ လုံးဝမအောင်မြင်ဘဲ နဲ့ အရာအားလုံးကို ကပ်စွဲ သွားတာကို တွေ့ခဲ့ရပါတယ်။

မကျေမနပ်နဲ့ စိတ်ပျက်အားလျော့နေတဲ့ Coover ဟာ သူရဲ့တီထွင်မှုကို မေ့ပြီး စွန့်စား၍ ရှေ့ဆက်လုပ်ခဲ့ပါတယ်။

၆ နှစ်အကြာမှာတော့ Coover ဟာ လေယာဥ်ပျံမိုးကာအသစ် စမ်းသပ်တဲ့နေရာမှာကြီးကြပ်သူအဖြစ်ဆောင်ရွက်နေပါတယ်။

တစ်ဖန် သူဟာ သူတွေ့ရှိခဲ့တဲ့ အရာဝတ္တုတွေကို စွဲကပ်စေတဲ့ အံ့အားသင့်စရာ​ကောင်းတဲ့ cyanoacrylate နဲ့ ပတ်သတ်ပြီး စိတ်စနိုးစနောင့် ဖြစ်နေခဲ့ပါတယ်။

သို့သော်လည်း ထိုအချိန်၌ Coover မှာ မီးလုံးတစ်လုံးရှိခဲ့ပြီး အပူဓာတ်မပါတဲ့ အရာဝတ္တုများအကြား မယုံနိုင်လောက်အောင် ခိုင်မာတဲ့ နှောင်ကြိုးတွေနဲ့ မည်သို့ဖွဲ့စည်းခဲ့တာကို တွေ့ရှိခဲ့ပါတယ်။

Coover နဲ့သူ့အဖွဲ့ဟာ ဓာတ်ခွဲခန်းထဲက အရာဝတ္တုတွေကို စွဲကပ်စေပြီး စဥ်းစားခဲ့ကြတယ်၊ ဒီစိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့ စွဲကပ်မှုဟာ အသုံးဝင်တယ်ဆိုတာကို သူတို့တွေ့ရှိခဲ့ကြတယ်။

Coover ဟာ ရှာဖွေတွေ့ရှိမှု မူပိုင်ခွင့်ချိုးဖောက်မှုအတွက် ပထမဆုံးအကြိမ်အဖမ်းခံရပြီး ၁၆နှစ်အကြာ ၁၉၅၈ ခုနှစ်မှာတော့ စူပါကော် (super glue ) ကို တစ်မ္ဘာလုံးမှာရှိတဲ့ စင်တွေပေါ်မှာ ရောင်းချခဲ့တာကို တွေ့ရပါတယ်။

(၅) လက်ဖက်ခြောက်အိတ် (Tea Bags)

လက်ဖက်ခြောက်အိတ်သည် အမေရိကန်လက်ဖက်ကုန်သည် Thomas Sullivan ၏ မတော်တဆတီထွင်မှု ဖြစ်ပါတယ်။

၁၉၀၈ ခုနှစ်မှာ Thomas Sullivan ဟာ သူ့ဖောက်သည် ကုန်သည်များထံသို့ အိတ်ငယ်များဖြင့် လက်ဖက်ခြောက် နမူနာများ စတင် ပေးပို့ခဲ့ပါတယ်။

များစွာသော သူ့ဖောက်သည်တွေက ဒီ နမူနာ လက်ဖက်ခြောက်အိတ်တွေကို သတ္တု လက်ဖက်ရည်ဖျော်စက်များကဲ့သို့ အိတ်တစ်ခုလုံးကို လက်ဖက်ရည်အိုးထဲသို့ ထည့်ခြင်းဖြင့် တူညီသောပုံစံများနှင့် အသုံးပြုရန် ယူဆခဲ့ကြပါတယ်။

သူ့ရဲ့ နမူနာတွေကိုပေးပို့ပြီးတဲ့နောက်မှာတော့ Thomas Sullivan သည် ပိုးကွက်ပိတ်စ ကအလွန်ကောင်းတယ်ဟု သူ့ဖောက်သည်များဆီက မှတ်ချက်များစွာကို လက်ခံရရှိခဲ့ပါတယ်။

ဒါကြောင့် သူဟာ ပိတ်စ​တွေ နဲ့ပြုလုပ်ထားတဲ့ အိတ်ကို ပထမဆုံး လက်ဖက်ခြောက်အိတ် ပြုလုပ်ရန် ရည်ရွယ်ပြီး စတင်တီထွင်ခဲ့ပါတယ်။

၁၉၂၀ ခုနှစ် အတွင်းမှာတော့ လက်ဖက်ခြောက်အိတ် တွေကို စီးပွားဖြစ်ရောင်းဝယ် ဖောက်ကားခဲ့ကြပြီး လူကြိုက်များလာခဲ့ပါတယ်။ ဒီလိုနည်းနဲ့ လက်ဖက်ခြောက်အိတ် ကို တီထွင်ခဲ့ကြပါတယ်။

(၆)ပင်နီဆလင် (Penicillin)

