Apple ဟာ လာမယ့် လအတွင်းမှာ iPhone 13 ကို မိတ်ဆက်ဖို့အတွက် စီစဉ်နေကြောင်း Apple ချစ်သူများ သိပြီး ဖြစ်ကြမှာပါ။
ဒါဟာ နှစ်စဉ် ပြုလုပ်နေကျဖြစ်လို့ Apple အသုံးပြုတွေအတွက် အထူးအဆန်းတော့ မဟုတ်ပေမယ့် Cupertino အခြေစိုက် နည်းပညာ ကုမ္ပဏီကြီး ဟာ ဒီနှစ်မှာ ၎င်း၏ iPhone ဈေးကို ပိုမို မြှင့်တင်ဖို့ ရှိနေပါတယ်။
ဒီလို ဈေးနှုန်း မြှင့်တင်လို့တဲ့ အကြောင်းအရင်းကတော့ iPhone အသစ်တွေ အတွက် chip တွေ ထုတ်လုပ်သည့် ကုန်ကျစရိတ် မြင့်တက်လာတဲ့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။
DigiTimes ၏ သတင်းများအရ ထိုင်ဝမ် Semiconductor ထုတ်လုပ်သည့် ကုမ္ပဏီ (TSMC) ဟာ ၎င်း၏ chip ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ပိုမို တိုးမြှင့်ဖို့ စီစဉ်နေပြီး ဒါဟာ Apple အပါအဝင် iPhone ဝယ်ယူသူများကိုပါ ရိုက်ခတ်လာတာ ဖြစ်ပါတယ်။

TSMC ဟာ ၎င်း၏ အဆင့်မြင့် နည်းပညာများကို အသုံးပြုထားတဲ့ chip ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ၂၀ ရာခိုင်နှုန်းလောက်အထိ တိုးမြှင့်ဖို့ စီစဉ်နေတာပါ။
ဒါ့ကြောင့် Apple အပါအဝင် iPhone အသုံးပြုသူများကိုပါ ဒီဈေးနှုန်းကြီးမြင့်မှုဟာ ရိုက်ခတ်လာတော့မှာဖြစ်တဲ့အတွက် အမြတ်အပေါ် မထိခိုက်စေရန် Apple အနေဖြင့် iPhone 13 series များတွင် ပိုမို မြင့်မားသော ဈေးဖြင့် ရောင်းချရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
သတင်းများအရ Apple ဟာ ၎င်း၏ iPhone 13 များကို ယခင်ထက် ဈေးနှုန်း ၃ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ဖွယ် ရှိပါတယ်။
TSMC ဟာ ၎င်း၏ နည်းပညာသစ်ကို အသုံးပြုထားသည့် sub-7nm chip များကို ဈေးနှုန်း ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြှင့်တင်မှာ ဖြစ်ပါတယ်။
iPhone 13 series ဟာ iPhone 12 တွေလိုပဲ ၅.၄ လက်မ မျက်နှာပြင် ပါရှိသည့် iPhone Mini၊ ၆.၁ လက်မရှိ iPhone 13၊ ၆.၁ လက်မရှိ iPhone 13 Pro နှင့် ၆.၇ လက်မရှိ iPhone 13 Pro Max တို့ ပါဝင်မှာ ဖြစ်ပါတယ်။

iPhone 13/Pro မော်ဒယ်များတွင် Wi-Fi 6E ကို ပံ့ပိုးပေးထားဖွယ် ရှိပါတယ်။
Wi-Fi 6E ဟာ မြင့်မားတဲ့ စွမ်းဆောင်မှု၊ latency လျှော့ချပေးမှုနှင့် ဒေတာများကို ပိုမို လျှင်မြန်စွာ လက်ခံ ပေးပို့မှုတို့ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် iPhone series သစ်များတွင် 25W fast charging မြန်နှုန်းမြှင့် အားသွင်း စနစ်ကိုလည်း ထောက်ပံ့ပေးဖွယ် ရှိနေပါတယ်။
လက်ရှိ iPhone 12 series များတွင်တော့ 20W fast charging ကိုသာ ထောက်ပံ့ ပေးထားတာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။