တနေ့ကို ခြေလှမ်း ၁၀,၀၀၀ လျှောက်သင့်တယ် ဆိုတာ တကယ်လား

Health Lifestyle

လမ်းလျှောက်ခြင်းဟာ ကျန်းမာရေးအတွက် အလွန် ကောင်းမွန်ပါတယ်။ ဒါပေမယ့် တစ်နေ့ကို ဘယ်နှစ်လှမ်းလောက် လှမ်းဖို့ လိုအပ်သလဲ။

ယနေ့ခေတ်မှာတော့ လူတိုင်းဟာ တစ်နေ့ကို ခြေလှမ်း ၁၀,၀၀၀ လှမ်းခြင်းရဲ့ အကျိုးကျေးဇူး​တွေအကြောင်း ကြားသိကြသော်လည်း ဒီအယူအဆ ဘယ်က လာသလဲဆိုတာကိုတော့ အနည်းငယ်မျှသာ သိကြပါတယ်။

ဒါပေမယ့် နောက်ဆုံး သိပ္ပံနည်းကျ သုတေသနရဲ့ ရလဒ်တွေကို ကျွန်ုပ်တို့အ​နေနဲ့ ယုံကြည်မယ်ဆိုရင် ကျန်းမာရေးအတွက် တစ်နေ့ကို ခြေလှမ်းပေါင်း ၇,၅၀၀ လှမ်းဖို့ လိုအပ်ပါတယ်။

ဒီလို ကောက်ချက်ချဖို့ အတွက် သိပ္ပံပညာရှင်တွေဟာ အမေရိကန်လူမျိုး ၂ သောင်း ကျော် ပါဝင်တဲ့ ကျယ်ပြန့်တဲ့ သုတေ သန ပြုပြီးနောက် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

သို့သော်လည်း ယခင် သိပ္ပံစာတမ်း အများအပြားမှာတော့ အကြာကြီး လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေး ကောင်းမွန်ခြင်း အကြား ဆက်စပ်မှုရှိကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါဆို တစ်နေ့ကို လမ်းဘယ်လောက် လမ်းလျှောက်သင့်သလဲ။

အထိုင်များတဲ့လူနေမှုပုံစံရဲ့အန္တရာယ်​တွေအကြောင်း အသေးစိတ်ပြောလာကြတဲ့အခါမှာတော့ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းဟာ အရွယ်မတိုင်မီ ဆုံးပါးခြင်းသို့ ဦးတည်သွားစေနိုင်ကြောင်း အနှစ် ၂၀ ကျော် လူများ၏ ကျန်းမာရေးကို စောင့်ကြည့်လေ့ လာခဲ့တဲ့ ဥရောပလူ့အဖွဲ့အစည်းမှ သိပ္ပံပညာရှင်တွေက ကောက်ချက်ချခဲ့ကြပါတယ်။

လေ့လာမှုရဲ့ အဓိကတွေ့ရှိချက်တစ်ခုက ကိုယ်လက်လှုပ်ရှားမှု အလွန်အကျွံ လုပ်တာကလည်း အကြောင်းအမျိုးမျိုးကြောင့် ဆုံးပါးနိုင်ခြေကို သက်ရောက်မှုရှိတာကို နောက်ပိုင်းတွင် သိရှိလာကြတဲ့ အတွက်ကြောင့် ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့် ခန်း တွေမှာလည်း အကန့်အသတ်များစွာ ရှိလာပါတယ်။

Illustration

လူ့ခန္ဓာကိုယ်က တက်ကြွတဲ့ လူနေမှုပုံစံနှင့် လိုက်လျော ညီထွေဖြစ်အောင် နေထိုင်နိုင်ပါတယ်။

ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံး ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ အတွက် အားကစား လုပ်ဖို့လည်း လိုအပ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုဟာ ကိုယ်အလေးချိန်ထိန်းညှိဖို့၊ ရောဂါတွေကို တိုက်ဖျက်ဖို့အပြင် စိတ်ခံစားချက်ကို ကောင်းမွန်စေကာ စွမ်းအင်နှင့် အိပ်စက်မှု အရည်အသွေးကို တိုးမြင့်စေပါတယ်။