ပဋိဇီဝဆေးမပေါ်မီ ဘဝသည် အမှန်တကယ်ဆိုးရွားပြီး တိုတောင်းတာကိုတွေ့ရပါတယ်။

ကျွနိုပ်တို့ကံကောင်းတာက ၁၉၂၉ ခုနှစ်မှာ စကော်တလန် ဘတ်တီးရီးယား ပညာရှင် လူငယ်Alexander Fleming ဟာ အားလပ်ရက် ခရီးထွက်ခဲ့ပါတယ်။

မသွားခင်မှာ သူ့ဓာတ်ခွဲခန်းမှာ ပျိုးထောင်ထားတဲ့ Staphylococcus ထဲ့ထားတဲ့ ပန်းကန်အဖုံးပိတ်ဖို့ မေ့နေခဲ့ပါတယ်။

သူပြန်လာလို့ သန့်ရှင်းရေးလုပ်တဲ့အခါမှာတော့ ပန်းကန်ထဲမှာရှိတဲ့ မှိုတွေက တခြားဘတ်တီးရီးယားများကို သုတ်သင်ပစ်တာကို Alexander Fleming က သတိပြုမိခဲ့ပါတယ်။

သူဟာ ဒီမှိုကို Penicillium notatum ဟု သတ်မှတ်ခဲ့ပြီး ၎င်းဟာ ဘတ်တီးရီးယားများကို သေစေပြီး တိရစ္ဆာန်ငယ်လေးတွေကို ဖျားနာမှုမရှိအောင် အားပေးနိုင်ကြောင်း ဆက်လက်၍ သုတေသနပြုလုပ်ခဲ့ပါတယ်။

ဆယ်စုနှစ်တစ်ခုအကြာမှာတော့ Howard Florey နှင့် Ernst Chain တို့ဟာ Alexander Fleming ရှာဖွေတွေ့ရှိမှုကို အခြေပြု၍ ဘတ်တီးရီးယားများကို သုတ်သင်နိုင်သော အရာများကိုသီးသန့် ခွဲထုတ်ကာ အပြည့်အဝ စီမံနိုင်တဲ့ ဆေးဝါး အဖြစ်သို့ပြောင်းလဲထုတ်လုပ်ခဲ့ကြပါတယ်။

ဆေးပညာနှင့် သိပ္ပံပညာတို့တွင် သူတို့ရဲ့ ကြိုးစားမှုအတွက် သုံးယောက်စလုံး ဟာ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

(၇)မိုက်ခရိုဝေ့ဗ် (Microwave)

မိုက်ခရိုဝေ့ဗ်မီးဖိုကို မတော်တဆ တီထွင်ခဲ့သူ Percy Spencer ဟာ ၁၈လသားထဲက မိဘမဲ့ဖြစ်ခဲ့ပြီး ၁၂နှစ်အရွယ်မှာ ကျောင်းကထုတ်ပယ်ခြင်း ခံရပြီးနောက် စက္ကူစက်တစ်ခုခုမှာ အလုပ်လုပ်ခဲ့ပါတယ်။

ပထမကမ္ဘာစစ်ကြီးအပြီးမှာတော့ အမေရိကန်ရေတပ်မှ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Raytheon ကို လျှပ်စစ်စွမ်းအင်ပါရမီရှင် တစ်ဦးအနေနဲ့ အားလုံးက သိကြပါတယ်။

ရေဒါ၏အတွင်းပိုင်းတွင် တွေ့ရလေ့ရှိသော မိုက်ခရိုဝေ့ဖ်ထုတ်နိုင်သော သံလိုက်တစ်လုံး နှင့်ပတ်သတ်ပြီး Percy Spencer သည်သူ၏ဘောင်းဘီအတွင်းပိုင်းမှာ ထူးဆန်းသောခံစားမှုတစ်ခုကို ရုတ်တရက်ခံစားလိုက်ရပါတယ်။

ရုတ်တရက်လန့်သွားပြီးနောက် သူ့အိတ်ကပ်ထဲကိုကြည့်လိုက်တဲ့အခါ ချောကလက်အတုံးလေးတွေဟာ အရည်ပျော်နေတာကို တွေ့ခဲ့ရပါတယ်။

သံလိုက်ဓာတ်ကနေထွက်လာတဲ့ မိုက်ခရိုဝေ့ဗ် ရောင်ခြည်ကြောင့်​ဖြစ်နိုင်တယ်ဆိုတာကို သူဟာချက်ချင်းဘဲ ရိပ်မိလိုက်ပါတယ်။

နောက်ဆုံးမှာတော့ ကျောင်းသားတွေနဲ့ တစ်ကိုယ်တည်းသမားတွေအတွက် ကယ်တင်ရှင် မိုက်ခရိုဝေ့ဗ်မီးဖို ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။

(၈)ယမ်းဘီလူး (Dynamite)

လူသားများဟာ ဒိုင်းနမိုက် တီထွင်မှုကနေ အရာဝတ္တုတွေကို မည်သို့ ပေါက်ကွဲစေမည် ကို တွက်ဆနိုင်ရုံသာမက ဒိုင်းနမိုက်​ပေါက်ကွဲရာမှာ နိုက်ထရိုဂလစ်စရင်းဟာ နှစ်ပေါင်းများစွာ ပါဝင်နေပါတယ်။

