တရုတ်နိုင်ငံလုပ် J-20 တိုက်လေယာဉ်ဟာ အမေရိကန်တို့၏ F-35 နှင့် ရုရှားတို့၏ Su-57 ပဥ္စမမျိုးဆက် တိုက်လေယာဉ်များထက် အားသာချက်များရှိခဲ့သလို ဆွေးနွေးလာတာ နှစ်တွေတောင် တော်တော်ကြပါပြီ။
ကွဲပြားခြားနားတဲ့ ဒီဇိုင်း အယူအဆရှိပေမယ့် J-20 ၏ အဓိက အားနည်းချက်မှာ ၎င်း၏ အင်ဂျင်ဖြစ်ပြီး အခုအချိန်အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးတာပါ။
ပါဝါယူနစ်တွင် တကယ့်ကို အရေးကြီးသည့် အားနည်းချက်ဖြစ်ပေါ်နေပြီး အဲဒါကတော့ အင်ဂျင်ဟာ အပူချိန်တခုကို ရောက်ရှိလာတာနဲ့ သိသိသာသာ ဆွဲအားကို ဆုံးရှုံးစေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ပြည်ပမှ တင်သွင်းမှုကို လျှော့ချနိုင်ရန် J-20 များတွင် အသုံးပြုနေသည့် ရုရှားလုပ် AL-31F အင်ဂျင်များနေရာတွင် ပြည် တွင်းဖြစ် WS-15 အင်ဂျင်ကို အစားထိုးဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့် ပဥ္စမမျိုးဆက် တိုက်လေယာဉ်များဖြစ်တဲ့ J-20 နှင့် J-31 တို့အတွက် အထူးပြလုပ်ထားတဲ့ ဒီအင်ဂျင်အသစ်ဟာ ပြသနာတွေ ရှိနေသေးတဲ့အတွက် စမ်းသပ်ပျံသန်းမှုကို ဒုတိယအကြိမ် အချိန်ရွှေ့ရပြန်ပြီ ဖြစ်ပါတယ်။
အင်ဂျင်များကို ထုတ်လုပ်ခြင်းဟာ လွယ်ကူတဲ့ကိစ္စတခု မဟုတ်ဘဲ ရှုပ်ထွေးပြီး အရင် ထုတ်လုပ်သည့် အင်ဂျင်ဟာ နောင်ထုတ်မယ့် အင်ဂျင်အတွက် အခြေခံ ဖြစ်လေ့ရှိပါတယ်။
အင်ဂျင်ထုတ်လုပ်ခြင်းမှာ တကြိမ်ထဲနှင့် လုံလောက်သည့် အနေအထားကို ထုတ်လုပ်နိုင်တာမဟုတ်ဘဲ အတွေ့အကြုံ၊ နည်းပညာများ၊ နှင့် ရရှိနိုင်သည့် သင့်တော်သည့် ပစ္စည်းများကို အသုံးပြု ပေါင်းစပ်ပြီး ထုတ်လုပ်ရတာ ဖြစ်တဲ့အတွက် ပြီးပြည်စုံသည့် အင်ဂျင်ကို ရရှိဖို့ နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။
တရုတ်နိုင်ငံဟာ မကြာသေးခင်ကမှ ပဥ္စမမျိုးဆက် တိုက်လေယာဉ်များကို ဒီဇိုင်းဆွဲခဲ့ပြီး ၎င်းအတွက် အင်ဂျင် ထုတ်လုပ်နိုင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
အင်ဂျင် ထုတ်လုပ်ဖို့အတွက် လိုအပ်သည့် အရာများကိုလည်း ရိုးရှင်းစွာ ဝယ်ယူ အသုံးပြုခဲ့တာ ဖြစ်တဲ့အတွက် ကိုယ်ပိုင် ထုတ်လုပ်နိုင်သည့် အတွေ့အကြုံကောင်းကောင်း မရှိခဲ့ပါဘူး။
တရုတ်၏ နောက်ဆုံးပေါ် J-20 တိုက်လေယာဉ်၏ စမ်းသပ်မှု ပထမအဆင့်တွင် ရုရှားအင်ဂျင်များသာ တပ်ဆင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကိုယ်ပိုင်အင်ဂျင် တည်ဆောက်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

မေလအတွင်းမှာ တရုတ်မီဒီယာများမှ ၎င်းတို့၏ သိပ္ပံပညာရှင်များဟာ နည်းပညာအသစ်ဖြစ်တဲ့ အင်ဂျင်တာဘိုင်တွင် အသုံးပြုနိုင်သည့် fullerence အလွှာပါး သုတ်ဆေးကို တီထွင်နိုင်ခဲ့ပြီး အပူချိန် ၁၈၀၀ ဒီဂရီ ဆဲစီးရပ်အထိ ခံနိုင်တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ အင်ဂျင်လည်ပတ်မှု အပူချိန်ရောက်သောအခါ တွန်းအားဆုံးရှုံးမှု ပြသနာကို နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ပြီး အင် ဂျင် အတွက် အလွှာသစ်ဟာ စိုထိုင်းဆ နည်းသည့် အခြေအနေတွင် အင်ဂျင် သက်တမ်းကို ၂ ဆအထိ တိုးနိုင်ကြောင်း ဆိုပြန်ပါတယ်။
ဒါပေမယ့် တကယ့် အင်ဂျင်လည်ပတ်သည့် အပူချိန်ရောက်လာသည့်အခါ ထင်သလို အလုပ်မဖြစ်ဘဲ စက်တင်ဘာလ အစောပိုင်းမှာတော့ တရုတ်ဟာ အခြေအနေကို ပြန်လည်ပြင်ဆင်မယ်လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိအနေအထားကတော့ စမ်းသပ်မှုတွေအရ အင်ဂျင်ကို ဒီဇိုင်းပြန်လည်ပြုလုပ်ရာတွင် အင်ဂျင်အရွယ်အစား ပိုကြီးလာနိုင်ပြီး J-20 တွင် တပ်ဆင်မည်ဆိုပါက တိုက်လေယာဉ်၏ လောင်စာစနစ်ပိုင်း တခုလုံးကို ပြန်လည် တည်ဆောက်ရဖွယ် ရှိနေပါတယ်။
Reference: defenceviewin
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။