လူသားများဟာ Type I အဆင့် တိုးတက်မှုဖြစ်ဖို့ အနည်းဆုံး နောက်ထပ် နှစ်ပေါင်း ၃၅၀ လိုအပ်သေးတဲ့အကြောင်း

Article Science

ဒါမှသာ နောက်ဆုံး နေရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်မှာပါ။

Kardashev Scale က စကြဝဠာကြီးများရဲ့ စွမ်းအင်ကို စုစည်းနိုင်တဲ့ စွမ်းရည်အပေါ် အခြေခံပြီး ဖွံ့ဖြိုးတိုးတက်မှုကို အကဲ ဖြတ်ပေးပါတယ်။

အတိုင်းအတာ မြင့်မားလေ၊ ဖွံ့ဖြိုးတိုးတက်လာမှုတွေဟာ ပတ်ဝန်းကျင်ရှိ ကြယ်တွေရဲ့ ပေါများတဲ့ စွမ်းအင်ကို အသုံးပြုနိုင်လေလေ ဖြစ်ပါတယ်။

စာတမ်းအသစ်မှာဆိုရင် Type I ဖွံ့ဖြိုးတိုးတက်မှုရဲ့ မြင့်မားတဲ့ အမျိုးအစားသို့ လူသားများရောက်ရှိလာမှုတွေကို ကြည့်ရှုနိုင်ပါတယ်။

ဒီလိုလုပ်ဖို့၊ နေကနေ ကမ္ဘာကိုရောက်တဲ့ စွမ်းအင်ကို အပြည့်အဝ အသုံးချဖို့ လိုပါတယ်။

Kardashev scale ဆိုတာဘာလဲ။

Kardashev scale ကို ဆိုဗီယက် နက္ခတ္တဗေဒ ပညာရှင် Nikolai Kardashev က ပတ်ဝန်းကျင် စကြာဝဠာမှ စုစည်းနိုင်တဲ့ စွမ်းအင်ပမာဏအပေါ် အခြေခံပြီး ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို တိုင်းတာဖို့ 1964 ခုနှစ်တုန်းက အဆိုပြုခဲ့တာပဲ ဖြစ်ပါတယ်။

Kardashev က ဖွံ့ဖြိုးတိုးတက်မှုတွေကို ဂြိုဟ်၊ ကြယ်စင်နှင့် ဂလက်ဆီဟူ၍ သုံးမျိုးခွဲခြားထားပါတယ်။

Type I ဟာ ဂြိုလ်တစ်ခုသို့ ရောက်ရှိလာတဲ့ စွမ်းအင်ဖြစ်ပြီး ကြယ်တစ်လုံးနှင့် တူညီပါတယ်။ Type II က ၎င်းတို့ရဲ့စွမ်းအင်ကို အပြည့်အဝအသုံးချနိုင်ပြီး Type III ကတော့ ဂလက်ဆီရဲ့ စွမ်းအင်ကို စုစည်းထားနိုင်ကြပါတယ်။

Type III ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ကမ္ဘာဂြိုလ်မှာ ရှိနေပြီဟု သိပ္ပံပညာရှင်အချို့က ယုံကြည်ကြပါတယ်။

Leiden University မှ သု​တေသီအဖွဲ့တစ်ဖွဲ့ဟာ ကြယ်တစ်လုံးရဲ့ စွမ်းအားကို စုစည်းထားသည့် ဧရာမ Dyson စက်လုံးများရဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု ဖြစ်နိုင်တယ်ဟု ယုံကြည်ရတဲ့ အနီအောက်ရောင်ခြည် အချက်ပြမှုများကို ရှာဖွေနေပြီပဲ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက လူသားတွေဟာ Type I အဖြစ် အမှန်တကယ် အရည်အချင်း မပြည့်မီသေးပါဘူး။ လူသားတွေအနေနဲ့ စိတ်ကူးယဉ် သက်သက်သာ ဖြစ်နေပါသေးတယ်။

တကယ်တော့ ခန့်မှန်းခြေအားဖြင့် နေရောင်ခြည်စွမ်းအင်ရဲ့ 1016 Watts သာ ကမ္ဘာမြေသို့ ပျမ်းမျှအားဖြင့် ရောက်ရှိကြပြီး လူသားတွေဟာ လက်ရှိ 1013 Watts ခန့်ကိုသာ စုစည်းနိုင်တဲ့အတွက်ကြောင့် ကျွန်ုပ်တို့အနေနဲ့ ဝေးကွာနေသေးတယ်ဟု ဆိုရပါတယ်။

လူသားမျိုးစိတ် အတိုင်းအတာ ဘယ်လောက်အထိ တိုးတက်ဖို့ လိုနေသေးလဲ

နာမည်ကျော်သိပ္ပံပညာရှင် Carl Sagan က Kardashev စကေးဟာ လူ့ဖွံ့ဖြိုးတိုးတက်မှုကိုလိုက်လျောညီထွေဖြစ်စေဖို့အတွက် ဖြစ််တယ်ဟု အကြံပြုခဲ့ပါတယ်။

Sagan ရဲ့ အယူအဆ အရ၊ လူသားတွေဟာ ထိုစကေးပေါ်တွင် လောလောဆယ် 0.73 ခန့်ရှိမည် ဖြစ်ရာ Type I ဖွံ့ဖြိုး တိုး တက်မှု နှင့် ဝေးကွာလှသည်ဟု မဆိုနိုင်ဘူးလို့ ဆိုပါတယ်။

သိပ္ပံပညာရှင်အဖွဲ့က ၎င်းတို့ရဲ့ စာတမ်းတွင် လူသားမျိုးနွယ်ရဲ့ အဓိက စွမ်းအင်အရင်းအမြစ် သုံးခုဖြစ်တဲ့ ရုပ်ကြွင်းလောင်စာများ၊ နျူကလီးယားနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ကို အကဲဖြတ်ခဲ့ကြတယ်ဟု ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုနှင့် ညစ်ညမ်းမှုကဲ့သို့သော အခြား ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများကို ကန့် သတ်ဖို့လိုအပ်ခြင်းနှင့် ညီမျှတဲ့စွမ်းအင်အရင်းအမြစ်အမျိုးအစားတစ်ခုစီရဲ့ ကန့်သတ်ချက်များကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အလားအလာကောင်းတဲ့ တိုးတက်မှု​​တွေကို ခန့်မှန်းတွက်ချက်ခဲ့ကြပါတယ်။

လက်တွေ့ဆန်တဲ့ ကန့်သတ်ချက်များကို ထည့်သွင်းစဉ်းစားခြင်းက လူသားမျိုးနွယ်အတွက် Type I တိုးတက်မှု ဖြစ်လာနိုင်တယ်ဟု သိပ္ပံပညာရှင်များက ဆိုပါတယ်။

အနာဂါတ် လူ့အဖွဲ့အစည်း သရုပ်ပြ

သို့သော်လည်း ၎င်းတို့ရဲ့ ခန့်မှန်းချက်များအရ၊ အနည်းဆုံး နှစ် 2371 အထိ ကျွန်ုပ်တို့သည် ထိုပန်းတိုင်သို့ မရောက်နိုင်သေး ပါဘူး။

ဒါဟာ လာမယ့် ဆယ်စုနှစ် အနည်းငယ် အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ဆန်းသစ် တီထွင်မှုတွေကို ထည့်တွက်လို့ မရတဲ့ အလွန်ကြမ်းတမ်းတဲ့ ခန့်မှန်းချက်တစ်ခုဖြစ်ပြီး ရာသီဥတုအကျပ်အတည်းကို ရှောင်ရှားဖို့နှင့် အပြင်ရှိ ကြီးမားတဲ့ စွမ်းအင်ပမာဏကို အပြည့်အဝ အသုံးချနိုင်ဖို့ လုပ်ဆောင်သင့်နေပြီပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.