နိုင်ငံတကာ အာကာသစခန်း International Space Station (ISS) ကို ကမ္ဘာ့ ပတ်လမ်းနိမ့် အတွင်းမှာ ၁၉၉၈ ခုနှစ် ကတည်း က လွှတ်တင်ထားတာဖြစ်ပြီး ဒုံးပျံနှင့် ခဏအတွင်းမှာ ရောက်ရှိနိုင်ပါတယ်။
ဒါပေမယ့် ပတ်လမ်းကြောင်းအတွင်း လှည့်ပတ်နေသည့် အရှိန် နှေးကွေးလာပါက ကမ္ဘာ့ မြေပြင် ပေါ်သို့ တဖြည်းဖြည်း ပြန် လည် ကျဆင်းနိုင်တဲ့အတွက် ၎င်း၏ အမြင့်ကို ထိန်းထားနိုင်ဖို့ ရုရှားပိုင် Progress MS-19 ကုန်တင် အာကာသယာဉ် သို့မ ဟုတ် ISS မှ ရုရှားပိုင် module ကို အသုံးပြုနေရပါတယ်။
တကယ်လို့ ဒီလုပ်ငန်းစဉ်ကို ရပ်တန့်လိုက်ပါက တန် ၅၅၀ လောက် အလေးချိန်ရှိပြီး ဘောလုံးကွင်း တကွင်းစာလောက် ကြီး တဲ့ ISS ကို ဆက်လက် တည်ငြိမ်စွာ လည်ပတ်နိုင်စေဖို့ အခြားနည်းတွေ လိုအပ်မှာပါ။
ဒီလိုမှ ဆက်ပြီး မတွန်းပေးနိုင်ပါက နိုင်ငံတကာ အာကာသစခန်း ISS ကြီးဟာ ကမ္ဘာပေါ်သို့ ပြုတ်ကျလာမှာ အသေအချာပါပဲ။

ISS ဟာ တနာရီလျှင် အကြမ်းဖျင်းအားဖြင့် ၁၇,၅၀၀ မိုင်နှုန်းဖြင့် လျှင်မြန်စွာ ကမ္ဘာကို မိနစ် ၉၀ တိုင်း တပတ် လှည့်ပတ်နေတာပါ။
၎င်းဟာ အမြင့် ၂၄၈ မိုင်မှ ကမ္ဘာကို လှည့်ပတ်နေတာ ဖြစ်ပေမယ့် အဲဒီ့ အမြင့်မှာတောင် အာကာသထဲမှ အမှုန်အမွှားလေးများနှင့် တိုက်မိပြီး ၎င်း၏ အလျှင်ကို လျော့ကျစေပါတယ်။
အမြန်နှုန်း လျော့ကျလာပါက နိုင်ငံတကာ အာကာသစခန်းဟာ တလျှင် ၁ မိုင်နှုန်းလောက် ပြန်လည် နိမ့်ဆင်း လာလေ့ ရှိပါ တယ်။
ထိုကဲ့သို့ အမြန်နှုန်း လျော့ကျလာတိုင်း ပုံမှန်အားဖြင့် ISS မှ ရုရှား၏ Zvezda propulsion module အစိတ်အပိုင်းတွင် အာ သယာဉ်ကို ချိတ်ပြီး အရှိန် ပြန်မြှင့်ပေးရလေ့ ရှိပါတယ်။

ပုံမှန်အခြေအနေမှာ ဒီကိစ္စဟာ ပြသနာမရှိပေမယ့် ပထဝီနိုင်ငံရေး ပြဿနာကြောင့် ISS ၏ အနာဂါတ်ဟာ စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက ကျူးကျော်လာသည့်အခါ အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများနှင့် စစ်ရေးအကူအညီများ ယူကရိန်းကို ပေးကာ တုံ့ပြန်ခဲ့ပြီး ရုရှားကလည်း ပြန်လည်တုံ့ပြန်မှုတွေ ရှိပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ရုရှားအနေဖြင့် ၂၀၂၅ တွင် ISS မှ အပြီးနှုတ်ထွက်နိုင်မယ်လို့ ကြေညာခဲ့ပြီး ရုရှား အာကာ သအေဂျင်စီ Roscosmos ၏ အကြီးအကဲ Dmitry Rogozin ကလည်း Twitter မှာ ISS ဟာ အထိန်းအကွပ်မဲ့ ဖြစ်သွားနိုင်တယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ထိုကဲ့သို့ သတင်းများ ထွက်ပေါ် အပြီးမှာ ISS အတွက် စိုးရိမ်မှုတွေ ရှိကြပေမယ့် Elon Musk မှလည်း အကူအညီပေး နိုင် ဖွယ်ရှိတဲ့ အတွက် ထွက်ပေါက်တခုတော့ ရှိပါတယ်။

NASA အတွက် လပေါ်ကို လူစေလွှတ်မည့် စီမံကိန်းအတွက် ယုံကြည်အားကိုးနေရသည့် SpaceX အတွက် ယခုလို နိုင် ငံတကာ အာကာသစခန်း ကိစ္စနှင့် ပတ်သက်သည့် အခက်အခဲများကို ကူညီနိုင်မယ်ဆိုတာ အံ့ဩစရာတော့ မရှိပါဘူး။
အခုတော့ အမေရိကန်ဟာ နိုင်ငံတကာ အာကာသစခန်းကို ကမ္ဘာ့ပတ်လမ်းအတွင်း ထိန်းထားနိုင်ဖို့ ရုရှား၏ ပူးပေါင်း ဆောင် ရွက်မှု မလိုအပ်ဘဲ လုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် SpaceX ရဲ့ အကူအညီတော့ မဟုတ်သေးပါဘူး။
မကြာသေးမီက Northrop Grumman ၏ Cygnus ကုန်တင် အာကာသယာဉ်ဟာ ISS ၏ အစိတ်အပိုင်းတခု အနေဖြင့် နိုင် ငံတကာ အာကာသစခန်း ကို ပိုမို မြင့်မားသည့် ပတ်လမ်းသို့ ရောက်ရှိအောင် တွန်းတင်နိုင်ခဲ့ပါတယ်။
ယခင်က Cygnus ၏ တွန်းအားပေးမှုဟာ စက္ကန့် အနည်းငယ်နှင့် ပျက်ပြယ် သွားတဲ့ အတွက် ဇွန်လ ၂၅ ရက် ၂၀၂၂ ခုနှစ်မှာတော့ ပိုမို မြင့်မားသည့် ပတ်လမ်းကို ပြောင်းရွှေ့ပြီး လုပ်ဆောင်ခဲ့ပါတယ်။

ပိုမိုကောင်းမွန်သည့် Cygnus မျိုးကွဲတွင် ပိုမိုကြီးမားသည့် ကုန်တင် မော်ကျူးတခုနှင့် ပိုမိုပေါ့ပါးသည့် ဆိုလာပါဝါ စနစ် ပါ ရှိပါတယ်။
Cygnus ဟာ ISS အတွက် ၎င်း၏ မစ်ရှင်ပြီးဆုံးသည်နှင့် အာကာသစခန်းမှ ထွက်ခွာပြီး ဂြိုဟ်တုငယ်တလုံးအနေဖြင့် ပစိဖိတ် သမုဒ္ဒရာအတွင်းမှ ဘေးကင်းသည့် နေရာတွင် ကျဆင်း လောင်ကျွမ်းသွားမှာ ဖြစ်ပါတယ်။
ဒီလိုအောင်မြင်မှုကြောင့် အနာဂါတ်တွင် ရုရှား အာကာသယာဉ်နှင့် မော်ကျူးကို အားကိုးစရာ လိုတော့မှာ မဟုတ်ဘဲ ISS ဟာ ဘေးကင်းစွာနဲ့ ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။