ပိတ်ဆို့မှုများကို ဘိုင်ဒန်မှဖြေလျှော့ပါက အီရန်ကို အစ္စရေး ဝင်တိုက်မည်

News

အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒန်အနေဖြင့် ၂၀၁၅ ပူးတွဲဘက်စုံလုပ်ဆောင်မှုအစီအစဉ် Joint Comprehensive Plan of Action (JCPOA) လိုခေါ်တဲ့ အီရန်နှင့် နျူးကလီးယားသဘောတူညီချက်ကို ပြန်စပြီး စီးပွားရေးပိတ်ပင်မှုများ ပြန်လည်ဖြေလျှော့ပေးပါက အီရန်ကို ဝင်ရောက်တိုက်ခိုက်မှာဖြစ်တယ်လို့ အစ္စရေးက သတိပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်လောက်က အစ္စရေး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် နေတန်ရာဟု ၏ ထိပ်တန်းအကြံပေးဖြစ်တဲ့ ဇာချီဟန်နီဘီက အစ္စရေးအနေဖြင့် ဒီလိုဖြစ်ရပ်မျိုးကြုံလာပါက နျူးကလီးယားအစီအစဉ်များကိုရပ်တန့်ဖို့ ၁၉၈၀ မှာ အီရတ်နှင့် ၂၀၀၇ မှာ ဆီးရီးယားကို တိုက်ခိုက်ခဲ့သလိုမျိုး အီရန်ကို အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောသွားတာပါ။

The Times of Israel သတင်းစာအရ

“တကယ်လို့ အမေရိကန်အနေနှင့် အီရန်နှင့် နျူးကလီးယားသဘောတူညီချက်ကို ပြန်လည်ပူးပေါင်းပါက အစ္စရေးအနေဖြင့် အီရန်နှင့်ရင်ဆိုင်ဖို့ရာ တစ်နိုင်ငံထဲသာ ရှိလာမှာဖြစ်လို့ ခွင့်မပြုနိုင်ကြောင်း၊ ဒါ့ကြောင့် ဆီးရီးယားနှင့် အီရတ်တို့၏ နျူးကလီးယားအစီအစဉ်များကို ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သလိုမျိုး တိုက်ခိုက်သွားမယ် “

လို့ ဟန်နီဘီက အီရတ်နှင့် ဆီးရီးယားရှိ နျူကလီးယား ဓာတ်ပေါင်းဖိုများကို တိုက်ခိုက်ခဲ့တာကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။

သမ္မတဟောင်း ထရမ့်ဟာ အီရန်နျူကလီးယား သဘောတူညီချက်ကနေ ၂၀၁၈ ခုနှစ်မှာ နှုတ်ထွက်ခဲ့ပြီးနောက် အီရန်ကို အဆုံးအစွန်သောဖိအားတွေပေးပြီး ပိတ်ဆို့မှုတွေကို တိုးမြှင့်ခဲ့တာပါ။

ဒါဟာ အီရန်နိုင်ငံအနေဖြင့် သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့ပြီး ယူရေနီယံများကို သဘောတူညီမှုမှ သတ်မှတ်ထားသည်ထက်ပိုပြီး စုဆောင်းခြင်း နှင့် သန့်စင်ခြင်းများ ပြုလုပ်ခဲ့လိုဖြစ်ပါတယ်။

The Breaking Defense မှ သတင်းများအရ အစ္စရေးထောက်လှမ်းရေးတွေဟာ အီရန်နျူကလီးယားစက်ရုံများကို နီးနီးကပ်ကပ်စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် အီရန်နျူကလီးယားအစီအစဉ်ကို တုန့်ပြန်ဖို့အတွက် ကြာသပတေးနေ့က ဆီးရီးယားရှိ အီရန်စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါတယ်။

အီရန်ဟာ ဆီးရီးယားနိုင်ငံမှာ မကြာသေးမီကဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွက် ဆီးရီးယား အစိုးရဘက်က အကူအညီပေးနေတာပါ။

ဒီလိုဖိအားပေးမှုမျိုးကို ဆက်လက်ပြီး ပိုမို တိုးမြှင့်ဆောင်ရွက်လာမှာဖြစ်ပြီး အီရန်နိုင်ငံထဲရှိ ပစ်မှတ်များကိုပါ တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ်လို့ သတင်းများအရ သိရပါတယ်။

အစ္စရေးဟာ နိုဝင်ဘာလတုန်းကလဲ အီရန်နျူကလီးယား သိပ္ပံပညာရှင်ကို လမ်းဘေးမှာ ခြုံခိုတိုက်ခိုက် ခဲ့ပါသေးတယ်။