ဒါ့အပြင် ကိုယ်ကာယ လေ့ကျင့်ခန်းဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့လည်း တိုက်ရိုက် သက်ဆိုင်ပါတယ်။

တစ်နည်းအားဖြင့်တော့ ကျွန်ုပ်တို့ပိုလေ့ကျင့်လေ၊ အတွေးအခေါ်တွေ ပိုကောင်းလေဖြစ်ပါတယ်။

ပုံမှန်လမ်းလျှောက်ခြင်းက နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုရောဂါနှင့် စိတ်ဓာတ်ကျခြင်းတို့ကို လျှော့ချနိုင်တဲ့ အတွက်ကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

ဒါပေမယ့် နေ့တိုင်း ခြေလှမ်း ၁ သောင်းတောင် လှမ်းဖို့ ဘယ်သူ ပြောလဲ။

ကိုယ်လက် လှုပ်ရှားမှုတိုင်းက ကောင်းတယ် ဆိုပေမယ့် နည်းစနစ် ကျကျဖြင့် ခန္ဓာကိုယ်ရဲ့ ခံနိုင်စွမ်းပေါ် မူတည်ပြီး မလုပ် ဆောင် လျှင်တော့ ထိခိုက်စေနိုင်ပါတယ်။

1964 ခုနှစ်တုန်းက Tokyo မှာကျင်းပတဲ့ အိုလံပစ်အားကစားပြိုင်ပွဲအပြီး တစ်ရက်လျှင် ခြေလှမ်း ၁၀,၀၀၀ လှမ်းသင့်တယ်ဆိုတဲ့ သဘောတရားက ဂျပန်နိုင်ငံမှာ ကျယ်ပြန့်လာခဲ့ပါတယ်။

သို့သော်လည်း အဆိုပါ ပြောဆိုချက်ကို ထောက်ခံဖို့ အမှန်တကယ် အထောက်အထားမရှိပါဘူး။ ဖြစ်နိုင်ချေအများစုက ၎င်းဟာ အရောင်းကောင်တာများအတွက် စိတ်ကြိုက် စျေးကွက်ရှာဖွေရေး လှုံ့ဆော်မှုလည်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် သုတေသနရလဒ်တွေအရ လမ်းလျှောက်လေ ပိုကျန်းမာလေလေပါပဲ။

ဒါ့ကြောင့် 2010 တုန်းက လေ့လာမှုအရ လမ်းပုံမှန် လျှောက်မယ်ဆိုရင် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေ ဖြစ် ပွား မှုနှုန်း 10% လျော့ကျသွားကြောင်း တွေ့ခဲ့ရပါတယ်။

တစ်နေ့လျှင် ခြေလှမ်းတစ်ထောင်လှမ်းခြင်းကနေ ခြေလှမ်းအရေအတွက် တိုးလာမှုရဲ့ရလဒ်များအရ မည်သည့်အကြောင်းကြောင့်မဆို အရွယ်မတိုင်မီ သေဆုံးနိုင်ခြေကို 6% လျှော့ချပေးပါတယ်။

တစ်ဖန် တစ်နေ့လျှင် ခြေလှမ်း ၁၀,၀၀၀ သို့မဟုတ် ထို့ထက် ပိုလျှောက်တဲ့ သူတွေဟာ စောစီးစွာ သေဆုံးနိုင်ခြေ ၄၆% အောက်တွင်သာ ရှိပါတယ်။

နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်တိုးမြှင့်လုပ်ဆောင်ခြင်းဟာ မြင်သာထင်သာတဲ့ အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။

ကျွမ်းကျင်သူတွေက တစ်ပတ်လျှင် အလယ်အလတ် ပြင်းထန်မှု အဆင့်ရှိတဲ့ ကိုယ်လက် လှုပ်ရှားမှု အနည်းဆုံး မိနစ် ၁၅၀ လုပ်ဖို့ အကြံပြုထားပါတယ်။

ဒါဟာ တစ်နေ့လျှင် အားကစားလုပ်ရန် မိနစ် ၃၀ သာဖြစ်ပြီး ၎င်းဟာ တစ်နေ့လျှင် ခြေလှမ်း ၃,၀၀၀-၄,၀၀၀ ခန့်နှင့် ကိုက်ညီပါတယ်။

သြစတြေးလျတွင် အရွယ်ရောက်ပြီးသူ တစ်ဦးဟာ နေ့စဉ် ခြေလှမ်းပေါင်း ၇,၄၀၀ ခန့် လှမ်းကြပါတယ်။

Illustration

ဥပမာ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်တွေနှင့် ရုံးဝန်ထမ်း​တွေ၊ ကလေးတွေ၊ အားကစား သမား​တွေနှင့် အလုပ်သမားအချို့ အပါအဝင် လူတိုင်းဟာ နေ့စဥ် သွားလာလှုပ်ရှားနေကြရပါတယ်။

ဒါ့အပြင် လူတစ်ဦးနဲ့တစ်ဦး လုပ်ဆောင်မှု ခံနိုင်ရည်ကလည်း မတူညီပါဘူး၊ ဆိုလိုတာက ခြေလှမ်း ၁ သောင်း လှမ်းရမယ်ဆိုတဲ့ ပန်းတိုင်က လူတိုင်းအတွက်မဟုတ်ပါဘူး။

တရက်ကို လမ်း ဘယ်လောက်လမ်းလျှောက်သင့်သလဲ။

သုတေသီတွေရဲ့ပြောကြားချက်အရ တစ်နေ့လျှင် ခြေလှမ်း ၁၀,၀၀၀ လှမ်းခြင်းရဲ့ အကျိုး ကျေးဇူးများကို ထောက်ကူပေးဖို့ သိပ္ပံနည်းကျ အခြေခံအကြောင်းအရင်း မရှိပါဘူး။

မေလ ၂၉ ရက်နေ့ထုတ် JAMA ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုအရ အထိုင်များတဲ့ လူနေမှုပုံစံကို ဦးဆောင်နေသူများအတွက် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု အနည်းငယ် တိုးလုပ်လာခြင်းကလည်း ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

တစ်နေ့ကို ခြေလှမ်း ၄,၄၀၀ လှမ်းတဲ့ အသက်ကြီးတဲ့ အမျိုးသမီးတွေဟာ တက်ကြွမှု အနည်းဆုံး အမျိုးသမီးတွေနဲ့ ယှဉ်ရင် အရွယ်မတိုင်ခင် ဆုံးပါးမှုနှုန်း သိသိသာသာ လျော့ကျသွားတယ်လို့ ရရှိထားတဲ့ ရလဒ်တွေအရ သိရပါတယ်။

သို့သော် နေ့စဉ် ခြေလှမ်းပေါင်း ၇၅၀၀ ထက် ပိုလုပ်တဲ့ အမျိုးသမီးကြီးတွေအတွက် အပိုခြေလှမ်း ၂၅၀၀ မှာ အကျိုးအမြတ်မရှိပါဘူး။

သက်လတ်ပိုင်းတွေ အတွက် ဒုတိယ လေ့လာမှုရဲ့ ရလဒ်က နေ့စဉ် ခြေလှမ်း ၁၂၀၀၀ လမ်းလျှောက်ခြင်းရဲ့ အကျိုး ကျေးဇူးတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ထို့ကြောင့် အသက်အရွယ်နှင့် လှုပ်ရှားမှုပေါ်မူတည်ပြီး ပုံမှန်အားဖြင့် ခြေလှမ်း 3000 မှ 4500 အထိ နေ့စဉ် လမ်းလျှောက်ပြီး ကျန်းမာရေးနှင့် ညီညွတ် အောင်နေသင့်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 27/3/2022

Content Protection by DMCA.com