အီလက်ထရောနစ် အမှိုက်များမှ အိုလံပစ် ဆုတံဆိပ်များ ပြုလုပ်ခဲ့တဲ့ ဂျပန်နိုင်ငံ

Knowledge Tech

ဂျပန်နိုင်ငံဟာ အသုံးပြုပြီး မိုဘိုင်းဖုန်းပေါင်း ၅ သန်းလောက်ကို စုစည်းခဲ့ပြီး အိုလံပစ် ပွဲအတွက် အသုံးပြုကာ ဒီ e-waste လို့ခေါ်တဲ့ အီလက်ထရောနစ် အမှိုက်တွေ စုပုံလာနေတာကို ပြသခဲ့ပါတယ်။

ကမ္ဘာပေါ်တွင် အီလက်ထရောနစ် ပစ္စည်းများ ပေါများ လာသည်နှင့်အမျှ နှစ်စဉ် မိုဘိုင်းဖုန်း အပါအဝင် e-waste များဟာ ၅၃ တန် လောက်အထိ ရှိလာပါတယ်။

မကြာသေးမီက ဗြိတိန်ရှိ ကုမ္ပဏီတခုဟာ ” Mount Recyclmore” လို့ခေါ်တဲ့ G7 တွေ့ဆုံပွဲ တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ဦးခေါင်းတွေကို အီလက်ထရောနစ် အမှိုက်များဖြင့် ရုပ်ထုလုပ်ပြီး မြင်သာအောင် ပြသခဲ့ပါသေးတယ်။

အိုလံပစ် လက်ခံကျင်းပတဲ့ ဂျပန်နိုင်ငံဟာ ဒီ အမှိုက်သရိုက်တွေကို မီးမောင်းထိုးပြရုံတင်သာမကပါဘူး။ အဆန်းအပြား တခုလုပ်ပြလိုက်ပါတယ်။

အဲဒါကတော့ တန်နဲ့ ချီတဲ့ အီလက်ထရောနစ် အမှိုက်တွေကနေ အိုလံပစ်အတွက် ဆုတံဆိပ်တွေ ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။

“Tokyo 2020 Medal Project” လို့ခေါ်တဲ့ ဒီ ဆုတံဆိပ်တွေအတွက် စီမံကိန်းကို ၂၀၁၇ လောက်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

၂ နှစ်တာ ကာလအတွင်း ဂျပန်ဟာ မိုဘိုင်းဖုန်း အဟောင်းများအပါအဝင် အီလက်ထရောနစ် အမှိုက်ပေါင်းများစွာကို စုစည်းနိုင်ခဲ့ပါတယ်။

အားကစားသမားများ၊ တက္ကသိုလ်များမှ ကျောင်းသားများ၊ လူငယ်များဟာ ၎င်းတို့၏ အသုံးမပြုတော့တဲ့ အီလက်ထရောနစ် ပစ္စည်းများကို လှူဒါန်းခဲ့ကြပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီများလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး အီလက်ထရောနစ် အမှိုက်များကို စွန့်ပစ်ရာတွင် အဆင်ပြေလွယ်ကူစေရန် အမှိုက်လက်ခံသည့် စင်တာများ ဆောက်လုပ်ပေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ် မတ်လမှာတော့ စုဆောင်းမှုများကို ရပ်တန့်ခဲ့ပြီး စည်ပင်အဖွဲ့အစည်းများ၏ ၉၀ ရာခိုင်နှုန်းဖြစ်သည့် ၁၆၂၁ ဌာနမှ အီလက်ထရောနစ် အမှိုက်များကို ကျေးရွာများ၊ ရပ်ကွက်များ၊ မြို့နယ် နှင့် မြို့ကြီးများမှ တဆင့် လက်ခံရရှိခဲ့ပါတယ်။

တန်ချိန် ၇၈,၉၈၅ လောက်ရှိသည့် လက်ခံရရှိသည့် အမှိုက်များတွင် အသုံးပြုပြီး မိုဘိုင်းဖုန်းများမှာ ၆.၂၁ သန်း လောက် ပါဝင်ပါတယ်။

ရရှိလာတဲ့ အီလက်ထရောနစ်အမှိုက်များကို အစိုးရမှ ခွင့်ပြုထားတဲ့ ကုမ္ပဏီများမှ နိုင်ငံ အီလက်ထရောနစ် ပြန်လည်အသုံးချရေး ဥပဒေများနှင့်အညီ သတ္တုများကို ပြန်လည်စစ် ထုတ်ကြပါတယ်။

သတ္တုများကို စစ်ထုတ် အရည်ကြိုပြီးနောက်တွင် ရွှေ ပေါင် ၇၀ (၃၂ ကီလိုဂရမ်)၊ ငွေ ၇၇၁၆ ပေါင် (၃၅၀၀ ကီလိုဂရမ်) နှင့် ကြေး ၄၈၅၀ ပေါင် (၂၂၅၀ ကီလိုဂရမ်) ကို ရရှိခဲ့ပါတယ်။

အဆိုပါ ရရှိလာတဲ့ သတ္တုများကို အိုလံပစ်နှင့်မ သန်စွမ်း အားကစားပွဲများအတွက် ဆုတံဆိပ်ပေါင်း ၂၅၀၀ ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ သတ္တုများအပြင် ဂျပန်ဟာ အိုလံပစ်အခမ်းအနားတွင် အသုံးပြုသည့် စကားပြော စင်ငယ်များကိုလည်း ပလတ်စတစ် အမှိုက် တန်ပေါင်းများစွာကို recycle ပြန်လည်အသုံးပြုပြီး ထုတ်လုပ်ခဲ့ပါတယ်။

ဒီလို အမှိုက်သရိုက်များ ကမ္ဘာအနှံ့ တိုးပွားလာနေချိန်မှာ ဂျပန်နိုင်ငံရဲ့ ဒီလို ပညာပေး ဆန်းသစ် တီထွင်မှုဟာ ချီးကျူးစရာပဲ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *