ဆလိုဗက်ကီးယား ကာကွယ်ရေးဝန်ကြီးဌာနဟာ ယူရို သန်း ၁၅၀ လောက်တန်ကြေးရှိတဲ့ Israel Aerospace Industries (IAI) အစ္စရေး လေကြောင်းစက်မှုမှ ထုတ်လုပ်ထားတဲ့ ELM-2084 Multi Mission Radar ရေဒါစနစ် ၁၇ ခုကိုဝယ်ယူခွင့်ရရှိသွားပြီလို့သိရပါတယ်။
ဆလိုဗက်ကီးယားဟာ အစ္စရေးကာကွယ်ရေး ၀န်ကြီးဌာနရှိ အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးညွှန်ကြားမှုဦးစီးဌာန (SIBAT) ဦးဆောင်သည့် သဘောတူညီချက်အရ ရေဒါစနစ်များကိုဝယ်ယူခဲ့တာဖြစ်ပါတယ်။
အစ္စရေးလေကြောင်းစက်မှု၏ အဆိုအရသဘောတူညီချက်မှာ နည်းပညာနှင့်ပတ်သက်သည့်လွှဲပြောင်းမှုများပါ ပါဝင်တယ်လို့သိရပါတယ်။ အစ္စရေး IAI ရဲ့ ဒုဥက္ကဌ Yoav Turgeman က ဆလိုဗက်ကီးယားနိုင်ငံဟာ သူတို့ရဲ့ လေကြောင်း ကာကွယ်ရေးစနစ်အတွက် ဒီ ရေဒါတွေ ရွေးချယ်ဝယ်ယူမှုကိုဂုဏ်ယူမိကြောင်း နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကိုလဲ ပူးပေါင်းပါဝင်ပေးလို့ကျေးဇူးတင်ကြောင်းပြောကြားခဲ့တယ်လိုသိရပါတယ်။ ဒီ ELM-2084 Multi Mission Radar တွေဟာ နောက်ဆုံးပေါ် နည်းပညာများကိုအသုံးပြုထားပြီး လေကြောင်းရန်ကာကွယ်ရေးနှင့် စောင့်ကြည့်ရေးမှ ာအသုံးပြုမှာဖြစ်ပါတယ်။
ခန့်မှန်းခြေ ဒီလိုရေဒါပေါင်း ၁၃၀ လောက်ကို ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ အမေရိကန်နှင့် ကနေဒါတို့ကိုပါ ရောင်းချထားပါတယ်။ ဆလိုဗက်ကီးယားနိုင်ငံအနေဖြင့် နိုင်ငံတွင်းမှ ရေဒါအစိတ်အပိုင်းတွေထုတ်လုပ်နိုင်အောင်လဲ IAI နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာက လမ်းညွှန်ကူညီမှုတွေလဲပေးသွားမယ်လို့သိရပါတယ်။ ဒီရေဒါစနစ်တွေဟာ NATO အုပ်စုရဲ့ရေဒါစနစ်တွေနှင့်လည်း အပြန်အလှန်အလုပ်လုပ်နိုင်လိမ့်မယ်လို့ဆိုပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး Benny Gantz ကလည်း IAI နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနမှဝန်ထမ်းများအားဒီလိုမျိုး NATO အဖွဲ့ဝင်နိုင်ငံများနှင့် အတူတူပူးပေါင်းလုပ်ဆောင်ခွင့်ရပြီး အစ္စရေးတို့ရဲ့ကာကွယ်ရေးပစ္စည်းတွေစွမ်းပကားကို ပြသနိုင်အောင် ဆောင်ရွက်နိုင်သည့်အတွက် ဂုဏ်ယူကြောင်းလဲပြောကြားခဲ့ပါတယ်။

ဒီရေဒါဟာ မော်တာ၊ ဒုံးကျည်၊ အမြှောက်ကျည်များ၊ ပစ်လွှတ်သည့်တည်နေရာများ၊ ထိမှန်မည့်နေရာကိုတွက်ချက်ခြင်း၊ အချင်းချင်းမှားယွင်းပစ်ခတ်နိုင်မှုအကွာအဝေးတွက်ချက်ပေးခြင်း၊ ပစ်မှတ်ထိခိုက်နိုင်မည့်ထိချက်ကိုတွက်ချက်ပေးခြင်း၊ ဝေဟင်ပေါ်ရှိမည်သည့်အရာမဆိုအမျိုးစားခွဲခြားခြင်းနှင့် ရှာဖွေနိုင်ခြင်း၊ လှုပ်ရှားနေသောပစ်မှတ်ကိုခြေရာကောက်ခြင်း၊ အချိန်နှင့်တပြေးညီ လေကြောင်းအခြေအနေကိုပြပေးခြင်း၊ ဒုံးကျည်ကြားဖျက်စနစ်များအား ထိန်းချုပ်ခြင်းနှင့် လေယာဉ်ပျံသန်းလမ်းကြောင်းများကိုထိန်းချုပ်ခြင်း စသည့်မျိုးစုံသောအလုပ်များကို ဆောင်ရွက်နိုင်ပါတယ်။ တခြားအချက်အလက်များကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
လေကြောင်းစောင့်ကြည့်မှုအကွာအဝေး = ၂၅၆ ကီလိုမီတာ
လက်နက်တည်နေရာပြအကွာအဝေး = ၁၀၀ ကီလိုမီတာ
လေကြောင်းပစ်မှတ်စောင့်ကြည့်နိုင်မှုအရေအတွက် = ၁၁၀၀
လက်နက်တည်နေရာထောက်လှမ်းနိုင်မှုနှုန်း = တစ်မိနစ်လျှင် ပစ်မှတ် ၂၀၀ နှုန်း
ZawGyi
စလိုဗက္ကီးယား ကာကြယ္ေရးဝန္ႀကီးဌာနဟာ Israel Aerospace Industries (IAI)အစၥေရးေလေၾကာင္းစက္မႈမွ ထုတ္လုပ္ထားတဲ့ Multi Mission Radar ေရဒါစနစ္ ၁၇ ခုကိုဝယ္ယူခြင့္ရရွိသြားၿပီလို႔သိရပါတယ္။ စလိုဗက္ကီးယားဟာ အစၥေရးကာကြယ္ေရး ဝန္ႀကီးဌာနရွိ အျပည္ျပည္ဆိုင္ရာ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္ေရးၫႊန္ၾကားမႈဦးစီးဌာန (SIBAT) ဦးေဆာင္သည့္ သေဘာတူညီခ်က္အရ ေရဒါစနစ္မ်ားကိုဝယ္ယူခဲ့တာျဖစ္ပါတယ္။
အစၥေရးေလေၾကာင္းစက္မႈ၏ အဆိုအရသေဘာတူညီခ်က္မွာ နည္းပညာႏွင့္ပတ္သက္သည့္လႊဲေျပာင္းမႈမ်ားပါ ပါဝင္တယ္လို႔သိရပါတယ္။ အစၥေရး IAI ရဲ႕ ဒုဥကၠဌ yoav Turgeman က ဆလိုဗက္ကီးယားႏိုင္ငံဟာ သူတို႔ရဲ႕ေလေၾကာင္းကာကြယ္ေရးစနစ္အတြက္ ဒီေရဒါေတြေ႐ြးခ်ယ္ဝယ္ယူမႈကိုဂုဏ္ယူမိေၾကာင္း ႏွင့္ အစၥေရးကာကြယ္ေရးဝန္ႀကီးဌာနကိုလဲ ပူးေပါင္းပါဝင္ေပးလို႔ေက်းဇူးတင္ေၾကာင္ းေျပာၾကား ခဲ့တယ္လိုသိရပါတယ္။
