အီတလီ၏ F-35B များ တင်ဆောင်နိုင်သည့် ရဟတ်ယာဉ်တင် သင်္ဘောအသစ် ပင်လယ်ပြင်စမ်းသပ်

Military News

အီတလီ ရေတပ်၏ Landing Helicopter Dock (LHD) ရဟတ်ယာဉ်တင် သင်္ဘောသစ် ဖြစ်တဲ့ Trieste (L9890) ဟာ ပင်လယ်ပြင် စမ်း သပ် မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

ဒီ သင်္ဘောကို မေလ ၂၅ ရက်နေ့ ၂၀၁၉ ခုနှစ်က Fincatieri သင်္ဘောကျင်းတွင် တရားဝင် စတင် ရေချခဲ့ပြီး ဇွန်လ ၂၀၂၂ ခုနှစ်မှာ တပ်တော် ဝင်နိုင်လိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။

Trieste လို့ အမည်ရတဲ့ ဒီ ရဟတ်ယာဉ်တင် သင်္ဘောဟာ အကျပ်အတည်း ဖြစ်တဲ့ ဒေသများမှာ အီတလီရေတပ်မှ ဆင်းသက်မယ့် တပ်ဖွဲ့တွေနှင့် ကူညီနိုင်ပြီး ပင်လယ်ပြင်မှ အမျိုးသား ကာကွယ်ရေးကို ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာ ယာဉ်များ၊ စစ်သည်များနှင့် အသုံးအဆောင် ပစ္စည်းများကို ဗျူဟာမြောက် ပို့ဆောင်ပေးနိုင်သလို့ သဘာဝဘေးအန္တရာယ်ကျရောက်ပါက လူထုအား အကူအညီ ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီ LHD Trieste ဟာ အီတလီ ရေတပ်၏ အကြီးဆုံး စစ်သင်္ဘောတစီး ဖြစ်လာမှာ ဖြစ်ပြီး သင်္ဘော အလျား ၂၄၅ မီတာ အကျယ် ၄၇ မီတာနှင့် ရေစူး ၇.၂ မီတာ ရှိကာ ဝန်အပြည့်နှင့် တန် ၃၃,၀၀၀ ခန့် ရှိမှာ ဖြစ်ပါတယ်။

သင်္ဘောသစ် Trieste (L9890)

သင်္ဘောကို ပေါင်းစပ် ဒီဇယ်လျှပ်စစ် အင်ဂျင် သို့မဟုတ် ဓာတ်ငွေးတွန်းကန်စနစ် (CODLOG) ဖြင့် မောင်းနှင်နိုင်မှာ ဖြစ်ပြီး အပို လျှပ်စစ်တွန်းအားစနစ်တခုကို မြန်နှုန်းနိမ့် ခုတ်မောင်းနေချိန်မှာ အသုံးပြဖို့ ထည့်သွင်းထားပါတယ်။

အင်ဂျင်များမှာ မြင်းကောင်ရေ ၁၀၂,၀၀၀ ပေးနိုင်သည့် Rolls-Royce MT30 ဂက်စ်တာဘိုင် အင်ဂျင် ၂ လုံး၊ MAN 20V32/44CR ဒီဇယ် အင်ဂျင် ၂ လုံး၊ မြင်းကောင်ရေ ၂၈,၁၁၀ ပေးနိုင်မယ့် MAN 9L32/44CR ဒီဇယ်အင်ဂျင် generator ၄ လုံး နှင့် ၂,၂၅၀ ကီလိုဝပ် လျှပ်စစ် အင်ဂျင် ၂ လုံး ပါဝင်ပါတယ်။

အမြန်ဆုံး တနာရီလျှင် ရေမိုင် ၂၅ မိုင်နှုန်းဖြင့် ခုတ်မောင်းနိုင်ပြီး ပုံမှန် တနာရီ ၁၆ ရေမိုင်နှုန်းဖြင့် ရေမိုင် ၇ ထောင်လောက်အထိ စစ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

သင်္ဘောတွင် အလတ်စား ရဟတ်ယာဉ်များဖြစ်တဲ့ Agusta Westland AW101 သို့မဟုတ် NH 90 ပင်လယ်ပြင်သုံး ရဟတ်ယာဉ် သို့မ ဟုတ် F-35B တိုက်လေယာဉ် ၁၂ စီးခန့် တင်ဆောင်နိုင်မှဦ ဖြစ်ပါတယ်။

တန်ချိန် ၂၆၇,၀၀ ရှိ အီတလီ လေယာဉ်တင် သင်္ဘော Cavour

စစ်သည် ၁,၀၀၀ ကျော်အတွက် အိပ်စက် အနားယူရန် နေရာပါရှိပြီး ၂၃၀ မီတာ အရှည်ရှိတဲ့ ရဟတ်ယာဉ်ကွင်း၊ စစ်သည် ၆၀၀ လောက် စစ်ဆင်ရေးလုပ်နိုင်ပြီး စစ်ဘက်ဆိုင်ရာ ယာဉ်များတင်ဆောင်နိုင်ဖို့ ဂိုထောင်တခု ပါဝင်ပါတယ်။

ရေပေါ်ပေါ်နိုင်မယ့် နောက်မှ dock ဟာ ၅၀ မီတာ ရှည်ပြီး ၁၅ မီတာ ကျယ်ကာ EU နှင့် NATO ရေတပ်များ၏ နည်းဗျူဟာအရ အဆင့်အမြင့်ဆုံး ကုန်းရေ နှစ်သွယ် စစ်ဆင်ရေး ယာဉ်များနှင့် ကိရိယားများကို ဖြန့်ကျက် ပေးနိုင်မှာ ဖြစ်ပါတယ်။

ပစ္စည်း အပြည့်အစုံနှင့် ဆေးရုံတခု သင်္ဘောပေါ်တွင်ပါရှိပြီး ၎င်းတွင် ခွဲစိတ်ခန်းများ၊ ဓာတ်ရောင်ခြည်ခန်းနှင့် စီစစ်သည့် အခန်းများ၊ သွားဆေးခန်း နှင့် အထူး လူနာ ၂၇ ယောက်ကို ထားနိုင်သည့် အခန်းများ ပါဝင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *