လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ထိုင်ဝမ်ဟာ မြေပြင် အခြေစိုက် လေကြောင်း ကာကွယ်ရေး ဒုံးကျည်များကို စု ဆောင်း ထားရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အဆိုပါ မြေပြင် အခြေစိုက် ဒုံးကျည်များဟာ စစ်ပွဲကြီးတခုဖြစ်ပါက သက်ရောက်မှု နည်းနိုင်ပြီး ဒုံးကျည်များဟာ ဝင်ရောက်လာမည့် အရာများကို ကာကွယ်ဖို့ ပင်လယ်ပြင်မှာ ပိုပြီး အသုံးဝင်ကြောင်း သက်သေပြနိုင်ပါတယ်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလက အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ အလာဘားမား ပြည်နယ် အခြေစိုက် ကုမ္ပဏီကို ဒေါ် လာ ၂၃ သန်းခန့် တန်ကြေးရှိ Chaparral လေကြောင်း ကာကွယ်ရေး စနစ်များ ထိုင်ဝန်ကို ရောင်းချခွင့် ပြုခဲ့ပါတယ်။
အဆိုပါ စနစ်များကို ထိုင်ဝမ်ဟာ လက်ရှိအချိန်အထိ အသုံးပြုနေဖွယ်ရှိပြီး ၁၉၆၉ ခုနှစ်လောက်ကတည်းက ထုတ်လုပ်ထားတဲ့ MIM-72 Chaparral များဟာ လက်ရှိ တရုတ်၏ ခေတ်မှီတဲ့ လေယာဉ်များကို အပြည့်အဝ တားဆီးနိုင်စွမ်း မရှိပါဘူး။

MIM-72 Chaparral ဆိုသည်မှာ အမေရိကန် ရေတပ်၏ AIM-9D Sidewinder အနီအောက် ရောင်ခြည် လမ်းညွှန် စနစ် သုံး ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်ကို ပြုပြင်မွမ်းမံပြီး M-113 သံချပ်ကာ ကိုယ်ထည်တွင် ဒုံးကျည် ၄ ခု ပူးတွဲ တပ်ဆင်ထားသည့် စနစ်တခု ဖြစ်ပါတယ်။
အဆိုပါ စနစ်ကို ၂၀ မီလီမီတာ စက်အမြောက် တပ်ဆင်ထားသည့် M-163 Vulcan သံချပ်ကာယာဉ်များဖြင့် တွဲဖက် အသုံး ပြုလေ့ရှိပြီး တခါတရံတွင် MPQ-49 ရေဒါများနှင့် လည်း တွဲဖက်အသုံးပြုပါတယ်။
ရည်ရွယ်ချက်ကတော့ ကြည်းတပ်များကို စစ်မြေပြင်တွင် အကာအကွယ်ပေးရန် ဖြစ်ပြီး အဓိက အားဖြင့် ဆိုဗီယက်၏ ရဟတ်ယာဉ်များနှင့် အနိမ့်ပျံ ဂျက်လေယာဉ်များကို သုတ်သင်ဖို့ပါ။
Chaparral များ၏ အဓိက အားနည်းချက်ကတော့ အလွန် တိုတောင်းသည့် အကွာအဝေးကိုသာ ရောက်ရှိ နိုင်တာဖြစ်ပြီး အများဆုံး ၅ မိုင်အထိသာ သက်ရောက်မှု ရှိပါတယ်။
အမေရိကန်ဟာ Chaparral စနစ်ပေါင်း ၆၀၀ လောက်အထိ ၁၉၆၉ ခုနှစ်မှ ၁၉၉၈ ခုနှစ်လောက်အတွင်း အသုံးပြုခဲ့ပြီး ယခုအခါ အနားပေးခဲ့ပြီး ဖြစ်ပါတယ်။

Chaparral များနေရာတွင် ပုခုံးထမ်း Stinger မျိုးကွဲ မျိုးစုံ က နေရာယူလာခဲ့ပြီး နောက်မှာတော့ လက်ရှိတွင် ရွေ့လျား လေဆာစနစ်များဖြင့် အစားထိုးရန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လူဦးရေ ၂၃ သန်းလောက်ရှိပြီး စစ်ဘက် အသုံးစရိတ် ၁၀ ဘီလီယံလောက်သာ ရှိသည့် ထိုင်ဝမ်ဟာ ၁၉၈၀ ခုနှစ်များက ဝယ် ယူခဲ့သည့် Chaparral များကိုသာ ဆက်လက် အသုံးပြုနေတာပါ။
ထိုင်ဝမ်ဟာ Chaparral စနစ်ပေါင်း ၉၀ လောက်အထိ ဝယ်ယူခဲ့ပြီး ဖရီးဂိတ်များတွင် တပ်ဆင်သုံးနိုင်သည့် ရေတပ်သုံး မျိုး ကွဲ များနှင့်အတူ ဒုံးကျည်အများအပြားကိုလည်း ဝယ်ယူခဲ့ပါတယ်။
အဆိုပါ စနစ်များဟာ ထိုင်ဝမ်၏ တိုက်လေယာဉ် ၃၀၀၊ Stinger များ၊ long-range Hawk များ၊ Patriot ဒုံးကျည်များ နှင့် ပြည်တွင်းဖြစ် Sky Bow ဒုံးကျည်များ ပါဝင်တဲ့ လေကြောင်း ကာကွယ်ရေး စနစ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်မှ ယခုအချိန်အထိ ထိုင်ဝမ်ဟာ Patriot ဒုံးကျည်ပေါင်း ၄၀၀ လောက်အထိ လက်ခံရရှိပြီး ဖြစ်ပါတယ်။

သိုပေမဲ့ လေကြောင်းကာကွယ်ရေး စနစ်ဟာ တရုတ်နှင့် မိုင် ၁၀၀ လောက်သာ ကွာဝေးသည့် ထိုင်ဝမ်အဖို့တော့ လုံလောက်တဲ့ စနစ်များ မဟုတ်ပါဘူး။
RAND ဟာ ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး အားနည်းမှုကို ထောက်ပြခဲ့ပြီး ခေတ်နောက်ကျနေတဲ့ Chaparral စနစ်ကို ထည့်သွင်း တွက်ချက်ခြင်းတောင် မရှိခဲ့ပါဘူး။
အဓိကအားဖြင့် သေးငယ်သည့် နယ်မြေအတွင်းမှာ လေယာဉ်များ အလွန်အကျွံ ပိုင်ဆိုင်ထားတာဟာ အန္တရာယ်တခုဖြစ်နေပြီး ခေတ်မှီတဲ့ စစ်တပ် တတပ်နှင့် ထိပ်တိုက်တွေ့ပါက လေယာဉ်နှင့် လေယာဉ်ကွင်းများကို ပထမဆုံး ပစ်မှတ်ထားခံရမှာ အသေအချာပါပဲ။
ဒါ့အပြင် ခေတ်သစ် စစ်ပွဲများတွင် ပဲ့ထိန်း ဒုံးကျည်များကို အများအပြား အသုံးပြုမည့်အတွက် ၎င်းတို့ကို ကြားဖြတ်ဖို့ အ တွက် လုံလောက်သည့် ကြားဖြတ်စနစ်များ လိုအပ်နေသည်မှာ ယူကရိန်း ဖြစ်ရပ်က သက်သေပြနေပါတယ်။
ဒါ့ကြောင့် RAND အနေဖြင့် လိုတာထက် ပိုနေသည့် တိုက်လေယာဉ်များတွင် ရင်းနှီးမြှုပ်နှံမည့်အစား လေကြောင်း ကာ ကွယ်ရေး စနစ်သစ်များ၊ ရွေ့လျား ရေဒါများ နှင့် ဒုံးကျည်များ အပေါ် အာရုံစိုက်ဖို့ အကြံပြုထားပါတယ်။

၂၀၁၅ ခုနှစ်က တပ်တော်ဝင်ခဲ့တဲ့ ထိုင်ဝမ်၏ ရေတပ် ထောက်ပံ့ရေး သင်္ဘော Panshih တွင် Chaparral များကို တပ်ဆင် ထားခဲ့ပါသေးတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။