F-35B တစ်စင်း မကြာခင် ရရှိတော့မည့် အီတလီ လေယာဉ်တင်သင်္ဘော Cavour

News

အီတလီရေတပ်၏ လေယာဉ်တင်သင်္ဘောဖြစ်တဲ့ Cavour ဟာ အမေရိကန်တွင် သင်္ဘောအား စစ်ဆေးပြီးနောက် ဒီနှစ်အစောပိုင်းမှာ ၎င်း၏ ပထမဆုံး F-35B အမျိုးအစား တိုက်လေယာဉ်ကို လက်ခံ ရရှိတော့မယ်လို့ သိရပါတယ်။

တိုက်လေယာဉ်ဟာ အီတလီနိုင်ငံတွင်း F-35 များအား နောက်ဆုံး တပ်ဆင် စမ်းသပ်သည့်နေရာဖြစ်သည့် Cameri လေတပ်အခြေစိုက်စခန်းမှာ နောက်ဆုံး စစ်ဆေးမှုတွေဆောင်ရွက်နေတာဖြစ်ပါတယ်။

အီတလီဟာ ပဥ္စမမျိုးဆက် တိုက်လေယာဉ်များဖြစ်တဲ့ F-35B မျိုးကွဲ အစင်း ၃၀ အပါအဝင် F-35 အစင်းရေ ၉၀ မှာယူထားတာဖြစ်ပါတယ်။

“စမ်းသပ် ပျံသန်းမှုတွေကတော့ ပြီးစီးပါပြီ။ ဒါ့ကြောင့် ရက်အနည်းငယ်အတွင်း ရေတပ်အတွက် တိုက်လေယာဉ်များကို အသုံးပြုနိုင်မှာဖြစ်ပြီး လေယာဉ်တင် သင်္ဘော Cavour ဆီကို တိုက်ရိုက် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်”

လို့ ရေတပ် လေကြောင်းစစ်ဆင်ရေး အကြီးအကဲ Rear Adm. Dino Torresi က ပြောပါတယ်။

အီတလီရေတပ်ဟာ ယခင်က တခြား F-35B ၂ စင်းကို လက်ခံရရှိခဲ့ပြီး အမေရိကန်သို့ လေယာဉ်မှူးများနှင့် နည်းပညာရှင်များနှင့်အတူ သင်တန်းပို့ချမှုများ တက်ရောက်ရန် ပေးပို့ခဲ့ပါတယ်။

အခု နောက်ထပ် ထပ်မံရရှိမယ့် တစင်း ကတော့ ရေတပ်အတွက် ၁၅ စီးထဲမှ ၃ စင်းမြောက်ဖြစ်ပြီး လေယာဉ်တင်သင်္ဘောစီကို တိုက်ရိုက် တာဝန်ထမ်းဆောင်စေမှာ ဖြစ်ပါတယ်။

F-35B များဟာ ဒေါင်လိုက် အတက်အဆင်းပြုလုပ်နိုင်တဲ့ တိုက်လေယာဉ်များဖြစ်ကာ ဒီနှစ်ထဲမှာ အီတလီ လေယာဉ်တင် သင်္ဘောဟာ အမေရိကန် F-35 တိုက်လေယာဉ်များဖြင့် ပင်လယ်ပြင် စစ်ဆေး ပျံသန်းမှုများ ပြုလုပ်ခဲ့ပါတယ်။

“Cavour လေယာဉ်တင်သင်္ဘောဟာ အမေရိကန်မှာ F-35 တွေတင်ဆောင် စစ်ဆင်နိုင်ဖို့ စစ်ဆေးမှုတွေ များစွာ ပြီးစီးခဲ့ပြီဖြစ်ပါတယ်။”

“ဒီတခါ အီတလီပိုင် လေယာဉ်ဖြင့် ပြုလုပ်မှာဖြစ်ပြီး Cavour လေယာဉ်တင် သင်္ဘောပေါ်မှာ အီတလီပိုင် လေယာဉ်တစင်း အခြေမစိုက်မခြင်း ဒီအဆင့်ဟာ ပြီးစီးမှာ မဟုတ်သေးပါဘူး” လို့ Torresi က ပြောပါတယ်။

“အခုတော့ လေယာဉ်တင် သင်္ဘော တပ်ဖွဲ့ဝင်များနှင့် ပျံသန်းရေးတပ်ဖွဲ့ဝင်များကို လေ့ကျင့်မှာ ဖြစ်ပါတယ်။ ဒါဟာ လေယာဉ်တင်သင်္ဘောကို အရည်အချင်းပြည့်မှီစေဖို့ ဖြစ်ပါတယ်” လို့ ထပ်လောင်းပြောကြားပါတယ်။

အမေရိကန်နိုင်ငံသို့ စေလွှတ်ခဲ့သည့် လေယာဉ်မှူးများနှင့် နည်းပညာရှင်များ ယခုအခါ အီတလီသို့ ပြန်လည်ရောက်ရှိနေပြီး လေယာဉ်များ ရောက်ရှိဖို့ စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ် လို့လည်း ပြောပါတယ်။

Cuvour လေယာဉ်တင်သင်္ဘော

အီတလီပိုင် ပထမတသုတ်မှ F-35B ၂ စီးဟာ လေယာဉ်တင်သင်္ဘော Cavour သို့ ရောက်ရှိကာ စစ်ဆင်ရေးများ တာဝန်ထမ်းဆောင်နိုင်ပြီဟု မကြေငြာခင် အမေရိကန်နိုင်ငံတွင် လာမယ့် ၂၀၂၄ ခုနှစ်အထိ နောက်ထပ် အီတလီ လေယာဉ်မှူးများကို လေ့ကျင့်ပေးဖို့ ရှိနေဦးမှာ ဖြစ်ပါတယ်။

အီတလီမှ F-35B ၁၅ စင်းနှင့် F-35A အစင်း ၆၀ လက်ခံရရှိဖို့ မျှော်လင့်ထားရာ အခုထိ “B” အမျိုးအစား တစီးသာ လက်ဝယ်ရှိပါသေးတယ်။

နောက်ထပ် Cameri တွင် တပ်ဆင်ပြီးစီးမည့် လေယာဉ် တစ်စင်းကို လေတပ်သို့ ပေးပို့မှာဖြစ်ပြီး အဲဒီ့နောက် တစ်စင်းကိုတော့ ရေတပ်၏ စတုတ္ထမြောက် အဖြစ် ပေးပို့မှဖြစ်ပါတယ်။

အဆိုပါပေးပို့မှုဟာ ၂၀၂၂ ခုနှစ်တွင်းမှာ ပြီးစီးမှာ ဖြစ်ပြီး ယခင်က ယခုနှစ်အတွင်းမှာ ပြီးစီးဖို့ မျှော်လင့်ထားရာ ကိုဗစ်ရောဂါကြောင့် နှောင့်နှေးခဲ့ရတာ ဖြစ်တယ်လို့ Torresi က ပြောပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *