ကိုယ်ပိုင် မျိုးဆက်သစ် အမြှောက်စနစ် အလိုရှိနေတဲ့ အစ္စရေး

Military News

အစ္စရေးနိုင်ငံရှိ ကာကွယ်ရေးဆိုင်ရာ အီလက်ထရောနစ် ကုမ္ပဏီဖြစ်တဲ့ Elbit Systems ဟာ ၅၂ ကယ်လီဘာရှိ ၁၅၅ မီလီမီတာ အပြည့်အဝ အလိုအလျှောက် ပစ်ခတ်နိုင်သည့် အမြောက်စနစ်ကို အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ IDF အတွက် ထုတ်လုပ်ပေးဖို့ ဆောင်ရွက်နေပါတယ်။

ဒီ အလိုအလျှောက်စနစ်သုံး အမြှောက်စနစ်ကို လက်ရှိ အစ္စရေးတို့ အသုံးပြုနေတဲ့ M109 ဟောင်ဝစ်ဇာ အမြှောက်များနေရာမှာ အစားထိုး အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို Janes ကာကွယ်ရေး ပစ္စည်းများ အကြောင်း ဖော်ပြတဲ့ ဝက်ဘ်ဆိုဒ်မှာ Elbit Systems ကုမ္ပဏီကို ကိုးကားပြီး ဖော်ပြထားပြီး ဖြစ်ပါတယ်။

သတင်းများအရ ဒီ SIGMA လို့ ခေါ်တဲ့ အမြောက်စနစ် အသစ်ကို ၂၀၁၉ ခုနှစ် မတ်လက ကြေငြာခဲ့တဲ့ ကနဦး အမေရိကန်ဒေါ်လာ ၁၂၅ သန်းခန့် တန်ကြေးရှိတဲ့ စာချုပ်အရ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်လုပ် M109 ဟောင်ဝစ်ဇာ

“အမြောက်များရဲ့ အနာဂါတ်” လို့ တင်စားထားတဲ့ ဒီ ယာဉ်တင် ဟောင်ဝစ်ဇာအမြောက် စနစ်အသစ်ကို 10×10 ၁၀ ဘီးတပ် Oshkosh ထရပ်ကားပေါ်တွင် အခြေပြု တပ်ဆင်ထားပါတယ်။

Janes မီဒီယာမှ ခရစ်တိုဖာ အက်ဖ် ဖော့စ် က ဒီ လက်နက်စနစ်ကို အပြည့်အဝ ထိန်းချုပ်စနစ်၊ ယာဉ်အဖွဲ့သား ၂ ယောက်မှ ၃ ယောက်အတွက် လေအေးပေး စနစ်နှင့် nuclear biological chemical (NBC) စနစ် တို့ ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ့မတိုင်ခင် ၂ နှစ်လောက်က အနားယူသွားတြ့ ကာကွယ်ရေးဝန်ကြီးဌာမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Udi Adam က ဒီ ဝယ်ယူမှာဟာ အကြီးမားဆုံးဝယ်ယူမှုများမှ တခုဖြစ်ပြီး၊ အစ္စရေး မြေပြင်တပ်များ၏ ဝယ်ယူမှု အစီအစဉ်များတွင် အရှုပ်ထွေးဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

အနားယူသွားတဲ့ အဆင့်မြင့် အရာရှိကြီး၏ ဒီနည်းပညာအပေါ် အသိအမြင်များအရ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ဟာ မြင့်မားတဲ့ ပစ်ခတ်နှုန်းဖြင့် ပစ်ခတ်နိုင်တဲ့ အမြောက်သစ်ကို အလိုရှိနေပြီး အဆိုပါ အမြောက်ဟာ ကီလိုမီတာ ၄၀ အကွာကိုပစ်ခတ်နိုင်တဲ့ ၅၂ ကယ်လီဘာ ၁၅၅ မီလီမီတာ ပြောင်းနှင့် ဖြစ်ရမှာ ဖြစ်ပါတယ်။

အဆိုပါ အရာရှိကြီး မှ ဆက်လက်ပြီး “အမြောက်များရဲ့ အနာဂါတ်” ဆိုတာ တတိယမျိုးဆက်အနေဖြင့် အပြည့်အဝ အလိုအလျှောက်စနစ်ဖြင့် ပစ်ခတ်နိုင်ကာ နောက်ဆုံးပေါ် နည်းပညာများဖြင့် အမိန့်ပေးမှု၊ ထိန်းချုပ်မှု၊ ဆက်သွယ်မှု၊ ကွန်ပျူတာနှင့် ဥာဏ်ရည်စနစ် များဖြင့် တွဲဖက်လုပ်ဆောင်နိုင်တဲ့ အမြောက်စနစ်ကို ပြောတာဖြစ်တယ်လို့ ဆိုပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *