အနှစ် ၁၀,၀၀၀ ကြာအောင် အလုပ်လုပ် နေမည့် နာရီ ကို မကြာမီ ယူဆောင် လာတော့မယ့် Jeff Bezos

Knowledge Tech

၂၀၁၈ ခုနှစ် နောက်ပိုင်းမှာ Amazon ရဲ့ Jeff Bezos က အနှစ် ၁၀,၀၀၀ နာရီကို အနောက် Texas ရှိ တောင်တစ်လုံး ထဲမှာ ဆောက်လုပ်နေတယ်ဆိုတာ လူတွေ သိပ်သတိ မထားမိကြပါဘူး။

အပြီးသတ်တွင် နာရီက ပေ ၅၀၀ (၁၅၂မီတာ) အမြင့် ရှိမှာ‌ဖြစ်ပြီး ကမ္ဘာမြေကြီးရဲ့ အပူစက်ဝန်း စွမ်းအင်ဖြင့် လည်ပတ်လိမ့်မှာဖြစ်ပါတယ်။

အခုလောလောဆယ်တွင် နာရီက ဆောက်လုပ်နေဆဲ ဖြစ်ပြီး ဒေါ်လာ ၄၂ သန်းလောက်အထိ အသုံးပြုပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အခု လူများစွာက ဒါကိုသတိမမူမိပုံ ၊ မေ့ပျောက်နေပုံပေါ်နေတာကြောင့် ကျွန်တော်တို့က နောက်ထပ်သတင်းတွေကို မျှဝေသွားမယ်လို့ စဉ်းစားထားခဲ့ပါတယ်။

The Clock of the Long လို့ ခေါ်တဲ့ ထိုနာရီဟာ တကယ်တော့ ၁၉၈၆ နောက်ပိုင်းမှာ ထိုကဲ့သိုသော စိတ်ကူးကို ပထမဆုံး ရခဲ့တဲ့ ကွန်ပျူ တာ သိပ္ပံ ပညာရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Danny Hillis ရဲ့ အကြံဉာဏ်ဖြစ်တယ်လို့ သိရပါတယ်။

ဒါဆို နာရီက ဘာလုပ်ဆောင်မှာလဲ။ တကယ်တော့ သိပ်မများပါဘူး။

နာရီတွင် အသုံးပြုမည့် အစိတ်အပိုင်းများ၏ ၂၀၁၈ ခုနှစ်က ရှေ့ပြေးပုံစံ Photo: Courtesy of Rolfe Horn / Long Now

နာရီကို တစ်နှစ်တစ်ခါမြည်ဖို့ (Tick လုပ်ဖို့) နဲ့ ထောင်စုနှစ်တိုင်းတွင် တစ်ကြိမ် နာရီ ခေါင်းလောင်းထိုးဖို့သာ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

ဤမျှလောက် သေးငယ်တဲ့ လုပ်ငန်းဆောင်တာအတွက် အလုပ်များတယ်လို့ ထင်ရသော်လည်း နာရီမှာ အရေးပါတဲ့ ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။

“အနှစ် ၁ သောင်း မြည်လာမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ တောင်ကြီးထဲမှာ နာရီတစ်လုံးကို ဘယ်သူက ဘာလို့ ဆောက်မှာလဲ” လို့ နာရီရဲ့ တ ရားဝင် ဝက်ဘ်ဆိုဒ်က မေးခွန်းထုတ်ထားပါတယ်။

အဖြေ တစိတ်တပိုင်းမှာ မျိုးဆက်တွေနဲ့ ထောင်စုနှစ်ရဲ့ သဘောထားတွေနဲ့ ဒါကိုလုပ်ဖို့ သူတို့ကိုယ်သူတို့ အစ ဖော်မိတာကြောင့် လူတွေက ဒီမေးခွန်းကို မေးကြလိမ့်မှာ ဖြစ်တယ်။

အကယ်၍ သင့်မှာ အနှစ် ၁၀,၀၀၀ မြည်နေမယ့် နာရီတစ်လုံးရှိပါက ဒါဟာ ဘယ်လိုမျိုး မျိုးဆက်အလိုက် မေးခွန်းတွေနဲ့ ပရောဂျက်မျိုးတွေကို အကြံပြုလိမ့်မလဲ။

Photo: Courtesy of Long Now/Zachary Crockett

နာရီတစ်လုံးဟာ ထောင်စုနှစ် ဆယ်ခု ကြာအောင် ဆက်သွားနေနိုင်လျှင် ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု ကိုလည်း ထိုနည်း လည်းကောင်းပင် သေချာ မပြုလုပ် သင့်ဘူးလား။

Bezos ကတော့ ၎င်း၏ mega-clock ကို အနာဂါတ်ဟာ တကယ့်ကို အများကြီး ဝေးကွာနေသေးမယ် ဆိုတာကို သတိပေးဖို့ လုပ်ဆောင် ထားတာ ဖြစ်တယ် ပြောကြားခဲ့ပါတယ်။

ဧရာမ နာရီအတွက် နာရီဆောက်လုပ်ပြီးဆုံးမှုရဲ့ ၁ နှစ်၊ ၁၀ နှစ်၊ နှစ် ၁၀၀၊ နှစ် ၁,၀၀၀ နဲ့ အနှစ် ၁၀,၀၀၀ နှစ်ပတ်လည်တွေ အတွက် အခန်းအရွယ်အစားရှိ နှစ်ပတ်လည်အခန်းငါးခန်း ထားရှိရန် စီစဥ်ထားပါတယ်။

တစ်နှစ်ပြည့် နှစ်ပတ်လည် အခန်းဟာ ဂြိုလ်တွေနဲ့ ကမ္ဘာ့လတို့ကို ပုံဆောင်ထားမှာဖြစ်ပြီး ကျန် နှစ်ပတ်လည် အခန်းတွေကို အနာဂတ် မျိုးဆက်တွေ ဖန်တီးဖို့ ချန်လှပ်ထားမှာ ဖြစ်ပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.