ဒါပေမဲ့ လူတို့သိတဲ့အတိုင်း နိုက်ထရိုဂလစ်စရင်းဟာ အန္တရာယ်အများဆုံး နှင့် မတည် မငြိမ်ပေါက်ကွဲ စေတက်တဲ့ အရာဘဲ ဖြစ်ပါတယ်။
Alfred Nobel ကိုယ်တိုင် ဒါကို သက်သေခံနိုင်ပါတယ်။

သူဟာ နိုက်ထရိုဂလစ်စရင်း နှင့်ပတ်သတ်ပြီး စမ်းသပ်မှုပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။

နိုက်ထရို ဂလစ်စရင်း ရဲ့ မတည်ငြိမ်ပုံကို သိသော Alfred Nobelဟာ ဘေးကင်း လုံခြုံသော သယ်ယူ ပို့ဆောင်ရေး နည်းလမ်း များကို အမြဲစမ်းသပ်ခဲ့ပါတယ်။

ပေါက်ကွဲစေတက်တဲ့ ပစ္စည်းတွေ သယ်ဆောင်တဲ့အခါ သေတ္တာကနေ တစ်ဗူးလောက် ပြုတ်ကျရုံဖြင့် နိုက်ထရိုဂလစ်စရင်း တွေ ဖိတ်စင်သွားစေနိုင်ပါတယ်။

သေတ္တာမှာ ပါဝင်တဲ့ Kieselguhr လို့ခေါ်တဲ့ အနည်ကျအမျိုးအစားတစ်မျိုးဖြစ်တဲ့ ရွံ့စေးဟာ နိုက်ထရိုဂလစ်စရင်း တွေကို လုံးဝစုပ်ယူနိုင်တာကို Alfred Nobel ဟာ သတိထားမိခဲ့ပါတယ်။

ဒီရိုးရှင်းတဲ့ တွေ့ရှိမှုကနေ ပြီးတော့ Alfred Nobel ဟာ ပေါက်ကွဲအားကို အဟန့်အတားမရှိဘဲ မြေစေးနဲ့ ရောစပ်နိုင်တဲ့ ဖော်မြူလာ တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ရှာဖွေတွေ့ရှိမှု မူပိုင်ခွင့်အရ ယမ်းဘီလူး (dynamite) ဟုအမည်ပေးခဲ့ပါတယ်။

(၉) အင်ဆူလင်

အင်ဆူလင် ရှာဖွေတွေ့ရှိမှုသည် တိုက်ရိုက်မတော်တဆတွေ့ရှိခြင်းမဟုတ်သော်လည်း သုတေသီတွေ ခွင့်ပြုထားတဲ့ ရှာဖွေတွေ့ရှိမှုနောက်မှ အင်ဆူလင်ကို မတော်တဆတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

၁၈၈၉ ခုနှစ်တွင် Strasbourg တက္ကသိုလ်မှ ဆရာဝန်နှစ်ဦးသည် ပန်ကရိယဟာ အစာခြေဖျက်မှုကို မည်သို့ထိခိုက်ခဲ့သည်ကိုနားလည်ရန် ကြိုးစားခဲ့ကြပါတယ်။

ဒီလိုလုပ်ဖို့အတွက် ကျန်းမာသန်စွမ်းတဲ့ ခွေးတစ်ကောင်ရဲ့ပန်ကရိယကို ဖယ်ရှားခဲ့ပြီး ရက်အနည်းငယ်အကြာမှာတော့ ခွေးရဲ့ကျင်ငယ်ရေမှာ ယင်ကောင်တွေ ပျံဝဲနေတာကို သတိပြုမိခဲ့ကြပါတယ်။

သူတို့ဟာ ဆီးစစ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဆီးထဲမှာ အချိုဓာတ်တွေရှိနေတာကို တွေ့ရှိခဲ့ပါတယ်။

ဒါဟာ သူတို့ ပန်ကရိယကိုဖယ်ရှားပစ်တဲ့အတွက်ကြောင့် ခွေးကို ဆီးချိုရောဂါ ဖြစ်စေတယ်ဆိုတာ သဘောပေါက်ခဲ့ကြပါတယ်။

ပန်ကရိယ ဟာ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတယ်ဆိုတာကို ဆရာဝန် နှစ်ဦးက သတိမပြုမိခဲ့ကြပါဘူး။

၁၉၂၀ ခုနှစ် နှင့် ၁၉၂၂ ခုနှစ် အကြား Toronto တက္ကသိုလ်၌ ဆက်တိုက်စမ်းသပ်မှုများမပြီးမချင်း သုတေသီများဟာ ပန်ကရိယလျှို့ဝှက်ချက်ကို ခွဲခြားနိုင်ခဲ့ပါတယ်၊ ဒါကိုတော့ သုတေသီတွေက အင်ဆူလင် ဟု ခေါ်ဆိုခဲ့ကြပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *