အစ္စရေး ကာကွယ်ရေး ၀န်ကြီးဌာနဟာ အစ္စရေး ဒုံးကျည်ကာကွယ်ရေးအဖွဲ့နှင့် ရာဖေးလ် အဆင့်မြင့် ကာကွယ်ရေးစနစ် တို့ပူးပေါင်း ထုတ်လုပ်ထားတဲ့ အဆင့်မြှင့်တင်ထားတဲ့ Iron Dome လေကာ ဗားရှင်းအသစ်အား စမ်းသပ်မှု အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။
အစ္စရေး ကာကွယ်ရေး ၀န်ကြီးဌာနမှ တနင်္လာနေ့တွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ အဆိုပါစမ်းသပ်မှုဟာ မြေပေါ်တွင်ဖြစ်စေ၊ ပင်လယ်မှာပဲဖြစ်စေ ခြိမ်းခြောက်နိုင်သည့် မစ်ဇိုင်းအန္တရာယ်များကို ကာကွယ်သည့် ပုံစံမျိုးဖြင့် လေ့ကျင့်ခဲတာဖြစ်တယ်လို့ သိရပါတယ်။
တရားဝင်သတင်း ထုတ်ပြန်ချက်များအရ အဆင့်မြှင့်တင်ထားသော Iron Dome စနစ်သစ်များအား အစ္စရေးလေတပ်ရဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ လွှဲပြောင်းပေးမယ်လို့ ဖော်ပြထားပါတယ်။ ဒီစနစ်အသစ်တွေကို အစ္စရေးနိုင်ငံရဲ့ စီးပွားရေး ရေပိုင်နက် လုံခြုံမှုအတွက် နာမည်ကြီး Sa’ar 6 အတန်းအစား Corvette များမှာလည်း တပ်ဆင်အသုံးမယ်လို့ သိရပါတယ်။
အစ္စရေးနိုင်ငံ အလယ်ပိုင်း အခြေစိုက်စခန်းတစ်ခုတွင် ပြုလုပ်ခဲ့တဲ့ ဒီစမ်းသပ်မှုများတွင် အစ္စရေး၏လေတပ်နှင့်ရေတပ်တို့ အတူတူ ပါ၀င်ခဲ့ကြောင်း ကြေညာချက်တွင်ဖော်ပြထားပါတယ်။
ရာဖေးလ်ကုမ္ပဏီက Iron Dome ဟာ ကမ္ဘာပေါ်တွင် အများဆုံး အသုံးပြုသည့် ဒုံးကျည်ကာကွယ်ရေးစနစ်ဖြစ်ပြီး ကြားဖြတ်တိုက်ခိုက်မှုပေါင်း ၂၀၀၀ ကျော်နှင့် အောင်မြင်မှုနှုန်း ၉၀% ကျော်ရှိသည်တယ်လို့ ဆိုပါတယ်။
ဒီစနစ်ဟာ ရွေ့လျှားနေတဲ့ စစ်တပ်တွေ၊ ကြိုတင်ပြင်ဆင်ထားတဲ့ အခြေစိုက်စခန်းတွေ နှင့် မြို့ပြဒေသများရှိ ကျယ်ပြန့်သောဧရိယာကို လေကြောင်းကာကွယ်မှုများအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် အောက်တိုဘာလ အစောပိုင်းမှာ ရာဖေးလ်ကုမ္ပဏီဟာ Iron Dome လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် ၂ စုံကို အမေရိကန်ကြည်းတပ်သို့ ပေးပို့ခဲ့ပါတယ်။
ZawGyi
အစၥေရး ကာကြယ္ေရး ၀န္ႀကီးဌာနဟာ အစၥေရး ဒုံးက်ည္ကာကြယ္ေရးအဖြဲ႕ႏွင့္ ရာေဖးလ္ အဆင့္ျမင့္ ကာကြယ္ေရးစနစ္ တို႔ပူးေပါင္း ထုတ္လုပ္ထားတဲ့ အဆင့္ျမႇင့္တင္ထားတဲ့ Iron Dome ေလကာ ဗားရွင္းအသစ္အား စမ္းသပ္မႈ ေအာင္ျမင္စြာ ၿပီးဆုံးခဲ့ေၾကာင္း ေၾကျငာခဲ့ပါတယ္။

အစၥေရး ကာကြယ္ေရး ၀န္ႀကီးဌာနမွ တနလၤာေန႔တြင္ ထုတ္ျပန္ေသာ သတင္းထုတ္ျပန္ခ်က္အရ အဆိုပါစမ္းသပ္မႈဟာ ေျမေပၚတြင္ျဖစ္ေစ၊ ပင္လယ္မွာပဲျဖစ္ေစ ၿခိမ္းေျခာက္ႏိုင္သည့္ မစ္ဇိုင္းအႏၲရာယ္မ်ားကို ကာကြယ္သည့္ ပုံစံမ်ိဳးျဖင့္ ေလ့က်င့္ခဲတာျဖစ္တယ္လို႔ သိရပါတယ္။
တရားဝင္သတင္း ထုတ္ျပန္ခ်က္မ်ားအရ အဆင့္ျမႇင့္တင္ထားေသာ Iron Dome စနစ္သစ္မ်ားအား အစၥေရးေလတပ္ရဲ႕ စစ္ဆင္ေရးေတြမွာ အသုံးျပဳဖို႔ လႊဲေျပာင္းေပးမယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီစနစ္အသစ္ေတြကို အစၥေရးႏိုင္ငံရဲ႕ စီးပြားေရး ေရပိုင္နက္ လုံၿခဳံမႈအတြက္ နာမည္ႀကီး Sa’ar 6 အတန္းအစား Corvette မ်ားမွာလည္း တပ္ဆင္အသုံးမယ္လို႔ သိရပါတယ္။
အစၥေရးႏိုင္ငံ အလယ္ပိုင္း အေျခစိုက္စခန္းတစ္ခုတြင္ ျပဳလုပ္ခဲ့တဲ့ ဒီစမ္းသပ္မႈမ်ားတြင္ အစၥေရး၏ေလတပ္ႏွင့္ေရတပ္တို႔ အတူတူ ပါ၀င္ခဲ့ေၾကာင္း ေၾကညာခ်က္တြင္ေဖာ္ျပထားပါတယ္။
ရာေဖးလ္ကုမၸဏီက Iron Dome ဟာ ကမာၻေပၚတြင္ အမ်ားဆုံး အသုံးျပဳသည့္ ဒုံးက်ည္ကာကြယ္ေရးစနစ္ျဖစ္ၿပီး ၾကားျဖတ္တိုက္ခိုက္မႈေပါင္း ၂၀၀၀ ေက်ာ္ႏွင့္ ေအာင္ျမင္မႈႏႈန္း ၉၀% ေက်ာ္ရွိသည္တယ္လို႔ ဆိုပါတယ္။
ဒီစနစ္ဟာ ေ႐ြ႕လွ်ားေနတဲ့ စစ္တပ္ေတြ၊ ႀကိဳတင္ျပင္ဆင္ထားတဲ့ အေျခစိုက္စခန္းေတြ ႏွင့္ ၿမိဳ႕ျပေဒသမ်ားရွိ က်ယ္ျပန႔္ေသာဧရိယာကို ေလေၾကာင္းကာကြယ္မႈမ်ားအတြက္ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။
၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလ အေစာပိုင္းမွာ ရာေဖးလ္ကုမၸဏီဟာ Iron Dome ေလေၾကာင္းရန္ ကာကြယ္ေရး ဒုံးက်ည္ ၂ စုံကို အေမရိကန္ၾကည္းတပ္သို႔ ေပးပို႔ခဲ့ပါတယ္။
Knowledgeworms Copyright © 2021