တကယ် လက်တွေ့ဖြစ်လာတဲ့ ကိုယ်ပျောက်ဒိုင်း အကြောင်း

News Tech

ကုမ္ပဏီများဟာ စစ်ဘက်ဆိုင်ရာတွင်သာ နည်းပညာမြင့် ပစ္စည်းများကို ထုတ်လုပ်ဖို့ အာရုံစိုက် ဆောင်ရွက်လျှက် ရှိပေမယ့် ဒီတခါမှာတော့ လူတိုင်းသုံးနိုင်တဲ့ ကိုယ်ပျောက်ဒိုင်း တမျိုးကို ဖန်တီးလိုက်ပါပြီ။

သင့်ရဲ့ သူငယ်ချင်း အပေါင်းအသင်းများကို အံ့အားသင့်စေမယ့် ဒီ ကိုယ်ပျောက်ဒိုင်းကို လန်ဒန်အခြေစိုက် ကုမ္ပဏီတခုက ဖန်တီးခဲ့တာပါ။

လွန်ခဲ့သည့် နှစ်များစွာ အတွင်းမှာ ကိုယ်ပျောက်ဒိုင်းများဟာ အင်တာနက်ပေါ်မှာ ခေတ်စား နေခဲ့ပါတယ်။

လူတိုင်းဟာ သိပ္ပံ ဝတ္ထု ဇာတ်လမ်းများနှင့် တကယ့် လက်တွေ့ဘဝအကြား ကွာဟနေမှုကို ဖယ်ရှားနိုင်ရန် ဒီလို ကိုယ်ပျောက်ဒိုင်း သို့မဟုတ် ဝတ်စုံများကို လိုချင်ကြမှာပါ။

Image: Courtesy of Invisibility Shield Co

ဒါဟာ ခေတ်စားနေတဲ့ အတွေးအမြင် တခု ဖြစ်သည့်အတိုင်း နောက်ပိုင်းမှာ လူတွေဟာ စိတ်မဝင်စားတော့ဘဲ အချို့က စစ်ဘက်ဆိုင်ရာ အသုံးချမှုများကိုသာ အာရုံစိုက်လာပြီး အရပ်ဖက် နည်းပညာ ဝါသနာရှင်များကို ကျောခိုင်းထားခဲ့ပါတယ်။

လန်ဒန်အခြေစိုက် ကုမ္ပဏီတခုဖြစ်တဲ့ Shield Co., ဟာ သူတို့ရဲ့ စိတ်ကူးတွေနဲ့ ကြိုးစားခဲ့ပြီး မအောင်မြင် ခဲ့ပေမယ့် ဘယ် တော့မှ လက်မလျှော့ခဲ့ပါဘူး။

အဲဒီံ့နောက် ၂ နှစ်လောက် အကြာမှာတော့ ကုမ္ပဏီဟာ စိတ်ချရပြီး ကြီးမားပြီး မြင်ကွင်းကို ဖျောက်ပေးနိုင်တဲ့ ကိုယ်ပျောက်ဒိုင်းတခုကို ဖန်တီးနိုင်ခဲ့ပါတယ်။

အလုပ်လုပ်ပုံ

ဒီကိုယ်ပျောက်ဒိုင်းကို ဖန်တီးဖို့အတွက် အသုံးပြုထားသည့် နောက်ကွယ်မှ နည်းပညာဟာ ရိုးရှင်းပါတယ်။

တိကျစွာ ဖန်တီးထားသည့် မှန်ဘီလူး များစွာကို အသုံးပြုကာ မှန်အနောက်တွင်ရှိသည့် အရာဝတ္ထုများမှ ထွက်လာသည့် အလင်းများကို လမ်းကြောင်းလွှဲစေခြင်းဖြင့် မှန်ရှေ့မှလူ မမြင်ရအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။

အတွင်းရှိ မှန်ဘီလူးများဟာ အလင်းမှ ဒိုင်းကို ဖြတ်သန်းသွားသည့် အချိန်တွင် အလင်းများ လမ်းကြောင်းပြောင်းသွားစေရန် ဒေါင်လိုက်အနေအထားဖြင့် ထားရှိထားတာ ဖြစ်ပါတယ်။

Image: Courtesy of Invisibility Shield Co

ဒါ့ကြောင့် ဒိုင်း၏ နောက်ရှိ အရာဝတ္ထုများမှ အလင်းဟာ ယိုင်သွားပြီး ရှေ့ကလူမှ မြင်နိုင်စွမ်း မရှိတော့တာ ဖြစ်ပါတယ်။

ဒီကိုယ်ပျောက်ဒိုင်းဟာ သစ်ရွက်များ၊ မြက်ခင်းပြင်များ၊ သဲများနှင့် ကောင်းကင်ကဲ့သို့သော တသမတ်ထဲရှိသည့် နောက်ခံများတွင် အကောင်းဆုံး အလုပ်လုပ်နိုင်ပါတယ်။

ဒါ့အပြင် ဆေးခြယ်ထားသည့် မျဉ်းကြောင်းများ နှင့် မီးရထား သံလမ်းများကို နောက်ခံထား၍လည်း အဆင်ပြေတယ်လို့ သိရပါတယ်။

လူတိုင်း အသုံးပြုနိုင်တော့မည်

ဒါဟာ အရပ်ဖက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တခု ဖြစ်တာကြောင့် လူတိုင်း အသုံးပြုနိုင်မှာပါ။

ကုမ္ပဏီဟာ လက်ရှိတွင် ကိုယ်ပျောက်ဒိုင်းကို အရွယ်အစား ၂ မျိုးနှင့် ထုတ်လုပ်ထားပြီး အသေးမှာ အမြင့် ၃ ပေ အကျယ် ၂ ပေ ရှိပြီး အကြီးကတော့ အမြင့် ၁၂ ပေ အကျယ် ၈ ပေ ရှိပါတယ်။

ကိုယ်ပျောက်မှန် အသေးဟာ ၆၅ ဒေါ်လာ လောက်သာ ကျသင့်ပြီး အကြီးကတော့ ၃၉၄ ဒေါ်လာလောက် ရှိမယ်လို့ သိရပါတယ်။

Image: Courtesy of Invisibility Shield Co

ယခုထုတ်လုပ်ထားတဲ့ ကိုယ်ပျောက်မှန်ဟာ အလင်းယိုင်ခြင်း စနစ်ကိုသာ အသုံးပြုထားသည့်အတွက် စွမ်းအင် မလိုအပ်ဘဲ အလေးချိန်ဟာလည်း အကြီးမှာ ၉ ပေါင်လောက်သာ ရှိပါတယ်။

မှန်၏ အထူမှာ ၂ လက်မလောက် ရှိပြီး ထောင်ထားလို့ ရကာ ခရမ်းလွန်ရောင်ခြည်နှင့် အပူချိန်တို့ကို ခံနိုင်သည့် ပစ္စည်းများဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

နှစ်အနည်းငယ် ကြာပြီးနောက် မသုံးတော့ပါကလည်း ထုတ်လုပ်စဉ်က ထွက်လာသည့် အမှိုက်များကဲ့သို့ ပြန်လည် အသုံးပြုနိုင်ပါတယ်။

ကုမ္ပဏီဟာ လက်ရှိမှာယူမှုများအား ပို့ဆောင်ပေးရန် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် လုပ်ဆောင်ထားသည့် ပို့ဆောင်ရေး ကုမ္ပဏီများနှင့် ချိတ်ဆက်ထားပါတယ်။

လက်ရှိတွင် မှာယူမှုပေါင်း ၃၆၂ ခုအထိ လက်ခံရရှိထားပြီး ယခုနှစ် ဒီဇင်ဘာတွင် ပေးပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.