ဂျက်အင်ဂျင်မှ BBQ အကင်စက်သို့ ဖန်တီးခဲ့သည့် အင်ဂျင်နီယာများ

Knowledge Tech

မယုံနိုင်လောက်အောင် ထူးခြားပြီး ခေါင်းကုတ်ရလောက်အောင် ဖြစ်ရတဲ့ တီထွင်ဖန်တီးမှုတွေကို မကြာခဏ ဆိုသလို မြင်တွေ့ရလေ့ ရှိပါတယ်။

ဒီ တီထွင်မှု အသစ်ကတော့ ၂၀၁၆ ခုနှစ်က ဖန်တီးခဲ့တဲ့ ဂျက်လေယာဉ် အင်ဂျင်ကြီးကနေ ဘာဘီကျူး အကင်စက် အဖြစ် ဖန်တီးခဲ့တာ ပဲ ဖြစ်ပါတယ်။

Delta’s TechOps အဖွဲ့မှ တည်ဆောက်ခဲ့တဲ့ ထူးခြားတဲ့ အသားကင်စက်ကို ခရီးသည်တင်လေယာဉ်ကြီးဖြစ်တဲ့ Boeing 757 မှ Pratt & Whitney PW2000 ဂျက်အင်ဂျင်ကြီးအား အသုံးပြုပြီး ပြုလုပ်ခဲ့တာပါ။

လေယာဉ်ကြီးဟာ ၂၀၀၄ ခုနှစ်မှာ သက်တမ်းပြည့်လာတဲ့အတွက် ပျံသန်းမှုတွေ ရပ်ဆိုင်းကာ ၎င်း၏ အစိတ်အပိုင်းများကိုပါ အနားပေးခဲ့တာ ဖြစ်ပါတယ်။

သင့်အိမ်နီးချင်းဆီ ဘာဂါ သို့မဟုတ် ဟော့ဒေါ့ အတွက် အိမ်နောက်ဖေးသို့ ဝင်ရောက်လိုက်တာနဲ့ လေယာဉ်မှ ရရှိတဲ့ အင်ဂျင်နှင့် ဒီလို အကင်စက်မျိုးကိုတွေ့ရင် သင်လဲ အံ့အားသင့်မိ မယ်ဆိုတာကို မြင်ယောင်ကြည့်နိုင် ပါတယ်။

ယခင် အင်ဂျင်အဖြစ် အသုံးတော်ခံခဲ့တဲ့ ဒီစက်ကြီးဟာ ဧည့်သည် မြောက်များစွာကို ဧည့်ခံဖို့အတွက် ပြီးပြည်စုံတဲ့ အသားကင်စက်ကြီး တလုံး ဖြစ်နေပါပြီ။

ဒီလို လေယာဉ်မှ ရရှိသည့် ပစ္စည်းဖြင့် အကင်စက် တည်ဆောက်တာဟာ Delta မှ အင်ဂျင်နီယာများအတွက်တော့ အသစ်အဆန်း မဟုတ်ပါဘူး။

အဲဒီ့နှစ်မတိုင်ခင်ကပဲ နည်းပညာ လုပ်ဆောင်မှု အဖွဲ့မှ လေယာဉ်ကို အသုံးပြုပြီး အကင်ပွဲကျင်းပသည့် နေရာကို ဖန်တီးခဲ့ပါသေးတယ်။

အဆိုပါနေရာကို တောင်ပံ အကျယ် ပေ ၂၀ နှင့် ကိုယ်ထည်အခြေခံတဲ့ အကင်ခန်းအကျယ် ၃၈ ပေ နှင့် အမြီးပိုင်းတွေ ၁၅ ပေခန့်ရှိသည့် နေရာအတွက် လေယာဉ်တစီးကို အသုံးပြုခဲ့ပါတယ်။

အတောင်ပံနှင့် အမြီးကို သယ်ယူပို့ဆောင်ရေးအတွက် ဖယ်ထုတ်ခဲ့ပြီး ၎င်း အဆောက်အုံတွင် မီးသတ်စနစ် ပါဝင်ပါတယ်။

အဆိုပါ လေယာဉ် အကင်စက်မှ တနာရီလျှင် ဘာဂါပေါင်း ၅၀၀ လောက်ကို အသာအယာ ပြုလုပ်ပေးနိုင်ပါတယ်။

ဒီလို ဖန်တီးမှုတွေ ပြုလုပ်နေသည်မှာ အသားကင်များ ဖန်တီးဖို့တင်မကပါဘူး Delta ၏ နည်းပညာအဖွဲ့ရဲ့ ကျွမ်းကျင်မှုနှင့် ပင်ကိုစွမ်းရည်ကို ပြသတာလည်း ဖြစ်ပါတယ်။

Delta ဟာ ဒီ အကင်စက်တွေကို ကောလိပ်ကျောင်း ဘောလုံးပွဲများကဲ့သို့ နေရာများတွင် ပရိုမိုးရှင်း အနေဖြင့် အသုံးပြုလျှက်ရှိပြီး ဒီလို အကင်စက်မျိုးဟာ လူတိုင်းကို သဘောကျ နှစ်သက်စေမှာပဲ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published.