ဒီ Multi Mission Radar ေတြဟာ ေနာက္ဆုံးေပၚနည္းပညာမ်ားကိုအသုံးျပဳထားၿပီးေ လေၾကာင္းရန္ကာကြယ္ေရးႏွင့္ ေစာင့္ၾကည့္ေရးမွာအသုံးျပဳမွာျဖစ္ပါတယ္။ ခန႔္မွန္းေျခ ဒီလိုေရဒါေပါင္း ၁၃၀ ေလာက္ကို ခ်က္သမၼတႏိုင္ငံ၊ ဟန္ေဂရီ၊ ဆလိုဗက္ကီးယား၊ အေမရိကန္ႏွင့္ ကေနဒါတို႔ကိုပါ ေရာင္းခ်ထားပါတယ္။ ဆလိုဗက္ကီးယားႏိုင္ငံအေနျဖင့္ ႏိုင္ငံတြင္းမွ ေရဒါအစိတ္အပိုင္းေတြထုတ္လုပ္ႏိုင္ေအာင္လဲ IAI ႏွင့္ အစၥေရးကာကြယ္ေရးဝန္ႀကီးဌာက လမ္းၫႊန္ကူညီမႈေတြလဲေပးသြားမယ္လို႔သိရပါတယ္။ ဒီေရဒါစနစ္ေတြဟာ NATO အုပ္စုရဲ႕ေရဒါစနစ္ေတြႏွင့္လည္း အျပန္အလွန္အလုပ္လုပ္ႏိုင္လိမ့္မယ္လို႔ဆိုပါတယ္။
အစၥေရးကာကြယ္ေရးဝန္ႀကီး Benny Gantz ကလည္း IAI ႏွင့္ အစၥေရးကာကြယ္ေရးဝန္ႀကီးဌာနမွဝန္ထမ္းမ်ားအားဒီလိုမ်ိဳး NATO အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ အတူတူပူးေပါင္းလုပ္ေဆာင္ခြင့္ရၿပီး အစၥေရးတို႔ရဲ႕ကာကြယ္ေရးပစၥည္းေတြစြမ္းပကားကို ျပသႏိုင္ေအာင္ ေဆာင္႐ြက္ႏိုင္သည့္အတြက္ ဂုဏ္ယူေၾကာင္းလဲေျပာၾကားခဲ့ပါတယ္။
ဒီေရဒါဟာ ေမာ္တာ၊ ဒုံးက်ည္၊ အေျမႇာက္က်ည္မ်ား၊ ပစ္လႊတ္သည့္တည္ေနရာမ်ား၊ ထိမွန္မည့္ေနရာကိုတြက္ခ်က္ျခင္း၊ အခ်င္းခ်င္းမွားယြင္းပစ္ခတ္ႏိုင္မႈအကြာအေဝးတြက္ခ်က္ေပးျခင္း၊ ပစ္မွတ္ထိခိုက္ႏိုင္မည့္ထိခ်က္ကိုတြက္ခ်က္ေပးျခင္း၊ ေဝဟင္ေပၚရွိမည္သည့္အရာမဆိုအမ်ိဳးစားခြဲျခားျခင္းႏွင့္ ရွာေဖြႏိုင္ျခင္း၊ လႈပ္ရွားေနေသာပစ္မွတ္ကိုေျခရာေကာက္ျခင္း၊
အခ်ိန္ႏွင့္တေျပးညီ ေလေၾကာင္းအေျခအေနကိုျပေပးျခင္း၊ ဒုံးက်ည္ၾကားဖ်က္စနစ္မ်ားအား ထိန္းခ်ဳပ္ျခင္းႏွင့္ ေလယာဥ္ပ်ံသန္းလမ္းေၾကာင္းမ်ားကိုထိန္းခ်ဳပ္ျခင္း စသည့္မ်ိဳးစုံေသာအလုပ္မ်ားကို ေဆာင္႐ြက္ႏိုင္ပါတယ္။ တျခားအခ်က္အလက္မ်ားကေတာ့ေအာက္ပါအတိုင္းျဖစ္ပါတယ္။
ေလေၾကာင္းေစာင့္ၾကည့္မႈအကြာအေဝး = ၂၅၆ ကီလိုမီတာ
လက္နက္တည္ေနရာျပအကြာအေဝး = ၁၀၀ ကီလိုမီတာ
ေလေၾကာင္းပစ္မွတ္ေစာင့္ၾကည့္ႏိုင္မႈအေရအတြက္ = ၁၁၀၀
လက္နက္တည္ေနရာေထာက္လွမ္းႏိုင္မႈႏႈန္း = တစ္မိနစ္လွ်င္ ပစ္မွတ္ ၂၀၀ ႏႈန္း