ပြိုင်ဆိုင်မှုတွေကြားမှာ ဘုရင်ဖြစ်နေဦးမယ့် F-22 Raptor

Knowledge Military

ပြိုင်ဆိုင်မှုတွေကြားမှာ F-22 Raptor သည် အနှစ် ၂၀ ကြာပြီးသည့်တိုင်အောင် ကမ္ဘာတွင် အကောင်းဆုံး ကိုယ်ပျောက်တိုက်လေယာဉ်အဖြစ်ဆက်ရှိနေဉီးမှာဖြစ်ပါတယ်။


F-22 ဟာ ရေဒါရှောင်ကွင်းနိုင်တဲ့နည်းပညာနှင့် အထင်ကြီးလောက်တဲ့ လှုပ်ရှားပျံသန်း နိုင်မှုတွေကြောင့် ကျော်ကြားပါတယ်။

တရုတ်နှင့်ရုရှားတို့၏လေတပ်များတိုးတက်လာမှုကြောင့် အမေရိကန်လေတပ်အနေဖြင့် F-22 များကို နောင် အနှစ် ၂၀ ကြာတဲ့အထိ ဝေဟင်မှဝေဟင် နှင့် ဝေဟင်မှမြေပြင် စစ်ရေးပြသနာများမှာ ပြိုင်ဘက်ကင်းစေရန် အဓိကအဆင့်မြှင့်မှုများ ပြုလုပ်သွားဖို့ဆောင်ရွက်နေပါတယ်။

F-22 လေယာဉ်ဟာ အလျား ၆၁ ပေ တစ်လက်မ၊ တောင်ပံအကျယ် ၄၄ ပေ ၆ လက်မ၊ အလေးချိန် ၄၃၃၄၀ ပေါင်၊ ဆီအလေးချိန် ၁၈၀၀၀ ပေါင် တင်ဆောင်ကာ ၁၆၀၀ နောတီကယ် မိုင်ထိ စစ်ဆင်နိုင်ပါတယ်။

ပျံသန်းနိုင်တဲ့ အမြင့်ဆုံး အမြန်နှုန်းကတော့ အသံထက် ၂.၂၅ ဆ (တစ်နာရီလျှင် မိုင် ၁၅၀၀)ဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့ တစ်စီးကို အမေရိကန်ဒေါ်လာ ၁၄၃ သန်းခန့်ဖြစ်ပါတယ်။


လက်နက်များအနေဖြင့် ဝေဟင်မှ ဝေဟင်အတွက် AIM-120 ၆ လုံး နှင့် AIM-9 ၂ လုံး၊ တမိနစ်လျှင် အတောင့် ၄၈၀ အထိ ပစ်နိုင်မယ့် 20 mm (0.787 in) M61A2 Vulcan rotary စက်အမြောက် နှင့်

မြေပြင် ပစ်မှတ်များအတွက် ပေါင် ၁ ထောင် JDAM ၂ လုံး သို့မဟုတ် ပေါင် ၂၅၀ GBU-39 ၈ လုံးတို့ တင်ဆောင် စစ်ဆင်နိုင်ပါတယ်။

ကွေးညွှတ်ထားတဲ့ လေယာဉ်ကိုယ်ထည်ဒီဇိုင်းက ရေဒါလှိုင်းများကိုလမ်းကြောင်းလွှဲစေနိုင်ခြင်း၊ တပ်ဆင်ထားသော အင်ဂျင်သည် လက်ရှိကမ္ဘာပေါ်ရှိ မည်သည့် တိုက်လေယာဉ်မျိုးနှင့်မဆို အင်ဂျင်အရွယ်အစားနှင့်နှိုင်းယှဉ်ပါက တွန်းအားပိုမိုကောင်းမွန်ခြင်းနှင့်

လေပေါ်တွင် စစ်ကစား လှုပ်ရှားနိုင်မှုကို ပိုမိုကောင်းစေတဲ့ horizontal tailfins များ ဟာ F-22 ကို နောင်နှစ် ၂၀ လောက် အထိ ပြိုင်ဘက်ကင်း နေစေမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ F-22 အတွက် ရေဒါ အသစ်၊ လက်နက်အသစ်နှင့် ဆိုင်ဘာ နည်းပညာအသစ်များကို ဒီဇိုင်းဆွဲ ဆောင်ရွက်နေပြီး အဆင့်မြှင့်တင်ထားတဲ့ ဒီလေယာဉ်ဟာ တိုးတက်လာတဲ့ ရုရှားနဲ့တရုတ်ရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနေဉီးမှာပါ။

အခုအချိန်မှာ ရုရှားနဲ့တရုတ်ရဲ့ အသစ်ထုတ်လုပ်ထားတဲ့ကိုယ်ပျောက်လေယာဉ်တွေရဲ့ စွမ်း ဆောင်ရည်တွေကို အပြည့်အဝ ရှိမရှိ မသိရှိရသေးတာကြောင့် F-22 ဟာ တိုက်လေယာဉ်တွေရဲ့ ဘုရင်ဖြစ်နေဆဲပါ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *