အမေရိကန်နှင့်အကျဉ်းသား လှဲလှယ်ရေးဆွေးနွေပွဲများဆက်လက်ပြုလုပ်ဖို့ အီရန်ပြောကြား

Military News

ဂျူလိုင် ၁၃၊၂၀၂၁

အီရန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံအကြား အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေးအတွက် လတ်တလော ဆွေးနွေးညှိနှိုင်းနေပြီး အီရန်နိုင်ငံအနေဖြင့် အကျဉ်းသား အားလုံး အပြန်အလှန် လဲလှယ်ဖို့ အသင့်ရှိနေပါတယ်လို့ အီရန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောကြားခဲ့ပါတယ်။

“လူသားချင်းစာနာမှု အကြောင်းတရားတွေနဲ့ အမေရိကန်ရဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးနှင့် အီရန် ရဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး အပြန်အလှန်လဲလှယ်ဖို့ အီရန်ဘက်က အသင့်ရှိနေတယ်ပါတယ်ဆိုတဲ့အကြောင်းကိုတော့ ကျွန်တော်တို့ ထပ်ခါထပ်ခါ ပြောပြီးသားပါ ” ဟု

Ali Rabiee

အီရန်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Ali Rabiee က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ခြင်းပဲဖြစ်ပါတယ်။

ယခင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်ကလည်း အကျဉ်းသားလဲလှယ်ရေးအတွက် အီရန်ဘက်က အသိပေးပြောကြားခဲ့သော်လည်း အမေရိကန်ဘက်က “အီရန်ဓားစာခံများဖြင့် အစားထိုးကာ” ဆွေးနွေးပွဲစကားဝိုင်းတွင် အတူထိုင်ရန် ငြင်းဆိုခဲ့တယ်လို့လည်း Ali Rabiee က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ထို့ပြင် ၎င်းက အီရန်နိုင်ငံအနေဖြင့် အကျဉ်းချခံထားရသည့် ကမ္ဘာတစ်ဝှမ်းက အီရန်နိုင်ငံသား အကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန် မျှော်လင့်ကြောင်း‌လည်း ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ တောင်းဆိုမှု‌တွေကြောင့် တတိယနိုင်ငံတစ်ခုတွင် အကျဉ်းချခံထားရသည့် အီရန်အကျဉ်းသားများအားလုံး အကျူံးဝင်တယ်လို့ ဆိုလိုတာလဲဖြစ်ပါတယ်။

လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် ပထမဆုံး ရုံးထိုင်သည့်နေ့မှာပင် အီရန်ရဲ့ အကျဉ်းသားလဲလှယ်ရေး ကမ်းလှမ်းမှု အစီအစဉ်ကို စိတ်ဝင်စားမှု ဖော်ပြခဲ့ပြီး သဘောတူ လက်ခံကြောင်း ရလဒ်များ ထွက်ပေါ်လာပါက ချက်ချင်းဆိုသလို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ကြေညာပေး သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။

Robert Malley

အီရန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Robert Malley က ပြီးကတဲ့ စနေနေ့တွင် ပြောကြားရာမှာတော့ အီရန်နှင့်အကျဉ်းသားလဲလှယ်ရေးအတွက် ဆွေးနွေးမှုမှာ တိုးတက်မှု အချို့ရှိပါတယ် လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံအနေဖြင့် “တစ်စိတ်တစ်ပိုင်းသဘောတူညီမှု”ကို လက်ခံမည်မဟုတ်ကြောင်း ၊ သို့သော် အီရန်ရှိ အမေရိကန်အကျဉ်းသားအားလုံးလွှတ်ပေးရေး တစ်ခုတည်းကိုသာ လက်ခံမည်ဖြစ်ကြောင်း ဆိုပါတယ်။

အကျဉ်းသားများ အပြန်အလှန်လွှတ်‌‌ပေးရေး ဆွေးနွေးမှုဟာ ၂၀၁၅ နျူကလီးယား သဘောတူညီချက် ဆွေးနွေးမှုနှင့် သက်သက်စီသာ ဖြစ်ကြောင်းလည်း Robert Malley က ပြောကြားခဲ့ပါတယ်။

အကယ်၍ ဗီယင်နာ နျူကလီးယားဆိုင်ရာဆွေးနွေးပွဲမှာ အောင်မြင်မှုရလဒ် မထွက်ပေါ်ခဲ့ပါကလည်း အမေရိကန်အနေဖြင့် အီရန်နှင့်အတူ အကျဉ်းသားများလဲလှယ်ရေး သဘောတူညီမှု တစ်ခုအတွက် ဆက်လက်ဖိအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *