အီရန်ကို ဝင်တိုက်ဖို့ အစီအစဉ် အစ္စရေး ပြင်ဆင်

News

အစ္စရေးနိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးက Fox သတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်စဉ်မှာ အီရန်ရဲ့ နျူကလီးယား အဆောက် အအုံများကို စစ်ရေး အရ တိုက်ခိုက်ဖို့ ရေးဆွဲ ထားတဲ့ အစီအစဉ်ကို မွမ်းမံ ပြင်ဆင်မှု တွေ ပြုလုပ် နေပြီဟု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဝန်ကြီးက တီဟီရန် အနေဖြင့် နျူကလီးယား နှင့် သက်ဆိုင်သည့် လှုပ်ရှားမှု များကို တိုးမြှင့်လာပါက ၎င်းတို့ အနေဖြင့် အီရန် ပစ်မှတ်များကို ဖျက်ဆီးဖို့ အစီအစဉ် ရေးဆွဲ ထားတယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် လက်ဘနွန်မှ မြေပုံတစ်ခုကို ပြသခဲ့ပြီး ၎င်းမြေပုံတွင် မြေပြင် နယ်စပ်တလျှောက် အီရန် ကြားခံ တပ်ဖွဲ့ များမှ တည်ဆောက်ထားတဲ့ မြေပြင် တပ်ဖွဲ့များ၊ ဒုံးကျည် နှင့် ဒုံးကျည် ပစ်စင် နေရာများ ပါဝင်တယ်လို့ ပြောပါတယ်။

“ဒါဟာ ပစ်မှတ် မြေပုံတစ်ခုပါ။ ဒီပစ်မှတ် တွေထဲက တစ်ခုစီကို နည်း မျိုးစုံနှင့် စစ်ဆေး ပြီးဖြစ်ကာ တိုက်ခိုက်ဖို့ အသင့် ဖြစ်နေပါပြီ” လို့ ဆက်ပြောပါတယ်။

အစ္စရေးက ဒီလိုမျိုး ပြောကြားချက်ဟာ အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒင် အုပ်ချုပ်ရေးမှ အီရန်၏ နျူကလီးယား စီမံကိန်းကို ကန့်သတ်ရန် တီဟီရန်၏ လှုပ်ရှားမှုများ အပေါ် ပိုမို တင်းကျပ်ဖို့ အချို့သော အပြောင်းအလဲ များနှင့် အတူ ၂၀၁၅ တွင် ချုပ်ဆိုခဲ့သည့် နျူကလီးယား သဘောတူစာချုပ်အား ပြန်လည် အသက်သွင်းဖို့ စဉ်းစားနေတဲ့ အချိန်မှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

F-35I Adir

သမ္မတဟောင်း ဒေါ်နယ်ထရမ့် တုန်းက အဆိုပါ သဘောတူညီချက် မှ ၂၀၁၈ ခုနှစ် မှာ တဖက် သတ် ထွက်ခွာ သွားခဲ့ပြီး ပိတ်ဆို့ အရေး ယူမှုများ ချမှတ်ခဲ့တာပါ။

ဒါဟာ အီရန် နိုင်ငံ အနေဖြင့် သဘော တူညီချက် တွေကို ဂရုမစိုက်ဘဲ ယူရေနီယံ များကို သတ် မှတ် ထားသည် ထက်ပိုပြီး စုဆောင်းခြင်း နှင့် သန့်စင်ခြင်းများ ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်။

အီရန် ဖက်ကတော့ အစ္စရေး တို့၏ တိုက်ခိုက် နိုင်ခြေ ရှိမှုနှင့် ပတ်သက်ပြီး တုံ့ပြန်မှု တွေ ရှိပါတယ်။

အီရန် ကာကွယ်ရေး ဝန်ကြီး အမာ ဟာတာမီ က အစ္စရေးတို့၏ မည်သည့် တိုက်ခိုက် မှုကို မဆို လက်တုန့်ပြန် သွားမယ်လို့ အီရန် မီဒီယာများကို ပြောပါတယ်။

ဒါ့အပြင် ၎င်းက အစ္စရေး အနေဖြင့် ဒီလို အပြုအမူတွေ ပြုလုပ်လာရင် သူတို့ရဲ့ မြို့တွေ ဖြစ်တဲ့ Tel Aviv နဲ့ Haifa ကို အမှုန့်ခြေ ပစ်မယ် လို့ သတိပေးလိုက် ပါသေးတယ်။

အစ္စရေးတို့ရဲ့ အ ဆိုပါ မြို့ ၂ မြို့ဟာ မြေထဲပင်လယ် ကမ်းရိုးတန်းမှာ တည်ရှိတာ ဖြစ်ပါတယ်။

အစ္စရေးဟာ ၂၀၂၁ ဇန်နဝါရီလ ကတည်းက အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒင် အနေဖြင့် အီရန်ကို ပိတ်ဆို့မှုတွေ ဖြေလျှော့ ပါက မိမိဘာသာ မိမိ အီရန်ကို ဝင်တိုက် သွားမည် ဖြစ်ကြောင်း သတိပေးခဲ့ ဖူးပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *