ဂျပန်နိုင်ငံရှိ အိမ်မွေး တိရိစ္ဆာန်လေးတွေဟာ ပူပြင်းတဲ့ အပူဒဏ်ကို ပြင်းထန်စွာ ခုခံနေရပါတယ်။
ဂျပန်နိုင်ငံဟာ အပူဒဏ် မြင့်တက် လာမှုကြောင့် အိမ်မွေး တိရစ္ဆာန် ပိုင်ရှင်များက ၎င်းတို့ရဲ့ အိမ်မွေး တိရစ္ဆာန်များကို အပူဒဏ်မှ ကာကွယ်ဖို့ အခြားနည်းလမ်းများကို ရှာဖွေဖို့ တွန်းအားပေးလာကြပါတယ်။
ကမ္ဘာတဝှမ်းရှိ အပူရှိန်မြင့်တက်လာမှုဟာ လူသားများသာမက တိရစ္ဆာန်များကိုလည်း ထိခိုက်စေပါတယ်။
ယခုအခါ တိုကျို အခြေစိုက် Sweet Mommy လို့ခေါ်တဲ့ ကုမ္ပဏီဟာ အိမ်မွေး တိရိစ္ဆာန်များအတွက် ပူပြင်းတဲ့ အပူဒဏ်ကို ခံနိုင်ရည်ရှိအောင် ကူညီပေးနိုင်တဲ့ ဆန်းသစ်သော အဝတ်အစားဆိုင်ရာ ဖြေရှင်းချက်တစ်ခုကို တီထွင်လိုက်ပါတယ်။
အဲဒါကတော့ တိရစ္ဆာန် ဆေးကုဆရာဝန်များအဖွဲ့နှင့် လက်တွဲပြီး ကုမ္ပဏီမှ အိမ်မွေး တိရစ္ဆာန်လေးတွေ အတွက် ပန်ကာ တွဲ ဖက်ပါဝင်တဲ့ အဝတ်အစားတွေကို တီထွင်လိုက်တာပါ။
၎င်းဟာ Mesh outfit တွင် တပ်ဆင်ထားသော အလေးချိန် ၈၀ ဂရမ်လေးသော ဝတ်ဆင်နိုင်တဲ့ ပန်ကာတစ်ခုပါပြီး ဘတ္ထရီဖြင့် လုပ်ဆောင်ပါတယ်။

Image: Courtesy of NDTV
အဆိုပါကိရိယာက အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ခန္ဓာကိုယ်တစ်ဝိုက် လေကိုမှုတ်ထုတ် ပေးပါတယ်။
ကုမ္ပဏီဟာ ဇူလိုင်လ၊ ပွဲဦးထွက် ကတည်းက အမှာစာ ၁၀၀ ကျော် လက်ခံ ရရှိထားပြီး ဖြစ်ပြီး တစ်ထည်ကို ဒေါ်လာ ၇၄ လောက်သာ ကျသင့်တယ်ဟု သိရပါတယ်။
ဒီဇိုင်းရဲ့ နောက်ကွယ်က တွန်းအားနဲ့ ပတ်သက်ပြီး ကုမ္ပဏီ ဥက္ကဌ Rei Uzawa က အမှာစကား ပြောကြားရာမှာ “ဒီနှစ် မိုးရာသီ မရှိသလောက် ဖြစ်တဲ့အတွက် ပူပြင်းတဲ့ နေ့ရက်တွေက စောစောစီးစီးရောက်လာပြီး မှန်ကန်တဲ့ ထုတ်ကုန်တစ်ခုကို စျေးကွက်အတွက် တီထွင်ခဲ့တာဖြစ်တယ် “ဟု ဆိုပါတယ်။
ဂျပန်နိုင်ငံရှိ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များက ၎င်းတို့ရဲ့ အိမ်မွေးတိရစ္ဆာန်များကို အေးမြစေဖို့ ရေခဲခြောက်အိတ်များကို အသုံး ပြုနေကြပြီ ဖြစ်ပါတယ်။
သို့သော်လည်း အိမ်မွေးတိရစ္ဆာန်များကို မကြာခဏ အပြင်လှည့်ပတ်ထိန်းကျောင်းပေးရတာကြောင့် အပြင်ထွက်ကျောင်းတဲ့အခါ အပူဒဏ်ခံနိုင်အောင် ပြုလုပ်ပေးဖို့ လိုအပ်လာပါတယ်။
Rei Uzawa နှင့် သူမရဲ့ကုမ္ပဏီမှ စက်ပစ္စည်း ergonomic ဒီဇိုင်းဟာ အိမ်မွေးတိရစ္ဆာန်များနှင့် ၎င်းတို့ရဲ့ ပိုင်ရှင်များ အတွက် စိတ်သက်သာရာ ရစေမည်ဟု မျှော်လင့်ရပါတယ်။

Image: Courtesy of Sweet Mommy, ONEKOSAMA
ဂျပန်မှာ ဒီလိုအဝတ်အစားတွေ ဘာကြောင့်လိုအပ်လာတာလဲ
ဂျပန်နိုင်ငံဟာ ဇွန်လတုန်းက ၎င်းတို့ရဲ့ အပူဆုံး နေ့ရက်တွေကို ကြုံတွေ့ခဲ့ရပြီး အပူချိန် ၃၅ ဒီဂရီ ဆဲလ်ဆီးယက် လောက် အ ထိ ပူပြင်းတဲ့ အချိန်ကာလကို ဖြတ်ကျော်ခဲ့ရပါတယ်။
ဒါဟာ ၁၈၇၅ ခုနှစ်နောက်ပိုင်း စံချိန်တင် အမြင့်ဆုံး အပူချိန်ဖြစ်ပါတယ်။
ဒါ့အပြင် ရာသီဥတုပူပြင်းမှု ဆက်လက်ဖြစ်ပွားပြီးနောက်ပိုင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က မြို့တော်တိုကျိုနှင့် အနီးတစ်ဝိုက်ဒေသတွေမှာ မိုးရာသီကုန်ဆုံးကြောင်း ကြေညာခဲ့ရပါသေးတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။