ဂျပန်နိုင်ငံ ကာကွယ်ရေး ပစ္စည်း ဝယ်ယူမှု၊ နည်းပညာနှင့် ထောက်ပံ့ ပို့ဆောင်ရေး အေဂျင်စီ ATLA ဟာ မြေပြင်နှင့် သင်္ဘော များကို တိုက်ခိုက်နိုင်သည့် ဟိုက်ပါဆိုးနစ် ဒုံးကျည်ကို ဖန်တီးနေပါတယ်။
ဒါဟာ ဒေသအတွင်း အရေအတွက် ပိုမို များပြားလာတဲ့ တရုတ်၏ လေယာဉ်တင် သင်္ဘောများကို တန်ပြန်နိုင်ဖို့ ဂျပန်နိုင်ငံရဲ့ ကြီးမားတဲ့ အရွေ့တခုလည်း ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို ၂၀၁၉ ခုနှစ်ကတည်းက စတင်နေတာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်လောက်မှာ ပြီးစီးနိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
ATLA ဟာ ဒုံးကျည်အတွက် လိုအပ်သည့် scramjet အင်ဂျင်ကို ရှေ့ပြေးပုံစံ ထုတ်လုပ်နိုင်ဖို့ Mitsubishi ကုမ္ပဏီနှင့် ဆောင် ရွက်လျှက် ရှိနေပါတယ်။
ဒုံးကျည်ဟာ Dual-Mode Scramjet engine (DMSJ) လို့ခေါ်တဲ့ ramjet အင်ဂျင်နှင့် scramjet အင်ဂျင် နှစ်မျိုးစပ် အင်ဂျင်ကို တပ်ဆင်ထားနိုင်ပါတယ်။

Image: Courtesy of Naval News
ထို့ကြောင့် ၎င်းဟာ အသံထက် ၅ ဆ သို့မဟုတ် ထို့ထက် မြန်တဲ့ အမြန်နှုန်း ရှိမှာ ဖြစ်ပြီး အင်ဂျင် ၂ မျိုးကြောင့် အမြန်နှုန်း အမျိုးမျိုးဖြင့် ပျံသန်းနိုင်သဖြင့် ၎င်းကို တားဆီးဖို့ ခက်ခဲစေမှာပါ။
Ramjet နှင့် Scramjet ကို ပေါင်းစပ်ခြင်း
Scramjet အင်ဂျင်ဟာ အသံထက် ၅ ဆ မှ ၁၅ ဆ အထိ ရောက်ရှိနိုင်တဲ့ ကျယ်ပြန့်တဲ့ အမြန်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။
အကြောင်းကတော့ အသံထက် ၅ ဆ အမြန်နှုန်းဖြင့် ပျံသန်း နေချိန်တွင် အင်ဂျင်ဟာ ဝင်ရောက်လာတဲ့ လေကို ဖိသိပ်ပြီး လောင်ကျွမ်းစေကာ အရှိန်မြှင့်တင်နိုင်လို့ ဖြစ်ပါတယ်။
ဒါဟာ Scramjet အင်ဂျင်အနေဖြင့် ထိုသို့ အရှိန်မြှင့်နိုင်ဖို့ ဒုံးကျည်ဟာ အသံထက် ၅ ဆ အမြန်နှုန်းကို ရောက်ရှိဖို့ လိုအပ်တယ်ဆိုတာကို ပြသနေပါတယ်။
ထိုကဲ့သို့ အသံထက် ၅ ဆ ကျော် အမြန်နှုန်းကို ရောက်ရှိရန်အတွက် ရော့ကတ်အင်ဂျင်ဖြင့် တွန်းပေးဖို့ လိုအပ်ပါတယ်။
သို့ပေမဲ့ ရော့ကတ်အင်ဂျင်များဟာ ဟိုက်ပါဆိုးနစ် အမြန်နှုန်းကို ရောက်ရှိဖို့ရာအတွက် အလွန်ကြီးမားပြီး ဒုံးကျည်ရဲ့ အ လျားကို အတော်လေး ရှည်လာစေနိုင်ပါတယ်။

