Virgin Galactic မှ သူဌေးကြီး Richard Branson ၏ အာကာသပြိုင်ပွဲတွင် ထိုးနှက်မှုဟာ မလုံလောက်သေးတဲ့အပြင် အမေဇုန် ကုမ္ပဏီ၏ သူဌေးကြီး Jeff Bezos ဟာ နောက်ထပ် ဆုံးရှုံးမှု တခု ကြုံတွေနေရပါတယ်။
ဒုတိယ နေရာသို့
အဲဒါကတော့ ၎င်းဟာ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၁ နေရာကနေ ဖယ်ပေးလိုက်တာပါပဲ။ ၂၀၁၈ ခုနှစ်မှာတော့ ၎င်းဟာ Microsoft ကုမ္ပဏီ တည်ထောင်သူ Bill Gates ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာတာပါ။
Jeff Bezos ရဲ့ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၁ နေရာကိုတော့ LV လို့ သိကြတဲ့ ဇိမ်ခံပစ္စည်းတွေ ထုတ်လုပ်တဲ့ Louis Vuitton brand ပိုင်ရှင် Bernard Arnault ပဲ ဖြစ်ပါတယ်။
ကြာသာပတေးနေ့က Richard ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၁၉၆ ဘီလီယံ ရှိနေပြီလို့ သတင်းများ ထွက်လာခဲ့ပြီး အမေဇုန် ကုမ္ပဏီ တည်ထောင်သူ ရဲ့ ထိပ်ဆုံးနေရာကို ကျော်ဖြတ်သွားတာ ဖြစ်ပါတယ်။

ဩဂုတ်လ ၉ ရက်နေ့ Forbes မဂ္ဂဇင်း၏ Real-Time Billionaires list အရ Bernard Arnault ဟာ ၁၉၇.၅ ဘီလီယံ ဖြင့် နံပါတ် ၁၊ Jeff Bezos မှ ၁၉၃.၃ ဘီလီယံ ဖြင့် နံပါတ် ၂၊
Elon Musk မှ ၁၈၂.၁ ဘီလီယံဖြင့် နံပါတ် ၃၊ Bill Gates မှ ၁၃၂.၁ ဘီလီယံ ဖြင့် နံပါတ် ၄ နှင့် FB ပိုင်ရှင် ဇူ ဂါ ဘက် ကတော့ ၁၃၀.၈ ဘီလီယံဖြင့် နံပါတ် ၅ အသီးသီး ရပ်တည်နေပါတယ်။
အမေဇုန် ကုမ္ပဏီ၏ တိုးတက်မှု မရှိသည့် ကာလ
ကမ္ဘာ တဝှမ်း ကပ်ဆိုးရောဂါဖြင့် ကြုံတွေ့ရပေမယ့် ကာကွယ်ဆေးများ ရရှိလာသောကြောင့် လူအများဟာ ဈေးဝယ်ထွက်မှုများ ပြန်လည် လုပ်ဆောင်လာကြပါတယ်။
ဒါ့ကြောင့် Louis Vuitton ကုမ္ပဏီဟာ ၂၀၂၀ ပထမ ၃ လပတ်နှင့် ဒုတိယ ၃ လပတ်မှာ ရောင်းအားကျဆင်းနေတာကနေ ပြန်လည် ခုန်တက်လာခဲ့ပါတယ်။
၂၀၂၁ ပထမ နှစ်ဝက်မှာ ကုမ္ပဏီရဲ့ ကုန်အမှတ်တံဆိပ် များစွာဟာ စံချိန်တင် ရောင်အားမြင့်တက်ခဲ့တာကို သတင်းများအရ သိရှိခဲ့ရပါတယ်။
အမေဇုန် ကုမ္ပဏီမှာတော့ ၎င်းတို့၏ ရောင်းအား ၇.၆ ရာခိုင်နှုန်းခန့် ကျဆင်းသည်ဟု လွန်ခဲ့တဲ့ တပတ်က ကြေငြာခဲ့ပါတယ်။
ဒါ့ကြောင့် Jeff Bezos ဟာ တရက်ထဲနှင့် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံလောက် ဆုံး ရှုံးသွားခဲ့ပါတယ်။

အဲဒီ ၂ ချက် ကြောင့် အမေဇုန် ကုမ္ပဏီနှင့် အာကာသ ခရီးသွား ကုမ္ပဏီ Blue Origin တည်ထောင်သူ Jeff Bezos ဟာ ကမ္ဘာ့ အချမ်းသာဆုံးနေရမှ ဆင်းပေး လိုက်ရတာ ဖြစ်ပါတယ်။
Jeff Bezos ပထမနေရာ ပြန်ဖြစ်လာဦးမှာလား
Bezos အနေဖြင့် ဒီ ကိစ္စအတွက် စိတ်ပိုင်းဆိုင်ရာ စွမ်းအင် အလွန်အကျွံ သုံးစွဲလာမှာတော့ မဟုတ်လောက်ပါဘူး။
ဈေးကွက်၏ အတက်အကျ အပေါ်မူတည်ပြီး သူဟာ ထိပ်ဆုံး နေရာ ပြန်ရောက်ဖို့ အတွက် လုံလောက်တဲ့ အနေအထားမှာ ရှိပါတယ်။ အထူးသဖြင့် အမေဇုန် Amazon ကုမ္ပဏီကြီးဟာ ပိုမို သေးငယ်သွားစရာ အကြောင်း မရှိလို့ဘဲ ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိမှာ Bezos ဟာ SpaceX ၏ Elon Musk အာကာသ ယှဉ်ပြိုင်မှုကဲ့သို့ တခြား အရေးကြီး ကိစ္စများနဲ့ အလုပ်များနေတယ် ထင်ပါတယ်။
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။