အီရန်သမ္မတဟာ အမေရိကန်အနေဖြင့် သမ္မတသစ် ဘိုင်ဒန်လက်ထက်မှာ ပိတ်ဆို့မှုတွေကိုဖြေလျော့ပေးပြီး နျူကလီးယားသဘောတူညီမှုမှာ ပြန်လည်ပါဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ဘိုင်ဒန်ရဲ့ ပြည်နယ်စာရင်းတင်သွင်းမှုအတွင်းရေးမှုး အန်တိုနီ ဘလင်ကန် ကတော့ အရင်တပတ်က ဆိနိတ်အမတ်များ၏ အတည်ပြုချက်အရ ဒီကိစ္စဟာ အဝေးကြီးလိုဦးမယ်လို့ပြောသွားပါတယ်။

ဘလင်ကန်မှ “သမ္မတရုံးခန်ကို ဘိုင်ဒန်ရောက်လာတာနဲ့ အီရန်ဟာ မည့်သည်ခြေလှမ်းတွေကို လှမ်းနေလည်းဆိုတာာ ကြည့်ရမှာပါ ပြီးတော့ သူတို့ဟာ သူတို့ရဲ့တာဝန်ဝတ္တရားတွေကို လိုက်နာခြင်းရှိမရှိလည်း အကဲဖြတ်ရဦးမှာပါ” လို့ပြောပါတယ်။

၎င်းက ဆက်လက်ပြီး “၂၀၁၅ သဘောတူညီချက်ကို ပြန်လည်ပူးပေါင်းဖို့ဆိုရင် ပိုပြီးကြာရှည်ပြီး ပိုပြီး ခိုင်မာတဲ့ သဘောတူညီချက်ကိုတည်ဆောက်ရမှာဖြစ်တယ်” လို့ အီရန်၏ ဒုံးကျည်အစီအစဉ်များ၊ အကြမ်းဖက်များအား ထောက်ပံ့ပေးနေမှုများနှင့် တခြားဆိုးရွားသည့်လှုပ်ရှားမှုများကို ထောက်ပြပြောဆိုသွားပါတယ်။

ZawGyi

အေမရိကန္ သမၼတသစ္ ဂ်ိဳးဘိုင္ဒန္အေနျဖင့္ ၂၀၁၅ ပူးတြဲဘက္စုံလုပ္ေဆာင္မႈအစီအစဥ္ Joint Comprehensive Plan of Action (JCPOA) လိုေခၚတဲ့ အီရန္ႏွင့္ န်ဴးကလီးယားသေဘာတူညီခ်က္ကို ျပန္စၿပီး စီးပြားေရးပိတ္ပင္မႈမ်ား ျပန္လည္ေျဖေလွ်ာ့ေပးပါက အီရန္ကို ဝင္ေရာက္တိုက္ခိုက္မွာျဖစ္တယ္လို႔ အစၥေရးက သတိေပးလိုက္ပါတယ္။

လြန္ခဲ့တဲ့ ၂ ပတ္ေလာက္က အစၥေရး အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု ၏ ထိပ္တန္းအႀကံေပးျဖစ္တဲ့ ဇာခ်ီဟန္နီဘီက အစၥေရးအေနျဖင့္ ဒီလိုျဖစ္ရပ္မ်ိဳးႀကဳံလာပါက န်ဴးကလီးယားအစီအစဥ္မ်ားကိုရပ္တန႔္ဖို႔ ၁၉၈၀ မွာ အီရတ္ႏွင့္ ၂၀၀၇ မွာ ဆီးရီးယားကို တိုက္ခိုက္ခဲ့သလိုမ်ိဳး အီရန္ကို အေရးယူေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ ေျပာသြားတာပါ။

The Times of Israel သတင္းစာအရ

“တကယ္လို႔ အေမရိကန္အေနႏွင့္ အီရန္ႏွင့္ န်ဴးကလီးယားသေဘာတူညီခ်က္ကို ျပန္လည္ပူးေပါင္းပါက အစၥေရးအေနျဖင့္ အီရန္ႏွင့္ရင္ဆိုင္ဖို႔ရာ တစ္ႏိုင္ငံထဲသာ ရွိလာမွာျဖစ္လို႔ ခြင့္မျပဳႏိုင္ေၾကာင္း၊ ဒါ့ေၾကာင္း ဆီးရီးယားႏွင့္ အီရတ္တို႔၏ န်ဴးကလီးယားအစီအစဥ္မ်ားကို ၂ ႀကိမ္တိုင္တိုင္ တိုက္ခိုက္ခဲ့သလိုမ်ိဳး တိုက္ခိုက္သြားမယ္ “လို႔

ဟန္နီဘီက အီရတ္ႏွင့္ ဆီးရီးယားရွိ န်ဴကလီးယား ဓာတ္ေပါင္းဖိုမ်ားကို တိုက္ခိုက္ခဲ့တာကို ကိုးကားၿပီး ေျပာဆိုခဲ့ပါတယ္။