Image: Courtesy of ATLA
၂၀၂၆ ခုနှစ်တွင် ထွက်ရှိလာမည့် Block 1 ဘယ် နှင့် ၂၀
ဒါ့ကြောင့် ATLA ဟာ ရော့ကတ်အင်ဂျင်ကို အစ အဆုံး အသုံးပြုမည့် အစား ဒုံးကျည်တွင် အသံထက် ၃ ဆ မှ ၅ ဆ အထိ တွန်းပေးနိုင်သည့် ramjet အင်ဂျင်ကို တပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ယခုလိုနည်းလမ်းကြောင့် ရော့ကတ်အင်ဂျင်ဟာ ဒုံးကျည်ကို အသံထက်မြန် Supersonic အမြန်နှုန်းကို တွန်းပေးပြီး ramjet မှ အသံထက် ၃-၅ ဆ နှင့် နောက်ဆုံး scramjet အင်ဂျင်မှ အသံနှင့် ၅-၁၅ အထိ ရောက်ရှိအောင် စွမ်းဆောင်ပေး နိုင်မှာ ဖြစ်ပါတယ်။
ဂျပန်၏ ကာကွယ်ရေး ကဏ္ဍကို တခေတ်ပြောင်းနိုင်
ATLA အဆိုအရ အဆိုပါ ဟိုက်ပါဆိုးနစ် ဒုံးကျည်ဟာ ပျံသန်းနေစဉ်အတွင်း မြင့်မားသည့် အမြင့်တွင် လိုသလို ဦးတည်ရာ ပြောင်းနိုင်သည့်အတွက် ရန်သူ့ ကာကွယ်ရေး စနစ်များက ကြားဖြတ်ဖို့ ခက်ခဲမယ်လို့ သိရပါတယ်။
အကြောင်းကတော့ ဒုံးကျည်များဟာ လေကြောင်းရန် ကာကွယ်ရေး အလွှာများကြား တခုနှင့် တခု ကူးပြောင်းကာ ရှုပ်ထွေးစေနိုင်တာကြောင့် ထိုစနစ်များမှ တုန့်ပြန်ဖို့ ခက်ခဲစေလို့ ဖြစ်ပါတယ်။
ဒုံးကျည်ကို ဂြိုဟ်တုနှင့် inertial navigation တို့၏ ပေါင်းစပ် လမ်းညွှန် စနစ်ကို အသုံးပြုမှာ ဖြစ်လို့ တိကျစွာ ထိန်းချုပ် အ လုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

F-35B
ဒါ့အပြင် ၎င်းတွင် ရေဒီယိုလှိုင်း နှင့် အလင်းလှိုင်း ပုံရိပ်ရှာဖွေ စနစ်များ တပ်ဆင်ထားတာကြောင့် ရာသီဥတု မရွေး ပစ်မှတ်များကို သိရှိ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။
အဆိုပါ ဒုံးကျည်များတွင် ရန်သူ့လေယာဉ်တင် သင်္ဘောများ၏ ကုန်းပတ်များကို ဖျက်ဆီးရန်နှင့် မြေပြင်ရှိ ရန်သူများကို ဖြိုခွင်းနိုင်ရန် EFP ထိပ်ဖူးများ ထည့်သွင်းဖွယ် ရှိနေပါတယ်။
လက်ရှိ အချိန်မှာ ထိုဟိုက်ပါဆိုးနစ် ဒုံးကျည်များဟာ မြေပြင်မှ ပစ်လွှတ်ရသည့် ဒုံးကျည် စနစ်များ ဖြစ်ပေမယ့် ဂျပန် ကာကွယ် ရေးစစ်တပ် JASDF ဟာ အမျိုးအစား ၃ မျိုးအထိ ထုပ်လုပ်ဖို့ စီစဉ်ထားပါတယ်။
အဲဒါတွေကတော့ F-35 တိုက်လေယာဉ်များနှင့် တွဲဖက်မည့် JSM၊ အဆင့်မြင့် F-15J/DJ များနှင့် တွဲဖက်မည့် တာဝေးသုံး LRASM နှင့် F-2 တိုက်လေယာဉ်များအတွက် ASM-3 တို့ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။