ဂျေရုစလင် မီဒီယာအရ အီရန်နိုင်ငံ၏ နောက်ဆုံး ထုတ် မောင်းသူမဲ့လေယာဉ်ဟာ ကီလိုမီတာ ၇ ထောင်လောက်အထိ ရောက်ရှိအောင် ပျံသန်းနေနိုင်ပြီလို့ သိရပါတယ်။
ဒီလို အကွာအဝေး အထိရောက်အောင် မပျံသန်းဖူးသေးပေမယ့် အဆိုပါ မောင်းသူမဲ့လေယာဉ်ဟာ တီဟီရမ်မှ Reykjavik အထိ ကောင်း ကောင်း ရောက်ရှိနိုင်ဖွယ်ရှိပါတယ်။
အစ္စရေးနှင့် အမေရိကန်တို့ဟာ ဒီလအစောပိုင်းအတွင်း ရှီးဟိုက် လက်နက်ကိုင်အဖွဲ့နှင့် အကြမ်းဖက် အဖွဲ့အစည်းများကို နောက်ခံပေးထားတဲ့ အီရန်ရဲ့ မောင်းသူမဲ့လေယာဉ်များရန်ကို အတူပူးပေါင်း ကာကွယ်ဖို့အတွက် ပြောဆိုခဲ့ကြပါသေးတယ်။
မကြာသေးမီက အီရန်မှ ပြသခဲ့တဲ့ မောင်းသူမဲ့လေယာဉ်ကို Gaza လို့အမည်ပေးထားပြီး ကီလိုမီတာ ၇ ထောင်လောက်အထိ ပျံသန်းနိုင်တယ်ဆိုတာ Gaza ကို ရည်ညွှန်းတာလား အခြား မောင်းသူမဲ့လေယာဉ်လားဆိုတာတော့ မသိရသေးပါဘူး။
အီရန် တော်လှန်ရေး အစောင့်တပ် မှ အကြီးအကဲ ဗိုလ်မှူးချုပ် Hossein Salami အဆိုအရ ဒီမောင်းသူမဲ့လေယာဉ်ဟာ အီရန်မှ သို့မဟုတ် ယီမင်သို့မဟုတ် ဆီးရီးယားမှ အစ္စရေးဝေဟင်သို့ ပျံသန်းနိုင်ကာ အခြေစိုက်စခန်းကို ပြန်လာနိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။
၎င်းတပ်၏ တပ်မှူး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Amir Ali Jajizadeh ဟာ ဒီ မောင်းသူမဲ့လေယာဉ်နှင့် ဒုံးကျည်အစီအစဉ်များရဲ့ နောက်ကွယ်က ပုံဖော်ပေးတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။
မောင်းသူမဲ့လေယာဉ်သစ် Gaza ကို Shahed 149 လို့ခေါ်ပြီး ယခင် Shahed 129 ထက် ပိုပြီး အရွယ်စားကြီးမားပါတယ်။

Salami အဆိုအရ မောင်းသူမဲ့လေယာဉ်သစ်ဟာ ဗုံး ၁၃ လုံးအထိ တင်ဆောင် စစ်ဆင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ Shahed 171 မောင်းသူမဲ့လေယာဉ်ဟာ ၂၀၁၁ တုန်းက အမေရိကန်တို့ထံမှ ရရှိခဲ့တဲ့ RQ-170 ကို ကော်ပီယူ ထုတ်လုပ်ထားတာဖြစ်ပြီး ၄၄၀၀ ကီလိုမီတာအထိ ရောက်ရှိနိုင်ပါတယ်။
ဒီ မောင်းသူမဲ့လေယာဉ်သစ်ဟာ ယခင် အီရန် အသေခံ ဒရုန်းများနှင့် မတူတာကတော့ ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲထားပြီး ပစ်မှတ်ကို တိုက် ခိုက်နိုင်သည့် ခရုဇ် ဒုံးကျည်များ ပုံစံ တည်ဆောက်ထားကာ အခြေစိုက်ရာသို့ ပြန်လာနိုင်ပါတယ်။
ယခုနှစ် မေလအတွင်းက အစ္စရေး အရှေ့မြောက် လေပိုင်နက် Beit She’an မြို့အနီး ချဉ်းကပ်လာတဲ့ ဒရုန်းတစီးကို ပစ်ချခဲ့ရပြီး အဆိုပါ ဒရုန်း ဟာ အီရန်ထုတ်ဖြစ်ကာ အီရန်တပ်ဖွဲ့များက အစ္စရေးဝေဟင်သို့ ဆီးရီးယား သို့မဟုတ် အီရတ်မှ စေလွှတ်ခဲ့တာဖြစ်တယ်လို့ အစ္စရေးဝန်ကြီး ချုပ် နေတန်ရာဟုက ပြောဆိုခဲ့သည်ကို Times of Israel မှာ ဖော်ပြခဲ့ပါတယ်။
အလားတူ ၂၀၁၈ မှာ ဆီရီးယားမှ အစ္စရေးမြောက်ပိုင်းအတွင်း ဝင်ရောက်လာတဲ့ ဒရုန်းတစီးကို အစ္စရေး ရဟတ်ယာဉ်တစီးမှ ပစ်ချခဲ့ပြီး တုန်ပြန်မှုအနေဖြင့် ဆီးရီးယားရှိ အီရန်ပိုင် အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပါသေးတယ်။
Knowledgeworms Copyright © 2021