Nikkei Asia မှကန ဦး အစီရင်ခံစာတွင် ကျိုတို တက္ကသိုလ် လူသားဆိုင်ရာ အာကာသဗေဒစင်တာ (HSC- Human Spaceology Center) ၌ ကွန်ပျူတာဖြင့် presentation များ တင်ဆက်မှုအရ ဂျပန်နိုင်ငံဟာ မားစ်ဂြိုဟ် (အင်္ဂါဂြိုဟ်) နှင့် ၎င်း၏အလွန် အခြားနေရာ များသို့ အ ခြေ ချရန်စီစဉ်နေပါတယ်။
ဒါဟာ သူတို့ရဲ့ အနာဂတ်မှာ မျှော်မှန်းထားတဲ့ စီးပွားရေး တစ်ခုဘဲ ဖြစ်ပါတယ်။ ဂျပန် အာကာသဗေဒဌာနဟာ ယခုအခါ ကမ္ဘာ့ဆွဲငင်အားတုကို သုတေသနပြုနေပြီ ဖြစ်ပါတယ်။
Computer-animation တွေ ကနေတဆင့် မားစ်ဂြိုလ်(အင်္ဂါဂြိုဟ်)ပေါ်မှာ ရှိတဲ့ အနီရောင် သဲကန္တာရ များမှ ထူးဆန်းသော ပုံသဏ္ဍာန် ရှိတဲ့ အခြားကမ္ဘာလောက မြင်ကွင်းတွေကို ပုံဖော်ပြသခဲ့တယ်။
လူသားဆိုင်ရာ အာကာသဗေဒစင်တာ (HSC) သည် မားစ်ဂြိုလ် (အင်္ဂါဂြိုဟ်)ကို လူသားများ မည်သို့ အခြေချ နေထိုင်နိုင်မည်ကို ဖြစ်နိုင်သော မျှော်မှန်းချက်တစ်ခု ဖြစ်ပြီး အာကာသ စူးစမ်းလေ့လာမှုကို စိတ်ဝင်စားမှု အားကောင်းလာစေရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။
လူသားဆိုင်ရာ အာကာသဗေဒစင်တာ (HSC) ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် စတင် တည်ထောင်ခဲ့ပြီး လူသားမျိုးနွယ်အတွက် လိုအပ်သော အဆင့်မြင့် နည်ပညာများအား ပိုမိုနက်ရှိုင်းသော အာကာသထဲ ပြန်သွားရုံသာမက ထိုနေရာတွင် နေထိုင်ရင် ဂျပန်၏ ပံ့ပိုး ကူညီမှုများကို အရှိန်မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ် ဇွန်လတွင် စတင်ခဲ့ပါတယ်။

မားစ်ဂြိုလ်(အင်္ဂါဂြိုဟ်)နဲ့ လ သည် ဆွဲငင်အားနည်းပီး ပင်လယ်ရေမျက်နှာပြင်ရဲ့ သုံးပုံတစ်ပုံ နှင့် ခြောက်ပုံတစ်ပုံ အသီးသီးရှိကြပါတယ်။
ပထမတော့ ဆွဲငင်အားနည်းတဲ့နေရာမှာ ရွှေ့လျားသွားလာရတာ အရမ်းလွတ်လပ်ပြီး ပျော်စရာ ကောင်းပါတယ်။
ဒါပေမယ့် ဆွဲငင်အားလျော့ပြီး အလုပ်လုပ်ခြင်းနှင့်နေထိုင်ခြင်းရဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိတာကို တွေ့ရပါတယ်။
ပြောရရင် ဆွဲငင်အားနည်းတာက ကြွက်သားနဲ့အရိုးထုကို ထိန်းသိမ်း တည်ဆောက်ဖို့ ခက်ခဲ စေပါတယ်။ ဒါကြောင့် လူသားဆိုင်ရာ အာကာ သဗေဒစင်တာ (HSC) သည် ဇီဝကမ္မဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် ကမ္ဘာလုံးဆိုင်ရာ ဆွဲငင်အားကို ကျော်လွန်၍ ဖြစ်နိုင်ချေရှိတဲ့ အဆို ပြုချက်များကို စူးစမ်း ရှာဖွေနေပါတယ်။
နည်းပညာများဟာ မားစ်ဂြိုလ်(အင်္ဂါဂြိုဟ်)၊ အာကာသ နှင့် ကမ္ဘာကြီးကို စူးစမ်းလေ့လာမှုအား မည်သို့ မြင့်တင်ပေးနိုင်သနည်း။
Nikkei Asia အစီရင်ခံစာ၌ HRC ၏ ဒါရိုက်တာ Yosuke Yamashiki က နယ်ပယ်အသီးသီးကို သူတို့၏ အာကာသထဲတွင် ဂျပန်၏ စက်မှုအားသာချက်များကို မြှင့်တင်ရန် အလားအလာအပေါ် အခြေခံ၍ မီးမောင်းထိုးပြခဲ့သည်။
စိတ်ဝင်စားစရာ အကောင်းဆုံးက မကြာမီက တင်ပြချက်သည် နိုင်ငံတကာ အကူအညီမပါဘဲ အာကာသမစ်ရှင်ကို မလုပ်ဆောင်ရသေးသည့် ဂျပန်အတွက် ကာလကြာရှည် မေးခွန်းတစ်ခုကို ဖြေရှင်းရန် ကူညီပေးခဲ့ပါတယ်။

Yamashiki ရဲ့အစီအရင်ခံစာမှာ လက်ရှိ ဘောင်အပြင်မှာရှိတဲ့ မိတ်ဘက် အသိုင်းအဝိုင်း ချဲ့ထွင်ချင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ပုဂ္ဂလိက အာကာသကို စိတ်ဝင်စားတဲ့ ကုမ္ပဏီများနဲ့ ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်နိုင်ချေ ရှိတာကို ပြသနေပါသည်။
ဂျပန် အာကာသယာဥ်မှူးများ ဖြစ်သောNaoko Yamazaki and Takao Doi တို့ အပါအဝင် အာကာသဗေဒစင်တာတွင် အဖွဲ့ဝင်များ ပါဝင်ပါတယ်။
ဂျပန်သည် လနှင့်အင်္ဂါဂြိုဟ်ကို အခြေချရန် နိုင်ငံတကာ၏ ကြိုးပမ်းမှုများတွင် အရေးပါသော အခန်းကဏ္ဍ မှပါ ၀ င်လာသည်နှင့် အမျှ လူသားများ ပြန်၍ နက်ရှိုင်းသော အာကာသသို့ ပြန်လည်ရောက်ရှိခြင်းသည် သိပ္ပံနည်းကျ လေ့လာမှုတွင် ကြံ့ခိုင်ရန် လူသားတို့၏
ကျန်းမာ ရေးစီမံခန့်ခွဲမှု လုံခြုံမှုရှိရန် နှင့် ကျွန်ုပ်တို့ ဂြိုလ်နှစ်လုံး မျိုးစိတ်တစ်ခု အဖြစ် ပြောင်းလဲရန် အကျိုးရှိသော နည်းလမ်းများ ရှာဖွေခြင်း၏ အဓိက ကျောရိုးတစ်ခုအဖြစ် မြင်တွေ့လာရပါတယ်။
KnKnowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။