ငြိမ်ငြိမ် သက်သက်လေး ထိုင်နေတာဟာ သူငယ်တန်းတက်နေတဲ့ ကလေးတွေအဖို့ ပိုကောင်းတဲ့ အပြုအမူ အလေ့အထ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ဒါ့ပေမယ့် ဒီ အလေ့အထဟာ သူတို့ကို လေ့လာမှု တခု လုပ်ဆောင်ခိုင်းဖို့ အတွက်တော့ အကောင်းဆုံး နည်းလမ်းတခုလို့ ဆိုလိုတာ မဟုတ်ပါဘူး။
ဒိန်းမတ်နိုင်ငံရှိ သုတေသီများဟာ ခန္ဓာကိုယ် တခုလုံး လှုပ်ရှားနေတာဟာ ကလေးတွေ အတွက် သင်္ချာ သင်ခန်းစာများမှာ သိသိသာသာ ရမှတ် တိုးစေတယ် လို့ ပြောပါတယ်။
ဒီလို တွေ့ရှိမှု အကြောင်းကို အဆိုပါ သုတေသီများဟာ Frontiers of Human Neuroscience ဆိုတဲ့ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ကျွန်တော်တို့ အားလုံးဟာ လှုပ်လှုပ် ရှားရှား ရှိခြင်းဟာ ကောင်းတဲ့အကြောင်း သိပြီးသားပါ။ လေ့လာမှုတွေအရ ဒီအလေ့အထဟာ အရွယ် ရောက်ပြီးနှင့် ကလေးများ၏ ဦးနှောက်အတွက်ပါ အကျိုးပြုစေတာကို သိလိုက်ရတာပါ။

ပြင်းထန်တဲ့ အားစိုက်မှုဟာ နှလုံးခုန်နှုန်းကို မြင့်တက်စေကာ နိုးကြားမှုကို တိုးတက်စေပြီး ကောင်းမွန်သည့် စဉ်းစားတွေးခေါ်မှုနှင့် ကောင်း မွန် သည့် အဆင့် များနှင့် ဆက်စပ်နေပါတယ်.
အခုတော့ ကျွန်တော်တို့ လေ့ကျင့်ခန်းလုပ်တာဟာ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးတာ သိပြီးဆိုတော့ သင်ယူမှုမှာရော ကူညီသလား ဆိုတာကို လေ့လာရအောင်ပါ။
ဒါကို တွေ့ရှိဖို့ Copenhagen တက္ကသိုလ်မှ ကျန်းမာရေး သိပ္ပံပညာရှင်များဟာ မူလတန်း ကျောင်းသားများအတွက် လှုပ်ရှားမှု ဗဟိုပြု ခြောက် ပတ်စာ သင်္ချာသင်ရိုးကို ဖန်တီးခဲ့ပါတယ်။
၇ နှစ်အရွယ် ကျောင်းသား/သူ ၁၆၅ ယောက်ကို စုစည်းခဲ့ပြီး အဖွဲ့ ၃ ဖွဲ့ ခွဲလိုက်ပါတယ်။ အချို့အတန်းများကို ခန္ဓာကိုယ်တခုလုံး လှုပ်ရှားမှုလိုအပ်တဲ့ သင်္ချာသင်ခန်းစာ တပတ်လျှင် ၃ ကြိမ်ပေးပါတယ်။
ကလေးများဟာ သင်္ချာတွက်နေစဉ် စာသင်ခန်းအတွင်း ခုန်ပေါက် ကျော်လွှား တွားသွား ကြပါတယ်။
ဒုတိယ အုပ်စုမှ ကလေးများ ကိုတော့ အထိုင်များသော်လည်း သင်္ချာများကို ဖြေရှင်းဖို့ LEGO အုတ်များကို အသုံးပြုစေပါတယ်။ တတိယ အုပ်စုမှ ကလေးများကတော့ ပုံမှန် သင်္ချာသင်ခန်းစာ သင်ကြားသည့်အတိုင်း သင်ကြားစေခဲ့ပါတယ်။
ထို့နောက် ကျောင်းသားများ အားလုံးအတွက် စာမေးပွဲ မတိုင်ခင် ၆ ပတ် သင်ကြားပြီး ၈ ပတ်မြောက်နေ့တွင် စာမေးပွဲ စစ်သည့် စံနှုန်းဖြင့် အထက်ပါ ပုံစံများအတိုင်း သင်ယူစေခဲ့ပါတယ်။
၆ ပတ်ကျော် ကာလ သင်ယူပြီးနောက် အုပ်စု သုံးခုစလုံး၏ ရမှတ်များဟာ တိုးတက်ခဲ့သော်လည်း သိသာ ထင်ရှားစွာ အနိုင်ရရှိခဲ့တဲ့ အုပ်စုရှိပါတယ်။

အဲဒါကတော့ ခုန်ပေါက် ကျော်လွှား တွားသွား ပြီး သင်ယူခဲ့တဲ့ အုပ်စုမှ ကလေးများဟာ အမှတ်တွေ သိသိသာသာကို တိုးတက်နေတာပါ။
အဆိုပါ ခုန်ပေါက် သင်ယူခဲ့ကြတဲ့ ကလေးများဟာ LEGO ဖြင့် သင်ကြားသည့် ကလေးများထက် အမှတ် ၂ ဆ လောက်ကို ပိုများနေရတာကို တွေ့ခဲ့ရပါတယ်။
ကံမကောင်းတာက ရမှတ် တိုးတက်မှုဟာ အကုန်လုံးတော့ မဟုတ်ပါဘူး။ နဂိုကတည်းက သင်္ချာသင်ယူဖို့ ရုန်းကန်နေရတဲ့ ကလေးများဟာ လေ့လာမှုနောက်ပိုင်းမှာလဲ တိုးတက်မှု မရှိခဲ့ပါဘူး။
သင်္ချာသင်ယူဖို့ ခက်ခဲ့ သည့် ကလေးများနှင့် ပတ်သက်သည့် ဖြေရှင်းမှုကို မတွေ့ရှိရပေမယ့် ပုံမှန် သင်္ချာသင်ယူနိုင်တဲ့ ကလေးများမှာတော့ ခုန်ပေါက် ကစားခြင်းဟာ တိုးတက်မှု ရှိတာ အသေအချာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် မိမိ ကလေးများ သင်ယူမှုတွင် တိုးတက်မှုရှိစေရန် ကစား ခုန်ပေါက်ခြင်းကို အတိုင်းအတာ တခုအထိ ခွင့်ပြုသင့်တယ်လို့ အကြံ ပြု အပ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။