သမၼတေဟာင္း ထရမ့္ဟာ အီရန္န်ဴကလီးယား သေဘာတူညီခ်က္ကေန ၂၀၁၈ ခုႏွစ္မွာ ႏႈတ္ထြက္ခဲ့ၿပီးေနာက္ အီရန္ကို အဆုံးအစြန္ေသာဖိအားေတြေပးၿပီး ပိတ္ဆို႔မႈေတြကို တိုးျမႇင့္ခဲ့တာပါ။ ဒါဟာ အီရန္ႏိုင္ငံအေနျဖင့္ သေဘာတူညီခ်က္ေတြကို ခ်ိဳးေဖာက္ခဲ့ၿပီး ယူေရနီယံမ်ားကို သေဘာတူညီမႈမွ သတ္မွတ္ထားသည္ထက္ပိုၿပီး စုေဆာင္းျခင္း ႏွင့္ သန႔္စင္ျခင္းမ်ား ျပဳလုပ္ခဲ့လိုျဖစ္ပါတယ္။

The Breaking Defense မွ သတင္းမ်ားအရ အစၥေရးေထာက္လွမ္းေရးေတြဟာ အီရန္န်ဴကလီးယားစက္႐ုံမ်ားကို နီးနီးကပ္ကပ္ေစာင့္ၾကည့္ေနပါတယ္။ ဒါ့အျပင္ အီရန္န်ဴကလီးယားအစီအစဥ္ကို တုန႔္ျပန္ဖို႔အတြက္ ၾကာသပေတးေန႔က ဆီးရီးယားရွိ အီရန္စစ္ဘက္ဆိုင္ရာ ပစ္မွတ္မ်ားကို တိုက္ခိုက္ခဲ့ပါတယ္။

အီရန္ဟာ ဆီးရီးယားႏိုင္ငံမွာ မၾကာေသးမီကျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္အတြက္ ဆီးရီးယား အစိုးရဘက္က အကူအညီေပးေနတာပါ။ ဒီလိုဖိအားေပးမႈမ်ိဳးကို ဆက္လက္ၿပီး ပိုမို တိုးျမႇင့္ေဆာင္႐ြက္လာမွာျဖစ္ၿပီး အီရန္ႏိုင္ငံထဲရွိ ပစ္မွတ္မ်ားကိုပါ တိုက္႐ိုက္ ဝင္ေရာက္တိုက္ခိုက္မႈေတြ ျပဳလုပ္သြားမယ္လို႔ သတင္းမ်ားအရ သိရပါတယ္။

အစၥေရးဟာ ႏိုဝင္ဘာလတုန္းကလဲ အီရန္န်ဴကလီးယား သိပၸံပညာရွင္ကို လမ္းေဘးမွာ ၿခဳံခိုတိုက္ခိုက္ ခဲ့ပါေသးတယ္။ အီရန္သမၼတဟာ အေမရိကန္အေနျဖင့္ သမၼတသစ္ ဘိုင္ဒန္လက္ထက္မွာ ပိတ္ဆို႔မႈေတြကိုေျဖေလ်ာ့ေပးၿပီး န်ဴကလီးယားသေဘာတူညီမႈမွာ ျပန္လည္ပါဝင္လာမယ္လို႔ ခန႔္မွန္းထားပါတယ္။

ဘိုင္ဒန္ရဲ႕ ျပည္နယ္စာရင္းတင္သြင္းမႈအတြင္းေရးမႈး အန္တိုနီ ဘလင္ကန္ ကေတာ့ အရင္တပတ္က ဆိနိတ္အမတ္မ်ား၏ အတည္ျပဳခ်က္အရ ဒီကိစၥဟာ အေဝးႀကီးလိုဦးမယ္လို႔ေျပာသြားပါတယ္။ ဘလင္ကန္မွ “သမၼတ႐ုံးခန္ကို ဘိုင္ဒန္ေရာက္လာတာနဲ႔ အီရန္ဟာ မည့္သည္ေျခလွမ္းေတြကို လွမ္းေနလည္းဆိုတာာ ၾကည့္ရမွာပါ ၿပီးေတာ့ သူတို႔ဟာ သူတို႔ရဲ႕တာဝန္ဝတၱရားေတြကို လိုက္နာျခင္းရွိမရွိလည္း အကဲျဖတ္ရဦးမွာပါ” လို႔ေျပာပါတယ္။

၎က ဆက္လက္ၿပီး “၂၀၁၅ သေဘာတူညီခ်က္ကို ျပန္လည္ပူးေပါင္းဖို႔ဆိုရင္ ပိုၿပီးၾကာရွည္ၿပီး ပိုၿပီး ခိုင္မာတဲ့ သေဘာတူညီခ်က္ကိုတည္ေဆာက္ရမွာျဖစ္တယ္” လို႔ အီရန္၏ ဒုံးက်ည္အစီအစဥ္မ်ား၊ အၾကမ္းဖက္မ်ားအား ေထာက္ပံ့ေပးေနမႈမ်ားႏွင့္ တျခားဆိုး႐ြားသည့္လႈပ္ရွားမႈမ်ားကို ေထာက္ျပေျပာဆိုသြားပါတယ္။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *