ထရမ့်သမ္မတ သက်တမ်း တစ်ရက်အလိုတွင် အီရန်တို့ အိုမန် ပင်လယ်ကွေ့တွင် စစ်ရေးလေ့ကျင့်

News

ထရမ့်အစိုးရရဲ့ သက်တမ်းတစ်ရက်တာ ကာလသာ ကျန်တော့တဲ့အချိန်မှာ အီရန် ကွန်မန်ဒိုတပ်သားတွေနဲ့ လေထီးခုန်စစ်သားတွေဟာ အင်္ဂါနေ့က ပင်လယ်ကွေ့အဝမှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံ ရုပ်မြင်သံကြားတွေမှာ အိုမန်ပင်လယ်ကွေ့ရှိ ဂျက်စ်ခ် ဆိပ်ကမ်းအနီး ရန်သူ့နယ်မြေအတုရဲ့နောက်တွင် ဆင်းသက်ပြီး ဒုံးကျည်ပစ်လွှတ်စင်များ ပြင်ဆင်ပစ်ခတ်ခြင်းနှင့် တိုက်ခိုက်ခြင်းများပြုလုပ်နေတာကို ပြသခဲ့ပါတယ်။

“မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုများဟာ ရန်သူများအား အီရန်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ဖို့ရာရှိတယ်ဆိုတာကို ပြသတာြဖစ်ပြီး နိုင်ငံရဲ့ကိုယ်စား ကျွန်ုပ်တို့ရဲ့ လက်ချောင်းတွေဟာ သနက်ခလုပ်တွေပေါ်မှာ ရှိနေပြီ” လို့ အီရန်တော်လှန်ရေးတပ်မှုး ဟိုစိန်ဆာလာမီက ရုပ်မြင်သံကြားတွင် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်ကလည်း အင်ဒီယန်းသမုဒ္ဒရာထဲရှိ ရန်သူ့သင်္ဘောပစ်မှတ်တုကို တာဝေး တိုက်ချင်းပစ်ဒုံးကျည်များဖြင့် ပစ်ခတ်လေ့ကျင့်ခဲ့ပြီး၊ အီရန်အလယ်ပိုင်း ကန္တာရဒေသဘက်မှ ထုတ်လုပ်ခဲ့တဲ့ ပြည်တွင်းဖြစ် မောင်းသူမဲ့လေယာဉ်များကိုလည်း စမ်းသပ်ခဲ့ပါတယ်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပင်လယ်ကွေ့အတွင်းတွင် တာတိုဒုံးကျည်များကို စမ်းသပ်ခဲ့ပြီး ယခုလအစောပိုင်းတွင် ပြည်တွင်း၌ထုတ်လုပ်သော မောင်းသူမဲ့လေယာဉ်များကို လေ့ကျင့်ခဲ့တာပါ။ အီရန်ဟာ စစ်ပွဲဖြစ်ခဲ့ပါက အမေရိကန်ပြည်ထောင်စုနှင့် အခြားရန်သူများကို ဟန့်တားမှုနှင့်လက် တုံ့ ပြန်မှု ပြလုပ်ရန်အတွက် အရှေ့အလယ်ပိုင်းဒေသမှာ အကြီးမားဆုံးသော ဒုံးကျည် စီမံကိန်းများကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ထရမ့်က အီရန်၏ ၂၀၁၅ နျူကလီးယား သဘောတူညီချက်မှ နှုတ်ထွက်သွားပြီး တီဟီရန်အား ပိတ်ဆို့အရေးယူမှုများ ပြန်လည်စတင်လာသည့် ၂၀၁၈ ကတည်းက ပင်လယ်ကွေ့ရှိ အီရန်စစ်တပ်နှင့် အမေရိကန်စစ်တပ်တို့ကြား ရံဖန်ရံခါ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့တာပါ။ အသစ်တက်လာမယ့် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အီရန်ဟာ တင်းကြပ်တဲ့ လိုက်နာမှုကို ပြန်လည်လုပ်ဆောင်ပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် နျူကလီးယားသဘောတူညီမှုကို ပြန်လည်အကောင်အထည်ဖော်မယ်လို့ ပြောကြားထားပါတယ်။

ZawGyi

ထရမ့္အစိုးရရဲ႕ သက္တမ္းတစ္ရက္တာ ကာလသာ က်န္ေတာ့တဲ့အခ်ိန္မွာ အီရန္ ကြန္မန္ဒိုတပ္သားေတြနဲ႔ ေလထီးခုန္စစ္သားေတြဟာ အဂၤါေန႔က ပင္လယ္ေကြ႕အဝမွာ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ႏိုင္ငံ ႐ုပ္ျမင္သံၾကားေတြမွာ အိုမန္ပင္လယ္ေကြ႕ရွိ ဂ်က္စ္ခ္ ဆိပ္ကမ္းအနီး ရန္သူ႔နယ္ေျမအတုရဲ႕ေနာက္တြင္ ဆင္းသက္ၿပီး ဒုံးက်ည္ပစ္လႊတ္စင္မ်ား ျပင္ဆင္ပစ္ခတ္ျခင္းႏွင့္ တိုက္ခိုက္ျခင္းမ်ားျပဳလုပ္ေနတာကို ျပသခဲ့ပါတယ္။

“မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ စစ္ေရးေလ့က်င့္မႈမ်ားဟာ ရန္သူမ်ားအား အီရန္ႏိုင္ငံ၏ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာကို ကာကြယ္ဖို႔ရာရွိတယ္ဆိုတာကို ျပသတာျဖစ္ၿပီး ႏိုင္ငံရဲ႕ကိုယ္စား ကြၽႏ္ုပ္တို႔ရဲ႕ လက္ေခ်ာင္းေတြဟာ သနက္ခလုပ္ေတြေပၚမွာ ရွိေနၿပီ”လို႔ အီရန္ေတာ္လွန္ေရးတပ္မႈး ဟိုစိန္ဆာလာမီက ႐ုပ္ျမင္သံၾကားတြင္ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တပတ္ကလည္း အင္ဒီယန္းသမုဒၵရာထဲရွိ ရန္သူ႔သေဘၤာပစ္မွတ္တုကို တာေဝး တိုက္ခ်င္းပစ္ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္ေလ့က်င့္ခဲ့ၿပီး၊ အီရန္အလယ္ပိုင္း ကႏၲာရေဒသဘက္မွ ထုတ္လုပ္ခဲ့တဲ့ ျပည္တြင္းျဖစ္ ေမာင္းသူမဲ့ေလယာဥ္မ်ားကိုလည္း စမ္းသပ္ခဲ့ပါတယ္။ ၿပီးခဲ့သည့္ ဗုဒၶဟူးေန႔က ပင္လယ္ေကြ႕အတြင္းတြင္ တာတိုဒုံးက်ည္မ်ားကို စမ္းသပ္ခဲ့ၿပီး ယခုလအေစာပိုင္းတြင္ ျပည္တြင္း၌ထုတ္လုပ္ေသာ ေမာင္းသူမဲ့ေလယာဥ္မ်ားကို ေလ့က်င့္ခဲ့တာပါ။

အီရန္ဟာ စစ္ပြဲျဖစ္ခဲ့ပါက အေမရိကန္ျပည္ေထာင္စုႏွင့္ အျခားရန္သူမ်ားကို ဟန႔္တားမႈႏွင့္ လက္တုံ႔ျပန္မႈ ျပလုပ္ရန္အတြက္ အေရွ႕အလယ္ပိုင္းေဒသမွာအႀကီးမားဆုံးေသာ ဒုံးက်ည္ စီမံကိန္းမ်ားကို လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ အေမရိကန္သမၼတ ထရမ့္က အီရန္၏ ၂၀၁၅ န်ဴကလီးယား သေဘာတူညီခ်က္မွ ႏႈတ္ထြက္သြားၿပီး တီဟီရန္အား ပိတ္ဆို႔အေရးယူမႈမ်ား ျပန္လည္စတင္လာသည့္ ၂၀၁၈ ကတည္းက ပင္လယ္ေကြ႕ရွိ အီရန္စစ္တပ္ႏွင့္ အေမရိကန္စစ္တပ္တို႔ၾကား ရံဖန္ရံခါ ထိပ္တိုက္ရင္ဆိုင္မႈမ်ား ျဖစ္ပြားခဲ့တာပါ။ အသစ္တက္လာမယ့္

သမၼတ ဂ်ိဳးဘိုင္ဒန္ကေတာ့ အီရန္ဟာ တင္းၾကပ္တဲ့ လိုက္နာမႈကို ျပန္လည္လုပ္ေဆာင္ပါက အေမရိကန္ျပည္ေထာင္စုအေနျဖင့္ န်ဴကလီးယားသေဘာတူညီမႈကို ျပန္လည္အေကာင္အထည္ေဖာ္မယ္လို႔ ေျပာၾကားထားပါတယ္။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *