ဒါဟာ ဂြိုဟ်တုစနစ်တွေကို များစွာ လွယ်ကူစေပါတယ်။
ပိုမိုခေတ်စားတဲ့ လျှပ်စစ်တွန်းကန်အား ဖြစ်စေရန် ခဲယဉ်းသော အစိတ်အပိုင်းကို သုတေသီအဖွဲ့တစ်ဖွဲ့က မကြာမီကာလအတွင်း တွေ့ရှိနိုင်ပါတယ်။
စိတ်ဝင်စားစရာကောင်းစွာပဲ ထိုအစိတ်အပိုင်းက ရှားပါးမြေသတ္ထုအချို့ မဟုတ်ပါဘူး။ ဒါပေမယ့် အသုံးများသော အစားအစာဖြည့်စွက်စာဖြစ်တဲ့ အိုင်အိုဒင်းပဲ ဖြစ်ပါတယ်။
အိုင်အိုဒင်းကို တွန်းအားပေးပစ္စည်းအဖြစ် အသုံးပြုပြီး ဂြိုဟ်တုငယ်တစ်ခုကို ပတ်လမ်းပေါ်သို့ မနှစ်က တင်ပို့ခဲ့ပါတယ်။
အစဉ်အလာအားဖြင့် ဓာတုပစ္စည်းတွေကို တွန်းအားပေးပစ္စည်းတွေအဖြစ် အာကာသယာဉ်တွေမှာ အသုံးပြုခဲ့ပါတယ်။
ဥရောပ အာကာသ အေဂျင်စီအရ တွန်းအားပေးပစ္စည်းကို အရှိန်မြှင့်တင်ဖို့အတွက် လျှပ်စစ်စွမ်းအင်ကို အသုံးပြုတဲ့ လျှပ်စစ်တွန်းအားက ပိုပြီးတော့ ခရီးရောက်တဲ့ တွန်းကန်အားပဲ ဖြစ်ပါတယ်။
အဲ့ဒါဟာ တွန်းကန်အားအနည်းငယ်သာ အသုံးပြုပြီး အဆ၂၀ ပိုမိုလျင်မြန်စွာ မောင်းနှင်နိုင်လို့ပဲ ဖြစ်ပါတယ်။
၎င်းသည် ပတ်လမ်းမြှင့်တင်ခြင်းနဲ့ ထိုကဲ့သို အခြားရည်ရွက်ချက်တွေအတွက် သယ်ဆောင်လာတဲ့ တွန်းအားပေးအာကာသယာဉ်တွေရဲ့ ထုထည်ပမာဏကို သိသိသာသာ လျှော့ချနိုင်ပြီး အဆိုပါယာဉ်တွေရဲ့ ပစ်လွှတ်မှု ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်ပါတယ်။
ကမ္ဘာမြေလေ့လာစူးစမ်းခြင်း၊ ရေကြောင်း၊ လေကြောင်းသွားလာခြင်းနဲ့ အဝေးသို့ ဆက်သွယ်ခြင်းတွေလို အသုံးချ ပရိုဂရမ်တွေအတွက် အသုံးပြုတဲ့ ဂြိုဟ်တုတွေအတွက် ဒီလိုတွန်းပို့ခြင်းနည်းလမ်းကို များစွာအသုံးပြုပါတယ်။
သို့သော် လက်ရှိရွေးချယ်ထားတဲ့ တွန်းပို့ပစ္စည်းမှာ ဇီနွန် (ကမ္ဘာပေါ်မှာ အကြွင်းအကျန်လောက်သာ တွေ့ရှိရတဲ့ မလောင်ကျွမ်းနိုင်သော ဓာတ်ငွေ့) ဖြစ်ပါတယ်။
ထိုအချိန်တွေတုန်းက ခရစ်ပတွန်ဓာတ်ငွေ့ကိုလည်း အသုံးပြုခဲ့ပါတယ်။
“ခရစ်ပတွန်နဲ့ ဇီနွန်ဓာတ်ငွေ့တို့က သိပ်သည်းဆ အလွန်မြင့်မားကြပါတယ်။ သူတို့ရဲ့ ဖိအားက လျှပ်စစ်တွန်းပို့ခြင်းစနစ်အတွက် အကောင်းဆုံးဖြစ်တဲ့ ၃၀၀၀ psi (၂၀၀ bar) မှ ၅၀၀၀ psi (၂၅၀ bar) အကြားရှိပါတယ်။”
“ဘာလို့လဲဆိုတော့ ဒါတွေအားလုံးက သင့်အနောက်မှာ တတ်နိုင်သလောက် ထုထည်များများဖြင့် ပစ်လွှတ်နေတာကြောင့် အကောင်းဆုံးဖြစ်နေရတာပဲ” လို့ Infinite Composites ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ COO ဖြစ်တဲ့ Michael Tate မှ ပြောကြားခဲ့ပါတယ်။

(Infinite Composites – တွန်းပို့ပစ္စည်းတွေ ထည့်သွင်းဖို့အတွက် တွန်းအားပေးယာဉ်တွေ ပြုလုပ်တဲ့ ကုမ္ပဏီတစ်ခု)
သို့သော် ရှားပါးတဲ့အပြင် စီးပွားဖြစ်ထုတ်တဲ့ တွန်းအားပေးပစ္စည်းတွေက ဈေးကြီးပြီးတော့ ကြာရှည်မခံပါဘူး။
ပြင်သစ်အာကာသကုမ္ပဏီ ThrustMe နဲ့ စင်ကာပူရှိ Nanyang နည်းပညာတက္ကသိုလ်မှ နည်းပညာကျွမ်းကျင်သူတွေ ပါဝင်တဲ့ ပူးပေါင်းသုတေသီအဖွဲ့က အိုင်အိုဒင်းကို အစားထိုး အသုံးပြုခဲ့ပါတယ်။
ThrustMe ရဲ့ဝဘ်ဆိုဒ်တွင် တင်ထားသော အချက်အလက်အရ ဖိအားပေးဖို့ လိုအပ်တဲ့ ဇီနွန်နဲ့မတူတာက အိုင်အိုဒင်းကို အာကာသယာဉ်အတွင်း၌ လောင်စာခဲအဖြစ် သိုလှောင်ထားနိုင်တယ်လို့ သိရပါတယ်။
သင့်တင့်တဲ့ အပူချိန်ပေးလိုက်တဲ့အခါ အိုင်အိုဒင်း ဒြပ်စင်တွေက အရည်အဖြစ် ပြောင်းလဲရမယ့်အဆင့်ကို လုံးဝကျော်လွန်ပြီး အငွေ့အဖြစ်သို့ ပြောင်းသွားပါတယ်။
ဒါဟာ ဖိအားပေးဓာတ်ငွေ့တွေကို လိုအပ်တဲ့ နေရာမှာ အသုံးပြုဖို့ အကောင်းဆုံးဖြစ်စေပါတယ်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ThrustMe က ၄၄ ပေါင် (၂၀ ကီလိုဂရမ်) CubeSat ပေါ်တွင် အိုင်အိုဒင်းကို တွန်းအားပေးအဖြစ် အသုံးပြုကာ သူ့ရဲ့ပတ်လမ်းအတွင်း ထားရှိဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
Nature အစီအရင်ခံစာက အိုင်အိုဒင်းကို တွန်းအားပေးပစ္စည်းအဖြစ် အသုံးပြုကြောင်း အတည်ပြုရုံသာမက သူက ပိုမိုမြင့်မားသော ionization စွမ်းဆောင်ရည်ရှိတယ်လို့လည်း ဆိုထားပါတယ်။
