မင်းသားကြီး Keanu Reeves ကို ဇာတ်ကားတွေမှ သာမကဘဲ သူ့ရဲ့ ကြင်နာတတ်တဲ့ အပြုအမူတွေ၊ အနစ်နာခံတတ်တဲ့ စိတ်တွေ ကြောင့် လူသိများကြပါတယ်။
ဟောလိဝုဒ်ရဲ့ လူကောင်းတယောက်လို့ လူသိများတဲ့ ကြင်နာတတ်တဲ့ ရုပ်ရှင်ကြယ်ပွင့်ဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် သူ့ရဲ့ ပိုက်ဆံတွေကို သူ့ဆီမှာ ထားရှိဖို့ ငြင်းဆန်ခဲ့ပါတယ်။
Keanu ၏ အသက် ၅၅ နှစ် ရှိပြီဖြစ်တဲ့ သူ့ညီမ Kim ဟာ ကင်ဆာရောဂါ ခံစားနေရတာ ၁၀ နှစ်လောက်ရှိပါပြီ။
သူ့ရဲ့ ညီမဟာ ၁၉၉၁ ခုနှစ်မှာ သွေးကင်ဆာ ရှိနေပြီ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး သူမရဲ့ ဘဝတိုက်ပွဲကို မင်းသားကြီးဟာ ဘယ်တော့မှ မမေ့လျော့ခဲ့ပါဘူး။

အသက် ၅၇ နှစ် အရွယ်ရှိ မင်းသားကြီးဟာ ၁၉၉၉ ခုနှစ်က ပထမဆုံး ရုပ်ရှင်အတွက် ဒေါ်လာ ၁၀ သန်း ကြိုတင်ရရှိခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၃၅ သန်းလောက် အထိ ရရှိခဲ့ပြီး ဖြစ်တယ်လို့ DailyMail က ဖော်ပြခဲ့ပါတယ်။
မင်းသားကြီးဟာ သူ့ရဲ့ ညီမကို အနီးကပ် စောင့်ရှောက်နိုင်ဖို့ရာ သူ့အိမ်ကို ရောင်းချခဲ့ပြီး ဒေါ်လာ ၅ သန်းလောက် ကုသရာမှာ အသုံးပြုခဲ့သည့် အပြင် Matrix ၏ နောက်ဆက်တွဲ ဇာတ်ကားများကိုပါ ရိုက်ကူးရန် နှောင့်နှေးခဲ့ပါတယ်။
၁၉၉၀ ခုနှစ်များ အစောပိုင်းမှာတော့ မင်းသားဟာ သူ့ရဲ့ သရုပ်ဆောင် လမ်းကြောင်း အောင်မြင်မှု အထွတ်အထိပ်ကို ရောက်နေချိန်မှာတောင် သူညီမ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေဖို့ အဓိက အနီးကပ် စောင့်ရှောက်သူ ဖြစ်လာခဲ့ပါတယ်။
Keanu မှ “သူမဟာ ကျွန်တော်အတွက် အမြဲရှိနေခဲ့တာ ခင်ဗျားသိလား။ ကျွန်တော်လဲ သူမအတွက် အမြဲရှိနေမှာပါ” လို့ ပြောခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ Keanu ၏ ညီမဖြစ်သူဟာ ရောဂါမှ ပြန်လည် ကောင်းမွန်လာခဲ့ပြီး ကင်ဆာ ဖောင်ဒေးရှင်းတခု တည်ထောင်ခဲ့ပေမယ့် Keanu ဟာ သူ့ရဲ့ နာမည်ကို မထည့်သွင်းခဲ့ပါဘူး။

၂၀၀၉ ခုနှစ်က Ladies Home ဂျာနယ်နှင့် အင်တာဗျူးတွင် “ကျွန်တော့်မှာ ၅ နှစ် သို့မဟုတ် ၆ နှစ်လောက်ရှိတဲ့ ကိုယ်ပိုင် ဖောင်ဒေးရှင်းတခု ရှိပြီး ကလေးဆေးရုံများနှင့် ကင်ဆာ သုတေသနတွေကို ကူညီပေးနေပါတယ်”
“ကျွန်တော်ရဲ့ နာမည်ကို တွဲပြီး ဖော်ပြတာမျိုး ကျွန်တော် သဘောမကျပါဘူး။ ကျွန်တော်ဟာ ဖောင်ဒေးရှင်းက လုပ်ရမယ့် ကိစ္စတွေကိုပဲ လုပ်စေချင်တာပါ။ ” လို့ ၎င်းက ပြောပါတယ်။
၂၀၀၁ ခုနှစ် Wall Street ဂျာနယ်မှ ဖော်ပြချက်အရ Keanu ဟာ ၎င်း၏ ဒုတိယနှင့် တတိယ Matrix ဇာတ်ကားမှ ရရှိမယ့် အကျိုးအမြတ် တော်တော်များများကိုလည်း Visual Effect နှင့် ဝတ်စုံ ဒီဇိုင်း အဖွဲ့များသို့ လွှဲပြောင်းပေးခဲ့ပါတယ်။
သတင်းထဲတွင် Keanu အနေဖြင့် အဆိုပါ အဖွဲ့တွေဟာလည်း ရုပ်ရှင် ဖန်တီးသူတွေထဲမှာ ပါဝင်လို့ အကျိုးအမြတ် ခံစားသင့်တယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ် ဇွန်လမှာတော့ Keanu ဟာ ကလေးကင်ဆာ ပရဟိတ အဖွဲ့ဖြစ်တဲ့ Camp Rainbow Gold အတွက် ၁၅ မိနစ်စာ Virtual Zoom မှ ပြောဆိုမှု ကို လေလံတင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ မှာတော့ John Wick 4 မှာ ၎င်းနှင့် အတူ ရိုက်ကူးခဲ့တဲ့ စတန့်သမား လေးယောက်ကို ဒေါ်လာ ၉,၁၅၀ တန်ဖိုးရှိ Rolex Submariner နာရီများကို လက်ဆောင် ပေးခဲ့ပါသေးတယ်။
NYP ၏ သတင်းများအရ မင်းသားကြီး Keanu Reeves ဟာ ၎င်းရိုက်ကူးခဲ့သည့် The Matrix ဇာတ်ကားမှ ရရှိသည့် ဝင်ငွေရဲ့ ၇၀ ရာခိုင် နှုန်း ကို သွေးကင်ဆာ သုတေသနအတွက် လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။