သင်ဟာ ဒီဇူလိုင်လက ပျော်စရာကောင်းတယ်လို့ ထင်ခဲ့မယ်ဆိုရင် ခေတ်သစ်သမိုင်းမှာ အပူဆုံးလကို ဖြတ်သန်းနေရတယ်ဆိုတာကို သင်သတိမထားမိတာ ဖြစ်ပါလိမ့်မယ်။
၂၀၂၁ ခုနှစ် ဇူလိုင်လဟာ အပူဆုံးလအဖြစ် အမျိုးသား ပင်လယ်သမုဒ္ဒရာနှင့်လေထုဆိုင်ရာစီမံခန့်ခွဲရေးဌာန (NOAA) မှ သောကြာနေ့ (သြဂုတ် ၁၃ ရက်) က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ပြီးခဲ့သည့် ဇူလိုင်လက ကုန်းမြေနှင့် သမုဒ္ဒရာ မျက်နှာပြင်ပေါင်း အပူချိန်ဟာ ၂၀ ရာစုနှစ်ကထက် ပျမ်းမျှထက် ၁.၆၇ ဒီဂရီဖာရင်ဟိုက် (၀.၉၃ ဒီဂရီစင်တီဂရိတ်) မြင့်မားခဲ့ပါတယ်။
ယခင်၂၀၁၆ ခုနှစ် ဇူလိုင်လ၊ ၂၀၁၉ ခုနှစ် ဇူလိုင်လနှင့် ၂၀၂၀ ခုနှစ် ဇူလိုင်လတို့ထက်လည်း ကျော်လွန်ခဲ့ပါတယ်။ ၂၀၂၁ ဇူလိုင်လဟာ အပူဆုံးလ ဖြစ်ခဲ့ရုံသာမက လွန်ခဲ့သော ၁၄၂ နှစ်က မှတ်တမ်းတင်ထားသည့် အမြင့်ဆုံးအပူချိန်ထက် ကျော်လွန်ခဲ့ပါတယ်။

မကြာသေးမီက တူရကီနိုင်ငံတွင် လောင်ကျွမ်းခဲ့သော တောမီးများဟာလည်း အမြင့်ဆုံးစံချိန်ကို တင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်းတွင်လည်း အပူဆုံး စံချိန်ချိုးခဲ့ပြီး မြောက်အိုင်ယာလန်မှာတော့ မကြုံစဖူး ထူးခြားသော အပူချိန်ကို ငါးရက်အတွင်း နှစ်ကြိမ် မှတ်တမ်းတင်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၁၁ ရက်) တွင် အီတလီနိုင်ငံ စစ္စလီ ကျွန်းရှိ ရာသီဥတုအခြေအနေဟာ ဥရောပ၌ စံချိန်တင် အပူချိန် ၁၁၉.၈၅ ဖာရင်ဟိုက် (၄၈.၈ စင်တီဂရိတ်) အထိရှိခဲ့ပါတယ်။
ဇူလိုင်လဟာ ပုံမှန်အားဖြင့် တစ်နှစ်တာ၏ အပူဆုံးလ ဖြစ်သော်လည်း လူသားတို့၏ လုပ်ဆောင်ချက်များက ရာသီဥတုပြောင်းလဲမှုကို တိတိကျကျ ဖြစ်ပါ်စေပြီ အမြဲတမ်း အမြင့်ဆုံးဖြစ်စေတယ်လို့ ကုလသမဂ္ဂ၏ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညှိနှိုင်းအဖွဲ့ (IPCC) မှတနင်္လာနေ့ (သြဂုတ် ၉) တွင်လည်း ပြောကြားခဲ့ပါတယ်။

လေထုအတွင်းရှိ ဖန်လုံအိမ်ဓါတ်ငွေ့ အဆင့်များသည်လည်း လက်ရှိတွင် လွန်ခဲ့သော နှစ် ၂ သန်းက ထက်ပိုမိုမြင့်မားလာပြီး မကြုံစဖူး ပူနွေးလာစေပါတယ်။ သေစေနိုင်သော အပူရှိန် ၊ ကမ္ဘာကြီးပူနွေးလာမှုတို့ ထက်ကျော်လွန်၍ စံချိန်တင်တောမီးများ၊ သမိုင်းဝင် ရေလွှမ်းမိုးမှုများ၊ မိုးခေါင်ရေရှားမှုများနှင့်အလွန်ပြင်းထန်သော ဟာရီကိန်းရာသီများ စတဲ့ အကျိုးအဆက်များလည်း ဖြစ်စေနိုင်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သိသိသာသာနှင့်မြန်မြန် ဆန်ဆန် လျှော့ချခြင်းဖြင့်သာ လူသားများဟာ ကမ္ဘာမြေကြီးပူနွေးလာခြင်းရဲ့ အနာဂတ်သက်ရောက်မှုများ နည်းပါးရန် မျှော်လင့်နိုင်မှာဖြစ်ပါတယ်။