“Ionization စွမ်းဆာင်ရည်က နောက်ဆုံးတွင် အာကာသယာဉ်မှ ထုတ်လွှတ်မယ့် ပလာစမာထဲသို့ တွန်းအားပေးပစ္စည်းတွေကို အိုင်းယွန်းဓာတ်ပြောင်းလဲဖို့ ထိရောက်စွာ အသုံးချနိုင်ပုံကို ရည်ညွှန်းပါတယ်” လို့
ကုမ္ပဏီပိုင် အိုင်းယွန်းလျှပ်စစ်တွန်းအားပေးစက်ကို အသုံးပြုပြီး ဂြိုလ်တုတွေအတွက် လျှပ်စစ်တွန်းကန်အားစနစ်တွေ ပံ့ပိုးပေးသည့် Accion Systems ရဲ့ ပူးတွဲတည်ထောင်သူ ဒေါက်တာ Natalya Bailey က ပြောကြားခဲ့ပါတယ်။
“ဒီစွမ်းဆောင်ရည် မြင့်မားလေလေ၊ တွန်းကန်အား နည်းလေလေဖြစ်ပြီး ပိုမိုစျေးသက်သာသော ဂြိုလ်တုတွေနဲ့ ဒုံးပျံလွှတ်တင်မှုတွေကို ပြုလုပ်နိုင်စေမယ့် သေးငယ်သော တိုင်ကီတွေ၊ ဆိုလာပြားတွေနဲ့ ဘက်ထရီတွေကို ဖြစ်ပေါ်စေသည့် တွန်းကန်စနစ်တွေကို လည်ပတ်ရန်အတွက် လျှပ်စစ်စွမ်းအင် လိုအပ်ပါတယ်” လို့
AI မောင်းနှင်သော ဂြိုလ်တုတွန်းကန်အားစနစ်တွေ ပံ့ပိုးပေးသည့် Morpheus Space မှ ဥက္ကဌနှင့် ပူးတွဲတည်ထောင်သူ István Lörincz က ထပ်မံ ပြောကြားခဲ့ပါတယ်။
“အိုင်အိုဒင်းကို တွန်းအားပေးပစ္စည်းအဖြစ် အသုံးပြုခြင်းဟာ ဂြိုဟ်တုစနစ်တွေကို ပိုမိုသေးငယ်၊ ရိုးရှင်းစေပြီး အသုံးချရန် ပိုမိုလွယ်ကူစေသည့်အပြင် သူတို့သက်တမ်းကုန်တဲ့အခါ အလွယ်တကူ ဖယ်ရှားနိုင်တယ်” လို့ စာတမ်းတွင် ရေးသားဖော်ပြထားပါတယ်။
အိုင်အိုဒင်းဟာ ကမ္ဘာပေါ်ရှိ ဇီနွန်ဓာတ်ငွေ့ပမာဏထက် ပိုမိုပေါများပြီး ထုတ်လုပ်ဖို့အတွက်လည်း ပိုပြီးတော့ စျေးသက်သာပါတယ်။
သို့သော် အားနည်းချက်အချို့ ရှိပါတယ်။
ဒေါက်တာ Bailey ပြောထားသလိုပဲ အိုင်အိုဒင်းကဲ့သို့သော တွန်းအားပေးပစ္စည်းတွေကို အသုံးမပြုမီ အခဲအငွေ့ပျံဖို့အတွက် အပူပေးရပါတယ်။
ပိုမိုကြီးမားသောအဆင့်တွင် လျှပ်စစ်တွန်းကန်အားစနစ်တွေက စွမ်းအင်အမြောက်အများရှိပြီး ဂြိုဟ်တုတွေရဲ့ ပင်မ ဝန်ချိန်တွေကို တစ်ချိန်တည်းမှာ တွန်းလွှတ်ပြီး အသုံးပြုလို့ မရနိုင်ပါဘူး။
ထိုအရာက ဂြိုလ်တုတွေက သူတို့ရည်ရွယ်ထားတဲ့ မစ်ရှင်ကို မလုပ်ဆောင်နိုင်တဲ့ အချိန်ကို အတော်အတန် ကြန့်ကြာသွားစေပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။