လက်ဗွေပုံစံနှင့်တူသော ခရိုအေးရှားမှ ကျွန်း အကြောင်း

Knowledge Nature

ဒီကျွန်းဟာ တကယ် အစစ်အမှန် ဖြစ်ပြီးတော့ ခရိုအေးရှားမှာ တွေ့မြင်နိုင်ပါတယ်။

နိုင်ငံ၏ ခရီးသွား လုပ်ငန်းက ထင်ရှား ကျော်ကြားသော သဘာဝနှင့် သမိုင်းဝင် အမွေအနှစ်မျိုးစုံကို ပေးစွမ်းနိုင်သော်လည်း လူသိနည်းသေးသော စွဲမက်ဖွယ် နေရာအချို့ကိုလည်း စူးစမ်းလေ့လာရန် လိုအပ်ပါတယ်။

၎င်းတို့ထဲမှ တစ်ခုမှာ Fingerprint Island လို့လည်း ခေါ်ကြတဲ့ Baljenac (Bavljenac) ကျွန်းပဲ ဖြစ်ပါတယ်။

Source: Šibenski

Fingerprint Island ကို ဘယ်သူက ဖန်တီးခဲ့သလဲဆိုတဲ့ အကြောင်းအရာကို တော်တော် များများက မေးကြပါတယ်။

အဲ့ဒါဟာ လူလုပ်ဖန်တီးမှု တစ်ခုလား။ ရှုမြင်ဖို့ အံ့ဩဖွယ်ရာ သဘာဝတရား အစစ်တစ်ခုလား။ အဖြေကတော့ နှစ်ခုလုံးပါပဲ။

ကျွန်းရဲ့ အသွင်အစစ်ကို suhozid လို့ ခေါ်သော ​ကျောက် နံရံတွေကို တည်ဆောက်ခြင်းဖြင့် ဖန်တီးထားပါတယ်။

Source: Šibenski

ပတ်ပတ်လည်ဧရိယာ ၀.၁၄ ကီလိုမီတာရှိ ဒီအလွန်သေးငယ်သော နေရာတွင် ကျောက်​သားနံရံတွေရဲ့ အရှည်ဟာ ခန့်မှန်းခြေအားဖြင့် ၂၃ ကီလိုမီတာရှိပြီး အတော်လေး ထူးခြားပါတယ်။

နံရံတွေကို လူ့လက်ချောင်းတွေပေါ်ရှိ အ​ရစ်တွေလို ​စက်ဝိုင်းပုံစံဖြင့် မြေဆီလွှာတွင် ဆောက်လုပ် ထားပါတယ်။

အပေါ်မှကြည့်လျှင် ကျောက်နံရံတွေရဲ့ လမ်းကြောင်းတွေဟာ ဧရိယာ၏ စက်ဝိုင်းပုံသဏ္ဍာန်နှင့်အတူ ကျွန်း၏ ထူးခြားသောအသွင်အပြင်ကို ပေးစွမ်းနိုင်ပြီး လူသား လက်ဗွေရာနှင့် ဆင်တူပါတယ်။

Source: Šibenski

Fingerprint Island က Adriatic ပင်လယ်ရှိ ခရိုအေးရှားရဲ့ ရှေးအကျဆုံး မြို့ဖြစ်သည့် Sibenik ကမ်းလွန်တွင် တည်ရှိပါတယ်။

Baljenac ဟာ Kaprije မြို့သူမြို့သားတွေရဲ့ စိုက်ပျိုးရေးနယ်မြေအဖြစ် အသုံးပြုသည့် Sibenik ၏ Kaprije ကျွန်းအနီးတွင် တည်ရှိပါတယ်။

သူတို့က Baljenac ပေါ်ရှိ သဘာဝ ပေါက်ပင်တွေကို ရှင်းလင်းပြီး စပျစ်ခြံများနှင့် သစ်ပင်ပန်းပင်များ စိုက်ပျိုးရန်အတွက် သူတို့ လက်တွေဖြင့် ကျောက်နံရံတွေကို တည်ဆောက်ခဲ့ကြပါတယ်။

ခြောက်သွေ့သော ကျောက်တုံးများနှင့် ခရိုအေးရှား ကမ်းရိုးတန်း တလျှောက်ရှိ အခြား နေရာများ ဖြစ်သည့် Velebit တောင်များနှင့် Pag ကျွန်းတို့ဟာ ယနေ့တိုင် ရှင်သန် ကျန်ရစ်နေခဲ့ပါတယ်။

Source: Šibenski

UNESCO မှ ကာကွယ်ထားသော လက်ဖြင့် တည်ဆောက်ထားသည့် ကျောက်သားခြောက်နံရံတွေဟာ စိုက်ပျိုးရေးလောကတွင် ရှင်သန်ရန်အတွက် လူတစ်ဦးချင်းစီ၏ ကာယကြံ့ခိုင်မှုနှင့် ဒဏ်ခံနိုင်မှုတို့အား အမှီပြုရမည့်အချိန်ကို အမှတ်ရစေပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.